Thursday, February 01, 2018

ျမစ္ဆံုစီမံကိန္းျပန္စဖို႔ တရုတ္လိုလား

Filled under:

ျမစ္ဆံုစီမံကိန္းျပန္စဖို႔ တရုတ္လိုလား 



ျမစ္ဆံုစီမံကိန္းဟာ ျမန္မာျပည္သူေတြအတြက္ အက်ိဳးရွိေစမွာျဖစ္တဲ့အတြက္ ျပန္လည္စတင္ဖို႔ တရုတ္ ကုမၸဏီ ဘက္က ေတာင္းဆိုလိုက္ပါတယ္။
လက္ရွိ ျမန္မာ့ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္ေနတဲ့ ကာလမွာ တရုတ္ ႏိုင္ငံအေနနဲ႔ အခုလို ေတာင္းဆိုမႈမ်ိဳးဟာ မသင့္ေလ်ာ္ဘူးလို႔ ျမန္မာ့အေရး ေလ့လာသူေတြက ေဝဖန္ ပါတယ္။
လက္ရွိ NLD အစိုးရက ဖြဲ႕စည္းေပးထားတဲ့ ျမစ္ဆံုစီမံကိန္း ေလ့လာစိစစ္ေရး ေကာ္မရွင္ကေတာ့ စီမံကိန္းနဲ႔ ပတ္သက္လို႔ ေလ့လာမႈေတြလုပ္ၿပီး အစိုးရကို တင္ျပထားၿပီးျဖစ္ေပမယ့္ အခု ခ်ိန္အထိ အစိုးရဘက္က အေၾကာင္းျပန္လာတာ မရွိေသးဘူးလို႔ ေျပာပါတယ္။
သတင္းအျပည့္အစံုကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ မျမင့္ျမင့္ခိုင္က တင္ျပေပးပါမယ္။
ကာလၾကာရွည္ရပ္ဆိုင္းထားတဲ့ ျမစ္ဆံု ေရအားလွ်ပ္စစ္စီမံကိန္းကို ျပည္သူလူထု လက္ခံႏိုင္မယ့္ စီမံ ကိန္း တခုအေနနဲ႔ ျပန္လည္ စတင္လိုတယ္လို႔ တရုတ္ကုမၸဏီ ဘက္က ဇန္နဝါရီ ၃၀ရက္ေန႔ ရန္ကုန္မွာ ျပဳလုပ္ခဲ့တဲ့ တရုတ္-ျမန္မာ ရင္းႏွီးျမွပ္ႏွံမႈ ျမွင့္တင္ေရး ေဆြးေႏြးပြဲမွာ ေျပာဆိုခဲ့တာပါ။
ကခ်င္ျပည္နယ္အပါအဝင္ လက္ရွိ ျမန္မာ့ ႏိုင္ငံေရး အေျခအေန မတည္မၿငိမ္ျဖစ္ေနတဲ့ ကာလမွာ ျမစ္ ဆံု စီမံကိန္း ျပန္လည္စတင္ဖို႔ တရုတ္ဘက္ကေျပာတာဟာ လံုးဝ မသင့္ေလ်ာ္ဘူးလို႔ ႏိုင္ငံေရးေလ့လာ သံုးသပ္သူ ဦးသန္းစိုးႏိုင္က ေျပာပါတယ္။
“အဲ့ဒီကိစၥကေတာ့ ဗူးေလးရာ ဗရံုဆင့္တဲ့ သေဘာလို႔ ယူဆရပါတယ္။ ကၽြန္ေတာ္တို႔ တိုင္းျပည္မွာေတာ့ သိတဲ့ အတိုင္းပဲေလ။ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြ၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေရွ႕မသြားႏိုင္တာေတြ၊ စီးပြား ေရးအရ ေၾကာင့္ၾကေနရတဲ့ ကိစၥေတြ အေနအထားေတြ အမ်ိဳးမ်ိဳးေအာက္မွာ တရုတ္ျပည္က ျပႆနာ တခုတင္ျပလာတဲ့အခါက်ေတာ့ ေျမြပူရာကင္းေမာက္ဆိုတဲ့ ကိစၥမ်ိဳးလို႔ ကၽြန္ေတာ္တို႔ဘက္က ခံစားရပါ တယ္”
ဒါေပမယ့္ တဖက္မွာလည္း ျမန္မာအစိုးရအေနနဲ႔ ျမစ္ဆံုစီမံကိန္းနဲ႔ ပတ္သက္လို႔ တရုတ္ကို ျပတ္ သားတဲ့ အေျဖတခုေပးသင့္ၿပီလို႔ ဦးသန္းစိုးႏိုင္က အခုလို ေျပာပါတယ္။
“ အခုလို မျပတ္မသားျဖစ္ေနတဲ့အတြက္ ဒီဟာကို တာဝန္ယူရတဲ့ တရုတ္ျပည္၊ တရုတ္ကုမၸဏီအေနနဲ႔ နစ္နာမႈေလးရွိတာေပါ့။ အဲ့ေတာ့ ကၽြန္ေတာ္တို႔ ေလ်ာ္ႏိုင္ရင္ ေလ်ာ္မယ္၊ မေလ်ာ္ႏိုင္ရင္ ဘယ္လို ေျဖရွင္းမယ္ဆိုတာ ေတာ့ ဒီေန႔ဒီခ်ိန္ခါမွာ ေျပာသင့္ၿပီလို႔ ထင္ပါတယ္။”
ျမစ္ဆံုစီမံကိန္း ျပန္လည္ စတင္လိုေၾကာင္း တရုတ္ဘက္က ေျပာတာဟာ ပထမဆံုးႀကိမ္ မဟုတ္ဘဲ ျမန္မာအစိုးရကို ျမစ္ဆံုစီမံကိန္းကိစၥ ဆက္လက္ေဆြးေႏြးဖို႔ ပံုမွန္ သတိေပးေနက်လည္း ျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD အစိုးရတက္လာၿပီး သိပ္မၾကာခင္မွာ ျမစ္ဆံု ျမစ္ညာ ျမစ္ဝွမ္း ေရအားလွ်ပ္စစ္ စီမံကိန္း ေလ့လာ စိစစ္သံုးသပ္ေရး ေကာ္မရွင္ကို ဖြဲ႕စည္းေပးၿပီး ေကာ္မရွင္ရဲ႕ပထမဆံုးအႀကိမ္ အစီရင္ခံစာကို ၂၀၁၆ႏိုဝင္ဘာမွာ ႏိုင္ငံေတာ္သမၼတထံ တင္ျပခဲ့တာပါ။
ေကာ္မရွင္ရဲ႕ အၿပီးသတ္ ခံစာကိုေတာ့ ဘယ္ေတာ့ ထုတ္ျပန္မလဲဆိုတာ မသိရေသးပါဘူး။
ျမစ္ဆံုစီမံကိန္း ေလ့လာစိစစ္ေရး ေကာ္မရွင္မွာ ပါဝင္တဲ့ ပညာရွင္ေတြအေနနဲ႔ ေလ့လာစိစစ္မႈအပိုင္း အားလံုးၿပီးလို႔ အစိုးရထံ တင္ျပၿပီးေပမယ့္ အစိုးရဘက္က အေၾကာင္းျပန္လာတာ မရွိေသးဘူးလို႔ ျမစ္ဆံု စီမံကိန္း ေလ့လာစိစစ္သံုးသပ္ေရး ေကာ္မရွင္အဖြဲ႕ဝင္ ဦးေမာင္ေမာင္ေအးက အခုလို ေျပာပါ တယ္။
“ ကၽြန္ေတာ္တို႔ ဒီဖက္က ပညာရွင္ေတြပိုင္းကေတာ့ စူးစမ္းေလ့လာမႈေတြ လုပ္ၿပီးၿပီ၊ တင္ျပစရာ ရွိတာ ေတြ တင္ျပၿပီးၿပီ၊ ကိုယ္တတ္ႏိုင္သေလာက္ သိသေလာက္ ဥာဏ္မီသေလာက္ အႀကံေကာင္း ဥာဏ္ေကာင္းေတြ ေပးၿပီးၿပီ၊ တင္ျပၿပီးၿပီ။ လူႀကီးေတြက စဥ္းစားေနၾကတယ္ ထင္ပါတယ္။ အဲ့အဆင့္မွာပဲ လုပ္ငန္းက ခဏေလး နားေနတဲ့ သေဘာျဖစ္သြားတာေပါ့။”
ကခ်င္ျပည္နယ္အေျခအေန မတည္မၿငိမ္ ျဖစ္ေနတဲ့အခ်ိန္မွာ ကိုယ့္အက်ိဳးစီးပြားကို ေရွ႕ရႈၿပီး ျမစ္ဆံု စီမံ ကိန္း ျပန္စဖို႔ ေျပာလာတဲ့ တရုတ္ႏုိင္ငံဘက္ကိုေရာ၊ ျမစ္ဆံု စီမံကိန္းနဲ႔ ပတ္သက္လို႔ ႏႈတ္ဆိတ္ေနတဲ့ ျမန္မာအစိုးရကိုပါ စိတ္ပ်က္မိတယ္လို႔ ကခ်င္လူမႈဖြံ႕ၿဖိဳးေရး ကြန္ယက္ (KDNG) အဖြဲ႕က ကိုဆားဂ်ီးက ေျပာပါတယ္။
“ ဒီေလာက္ထိ ဆိုးဆိုးရြားရြား ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္တဲ့အခ်ိန္မွာ ကိုယ့္အက်ိဳးစီးပြားအတြက္ပဲ ကိုယ့္အမ်ိဳးသား စီးပြားအတြက္ တရုတ္အတြက္ပဲ ထည့္စဥ္းစားတာဟာ အိမ္နီးခ်င္းေကာင္း ပီသတဲ့ အပိုင္းေတာ့ မဟုတ္ဘူး။ ေတာ္ေတာ့္ကို အေျခအေနက လြန္တာထက္ ကၽြံတဲ့သေဘာမွာရွိတယ္၊ ဒီကိစၥေတြက။ ဘာပဲျဖစ္ျဖစ္ ဒါက သူမ်ားႏိုင္ငံျဖစ္တဲ့အခါက် ကၽြန္ေတာ္တို႔လည္း အျပစ္တင္ရံႈ႕ခ်လို႔လည္း အခက္အခဲ ေတြ႕ရတယ္။ ကၽြန္ေတာ္တို႔ ပိုၿပီးမွ ပိုဆိုးတာက ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံအစုိးရက ႏႈတ္ဆိတ္ေနေတာ့ ေတာ္ေတာ္ကို အေျခအေန ဆိုးလွတယ္။”
အေမရိကန္ ေဒၚလာ ၃.၆ ဘီလ်ံ တန္ဖိုးရွိတဲ့ ျမစ္ဆံုစီမံကိန္းကို ၿပီးခဲ့တဲ့ ဦးသိန္းစိန္ အစိုးရလက္ထက္က ယာယီ ရပ္ဆိုင္းခဲ့ၿပီးတဲ့ေနာက္ တရုတ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးကို အဖုအထစ္ ျဖစ္ေစခဲ့တာပါ။
တရုတ္ ႏိုင္ငံျခား ေရးဌာန ဘက္ကေတာ့ ျမစ္ဆံုေရအား လွ်ပ္စစ္စီမံကိန္းဟာ ႏွစ္ဘက္ သေဘာတူထားတဲ့ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ ျဖစ္ၿပီး ျပည့္ျပည့္စံုစံု အတည္ျပဳၿပီးသား လုပ္ငန္းစဥ္ ျဖစ္တာေၾကာင့္ အခက္အခဲေတြကို ေက်ာ္လႊားၿပီး ဆက္လက္ ပူးေပါင္း ေဆာင္ရြက္သြားမယ္လို႔လည္း ေျပာဆိုခဲ့ဖူးပါတယ္။
VOA
(Unicode)

မြစ်ဆုံစီမံကိန်းပြန်စဖို့ တရုတ်လိုလား

မြစ်ဆုံစီမံကိန်းဟာ မြန်မာပြည်သူတွေအတွက် အကျိုးရှိစေမှာဖြစ်တဲ့အတွက် ပြန်လည်စတင်ဖို့ တရုတ် ကုမ္ပဏီ ဘက်က တောင်းဆိုလိုက်ပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ တရုတ် နိုင်ငံအနေနဲ့ အခုလို တောင်းဆိုမှုမျိုးဟာ မသင့်လျော်ဘူးလို့ မြန်မာ့အရေး လေ့လာသူတွေက ဝေဖန် ပါတယ်။
လက်ရှိ NLD အစိုးရက ဖွဲ့စည်းပေးထားတဲ့ မြစ်ဆုံစီမံကိန်း လေ့လာစိစစ်ရေး ကော်မရှင်ကတော့ စီမံကိန်းနဲ့ ပတ်သက်လို့ လေ့လာမှုတွေလုပ်ပြီး အစိုးရကို တင်ပြထားပြီးဖြစ်ပေမယ့် အခု ချိန်အထိ အစိုးရဘက်က အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ပြောပါတယ်။
သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။
ကာလကြာရှည်ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်သူလူထု လက်ခံနိုင်မယ့် စီမံ ကိန်း တခုအနေနဲ့ ပြန်လည် စတင်လိုတယ်လို့ တရုတ်ကုမ္ပဏီ ဘက်က ဇန်နဝါရီ ၃၀ရက်နေ့ ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ တရုတ်-မြန်မာ ရင်းနှီးမြှပ်နှံမှု မြှင့်တင်ရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။
ကချင်ပြည်နယ်အပါအဝင် လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေ မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ မြစ် ဆုံ စီမံကိန်း ပြန်လည်စတင်ဖို့ တရုတ်ဘက်ကပြောတာဟာ လုံးဝ မသင့်လျော်ဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“အဲ့ဒီကိစ္စကတော့ ဗူးလေးရာ ဗရုံဆင့်တဲ့ သဘောလို့ ယူဆရပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာတော့ သိတဲ့ အတိုင်းပဲလေ။ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့မသွားနိုင်တာတွေ၊ စီးပွား ရေးအရ ကြောင့်ကြနေရတဲ့ ကိစ္စတွေ အနေအထားတွေ အမျိုးမျိုးအောက်မှာ တရုတ်ပြည်က ပြဿနာ တခုတင်ပြလာတဲ့အခါကျတော့ မြွေပူရာကင်းမောက်ဆိုတဲ့ ကိစ္စမျိုးလို့ ကျွန်တော်တို့ဘက်က ခံစားရပါ တယ်”
ဒါပေမယ့် တဖက်မှာလည်း မြန်မာအစိုးရအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်ကို ပြတ် သားတဲ့ အဖြေတခုပေးသင့်ပြီလို့ ဦးသန်းစိုးနိုင်က အခုလို ပြောပါတယ်။
“ အခုလို မပြတ်မသားဖြစ်နေတဲ့အတွက် ဒီဟာကို တာဝန်ယူရတဲ့ တရုတ်ပြည်၊ တရုတ်ကုမ္ပဏီအနေနဲ့ နစ်နာမှုလေးရှိတာပေါ့။ အဲ့တော့ ကျွန်တော်တို့ လျော်နိုင်ရင် လျော်မယ်၊ မလျော်နိုင်ရင် ဘယ်လို ဖြေရှင်းမယ်ဆိုတာ တော့ ဒီနေ့ဒီချိန်ခါမှာ ပြောသင့်ပြီလို့ ထင်ပါတယ်။”
မြစ်ဆုံစီမံကိန်း ပြန်လည် စတင်လိုကြောင်း တရုတ်ဘက်က ပြောတာဟာ ပထမဆုံးကြိမ် မဟုတ်ဘဲ မြန်မာအစိုးရကို မြစ်ဆုံစီမံကိန်းကိစ္စ ဆက်လက်ဆွေးနွေးဖို့ ပုံမှန် သတိပေးနေကျလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတက်လာပြီး သိပ်မကြာခင်မှာ မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း လေ့လာ စိစစ်သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းပေးပြီး ကော်မရှင်ရဲ့ပထမဆုံးအကြိမ် အစီရင်ခံစာကို ၂၀၁၆နိုဝင်ဘာမှာ နိုင်ငံတော်သမ္မတထံ တင်ပြခဲ့တာပါ။
ကော်မရှင်ရဲ့ အပြီးသတ် ခံစာကိုတော့ ဘယ်တော့ ထုတ်ပြန်မလဲဆိုတာ မသိရသေးပါဘူး။
မြစ်ဆုံစီမံကိန်း လေ့လာစိစစ်ရေး ကော်မရှင်မှာ ပါဝင်တဲ့ ပညာရှင်တွေအနေနဲ့ လေ့လာစိစစ်မှုအပိုင်း အားလုံးပြီးလို့ အစိုးရထံ တင်ပြပြီးပေမယ့် အစိုးရဘက်က အကြောင်းပြန်လာတာ မရှိသေးဘူးလို့ မြစ်ဆုံ စီမံကိန်း လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်အေးက အခုလို ပြောပါ တယ်။
“ ကျွန်တော်တို့ ဒီဖက်က ပညာရှင်တွေပိုင်းကတော့ စူးစမ်းလေ့လာမှုတွေ လုပ်ပြီးပြီ၊ တင်ပြစရာ ရှိတာ တွေ တင်ပြပြီးပြီ၊ ကိုယ်တတ်နိုင်သလောက် သိသလောက် ဉာဏ်မီသလောက် အကြံကောင်း ဉာဏ်ကောင်းတွေ ပေးပြီးပြီ၊ တင်ပြပြီးပြီ။ လူကြီးတွေက စဉ်းစားနေကြတယ် ထင်ပါတယ်။ အဲ့အဆင့်မှာပဲ လုပ်ငန်းက ခဏလေး နားနေတဲ့ သဘောဖြစ်သွားတာပေါ့။”
ကချင်ပြည်နယ်အခြေအနေ မတည်မငြိမ် ဖြစ်နေတဲ့အချိန်မှာ ကိုယ့်အကျိုးစီးပွားကို ရှေ့ရှုပြီး မြစ်ဆုံ စီမံ ကိန်း ပြန်စဖို့ ပြောလာတဲ့ တရုတ်နိုင်ငံဘက်ကိုရော၊ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေတဲ့ မြန်မာအစိုးရကိုပါ စိတ်ပျက်မိတယ်လို့ ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် (KDNG) အဖွဲ့က ကိုဆားဂျီးက ပြောပါတယ်။
“ ဒီလောက်ထိ ဆိုးဆိုးရွားရွား နိုင်ငံရေး မတည်မငြိမ်ဖြစ်တဲ့အချိန်မှာ ကိုယ့်အကျိုးစီးပွားအတွက်ပဲ ကိုယ့်အမျိုးသား စီးပွားအတွက် တရုတ်အတွက်ပဲ ထည့်စဉ်းစားတာဟာ အိမ်နီးချင်းကောင်း ပီသတဲ့ အပိုင်းတော့ မဟုတ်ဘူး။ တော်တော့်ကို အခြေအနေက လွန်တာထက် ကျွံတဲ့သဘောမှာရှိတယ်၊ ဒီကိစ္စတွေက။ ဘာပဲဖြစ်ဖြစ် ဒါက သူများနိုင်ငံဖြစ်တဲ့အခါကျ ကျွန်တော်တို့လည်း အပြစ်တင်ရှုံ့ချလို့လည်း အခက်အခဲ တွေ့ရတယ်။ ကျွန်တော်တို့ ပိုပြီးမှ ပိုဆိုးတာက ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရက နှုတ်ဆိတ်နေတော့ တော်တော်ကို အခြေအနေ ဆိုးလှတယ်။”
အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က ယာယီ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အဖုအထစ် ဖြစ်စေခဲ့တာပါ။
တရုတ် နိုင်ငံခြား ရေးဌာန ဘက်ကတော့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းဟာ နှစ်ဘက် သဘောတူထားတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး ပြည့်ပြည့်စုံစုံ အတည်ပြုပြီးသား လုပ်ငန်းစဉ် ဖြစ်တာကြောင့် အခက်အခဲတွေကို ကျော်လွှားပြီး ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုခဲ့ဖူးပါတယ်။

VOA