Sunday, January 28, 2018

ဖားကန့် ဆိပ်မူကျေးရွာတွင် သုံးနှစ် သမီး သားမယားပြုကျင့်ခံရ

Filled under: , ,

ဖားကန့် ဆိပ်မူကျေးရွာတွင် သုံးနှစ် သမီး သားမယားပြုကျင့်ခံရ


ဓါတ်ပုံ -ရဲစခန်း - သုံးနှစ်သမီးအား သားမယားအဖြစ် ပြုကျင့်ခဲ့သူ ဇင်မောင်ဦး
ဇန်နဝါရီ ၂၆

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘွမ်ရာကုန်း ကွက်သစ် ရပ်မှာ နေထိုင်တဲ့ ဒေါ်ခင်မြဝင်းရဲ့ သမီးဖြစ်သူ သုံးနှစ် သုံးလ အရွယ် မ ....ကို တအိမ်ထဲနေတဲ့ ရေမဆေးကျောက် ရှာဖွေသူ ဇင်မောင်ဦး (၂၂) နှစ် ၊(ဘ) ဦးအေးဌေး က ၂၆.၁.၂၀၁၈ နေ့ ညနေ ၅:၃၀ ချိန် နေအိမ်မှာ လူကြီးများ မရှိစဉ် သားမယား အဖြစ် ပြုကျင့်ခဲ့တယ်လို့ သိရပါတယ် ။

ဇင်မောင်ဦးဟာ မ...အားသားမယားအဖြစ် ပြုကျင့်တဲ့ အချိန်မှာ မူးယစ်သေစာများ သောက်စားထားတယ်လို့ မ...ရဲ့မိခင်ဖြစ်သူ ဒေါ်ခင်မြဝင်းက ရဲကို ပြောဆိုခဲ့တယ်လို့ သိရပါတယ် ။

မိခင်ဖြစ်သူအပြင်က ပြန်လာစဉ် မီးဖိုခန်းအတွင်း က သမီးငယ်မှ “ အမေ သမီး နာတယ် နာတယ် ” လို့ ငိုညည်းပြောဆိုသဖြင့် သမီးဘာဖြစ်တာလဲဟု မေးမြန်းကြည့်ရှုခဲ့ရာ မ...၏ ဘောင်းဘီမှာ ခြေကျင်းဝတ်အထိ ကျွတ်နေပြီး ၊မ...၏ မအင်္ဂါအတွင်းက သွေးများ ထွပ်ရှိနေသည်ကို တွေ့ခဲ့ရတယ်လို့ ဒေါ်ခင်မြဝင်းက ရဲကို ပြောတယ် ။ အဲဒီအချိန်မှာ မ...ကို ဇင်မောင်ဦးမှ သားမယားအဖြစ် ပြုကျင့်ခဲ့တယ်လို့ သိရပြီး သမီငယ်အား သားမယားအဖြစ်ပြုကျင့်ခဲ့သူ ဇင်မောင်ဦး ဟာလည်း မီဖိုခန်းအတွင်း ရှိနေသေးတယ်လို့ မ...ရဲ့ မိခင်ဖြစ် ဒေါ်ခင်မြဝင်းက ဆိုပါတယ် ။

သုံးနှစ်သမီးလေးအား သားမယားအဖြစ် ပြုကျင့်ခဲ့သူ ဇင်မောင်ဦးအား ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထာပြီး ဖြစ်တယ်လို့ ရဲက ဆိုပါတယ် ။ သားမယားအဖြစ်ပြုကျင့်ခဲ့သူကို မိခင်ဖြစ်သူ ဒေါ်ခင်မြဝင်းက တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး ဖားကန့်မြို့မ ရဲစခန်း ဒုရဲမှူး ဝင်းဇော်ဦးမှ နယ်ထိန်း အဖွဲ့များနှင့်အတူ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှု စစ်ဆေးနေပြီး ရဲလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ သိရပါတယ် ။

ဇန်နဝါရီလဆန်းပိုင်းကလည်း ဆိပ်မူကျေးရွာ ရပ်ကွက် (၁) မှာ ခြောက်နှစ်သမီးအရွယ် မိန်းကကလေးငယ်တစ်ဦးကို အသက်ခြောက်ဆယ်အရွယ်အမျိုးသားတစ်ဦးက သားမယားအဖြစ်ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ် ။ ဆိပ်မူကျေးရွာအတွင်းမှာပဲ ဇန်နဝါရီလ အတွင်း ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။

ဇော်မိုးထက် ( ဖားကန့် )
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm