Saturday, February 03, 2018

  • Saturday, February 03, 2018
  • ခ်စ္ေသာေမာင္
  • ,

ဗဟန္းၿမိဳ႕နယ္၊ ေရႊေတာင္ၾကား(၁) ရပ္ကြက္၊ တကၠသုိလ္ ရိပ္သာလမ္း၊ ျခံအမွတ္ ၅၄/၅၆ ေနအိမ္ျခံဝန္းအတြင္သုိ႔

မီးေလာင္ေစသည့္ ပုလင္းပစ္ေပါက္ခဲ့သည့္ ျပစ္မႈက်ဴးလြန္သူအား

ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က ၂၁ နာရီအတြင္း ေဖာ္ထုတ္ဖမ္းဆီးရမိ


ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ နံနက္ ၆ နာရီခြဲအခ်ိန္ခန္႔က ဗဟန္းၿမိဳ႕နယ္၊ ေရႊေတာင္ၾကား(၁) ရပ္ကြက္၊ တကၠသုိလ္ ရိပ္သာလမ္း ၊ ျခံအမွတ္ ၅၄/၅၆ ရွိ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္၏ ေနအိမ္ၿခံဝင္းအတြင္းသုိ႔ တကၠသုိလ္ရိပ္သာလမ္းေပၚမွ အမည္မသိအမ်ဳိးသားတစ္ဦးက မီးေလာင္ေစသည့္ ပုလင္းပစ္သြင္းခဲ့ရာ ၿခံေစာင့္ တဲအနီးရွိ ေရပုိက္ တစ္ေခ်ာင္းမွာ မီးေလာင္ ကြ်မ္းသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့သျဖင့္ ဗဟန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူအား အျမန္ဆံုးဖမ္းဆီးရမိေရးအတြက္ ျပည္သူမ်ားအေနျဖင့္လည္း ကူညီသတင္းေပးႏုိင္ရန္ လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ အသိေပးေဖာ္ျပခဲ့ပါသည္။
ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ျပစ္မႈက်ဴးလြန္သူအား အျမန္ဆံုးေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္ရာ တြင္ အခင္းျဖစ္ပြား သည့္ေနရာအနီးရွိ တာဝန္သိျပည္သူတစ္ဦးက ျပစ္မႈက်ဴးလြန္သူ၏မွတ္တမ္းဓာတ္ပံုေပးပုိ႔ ရရွိခဲ့သျဖင့္ အဆုိပါ ျပစ္မႈက်ဴးလြန္သူ၏ ဓာတ္ပံုမွတ္တမ္းကုိ အေျချပဳစံုစမ္းခဲ့ရာ ျပစ္မႈက်ဴးလြန္သူမွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သုနႏၵာမွတ္တုိင္မွ ခရီးသည္တင္ေမာ္ေတာ္ယာဥ္တစ္စီးေပၚတြင္လိုက္ပါ စီးနင္းလာသူ တစ္ဦးျဖစ္ေၾကာင္း စံုစမ္းသိရွိရသျဖင့္ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔မွ တပ္ဖြဲ႕ဝင္မ်ားက ေျမာက္ ဥကၠလာပၿမိဳ႕နယ္၊ (ဋ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးအား ဓာတ္ပံုျပသစံုစမ္းရာမွ အဆိုပါဓာတ္ပံုပါအမ်ိဳးသားမွာ ၄င္းတုိ႔ရပ္ကြက္အတြင္း ျဖတ္သန္းသြားလာသည္ကုိျမင္ဖူးေၾကာင္း၊ ၄င္းေနထုိင္သည့္ ေနရာမွာ ေျမာက္ဥကၠ လာပၿမိဳ႕နယ္၊ (ဋ)ရပ္ကြက္ႏွင့္ ဆက္စပ္ေနသည့္ ဒဂံုၿမိဳ႕သစ္(ေျမာက္ပုိင္း)ၿမိဳ႕နယ္၊ (၅၁)ရပ္ကြက္တြင္ ေနထုိင္သူတစ္ဦးျဖစ္ေၾကာင္း စံုစမ္းသိရွိရပါသည္။
ရဲတပ္ဖဲြ႕၀င္မ်ားမွ ဒဂံုၿမိဳ႕သစ္(ေျမာက္ပုိင္း)ၿမိဳ႕နယ္၊ (၅၁)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံ ဓာတ္ပံုျပ အတည္ျပဳခဲ့ရာ ဓာတ္ပံုပါျပစ္မႈက်ဴးလြန္သူမွာ (၅၁)ရပ္ကြက္၊ ေအာင္သစၥာလမ္း၊ သေျပၿခံ(က်ဴးေက်ာ္)တြင္ေနသူ ဝင္းႏုိင္ ဆုိသူျဖစ္ေၾကာင္းသိရသျဖင့္ ၎ေနထုိင္သည့္ ေနအိမ္သုိ႔ သြားေရာက္ရွာေဖြရာ ဝင္းႏုိင္မွာ မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻာေအးဘုရာလမ္းရွိ ျမကြ်န္းသာေဆာက္လုပ္ေရးလုပ္ငန္းခြင္၌ Global Hawk လုံၿခံဳေရး ကုမၸဏီ၏ လံုၿခံဳေရးဝန္ထမ္း(ေန႔စား)(၃)လအစမ္းခန္႔အျဖစ္ လုပ္ကုိင္ေနေၾကာင္းကို ၎၏ ဇနီးျဖစ္သူမွ ေျပာျပသိရွိရသျဖင့္ ျမကြ်န္းသာအပန္းေျဖဥယ်ာဥ္အတြင္းရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္သုိ႔ သြားေရာက္ စံုစမ္းရွာေဖြခဲ့ရာ ေဖေဖာ္ဝါရီလ (၂)ရက္ေန႔ နံနက္ ၀၃း၀၀နာရီအခ်ိန္တြင္ ဝင္းႏုိင္ (၄၈)ႏွစ္၊(ဘ) ဦးတင္ျမင့္၊ ဟိႏၶဴ/ ဗုဒၶအား ေတြ႕ရွိဖမ္းဆီးရမိခဲ့ၿပီး ၎ထံမွ အခင္းျဖစ္စဥ္က ဝတ္ဆင္ခဲ့သည့္ တီရွပ္ပန္းေရာင္ အက်ႌ(၁)ထည္၊ ပေလကပ္ပုဆုိးအျပာကြက္(၁)ထည္၊ အျပာႏုေရာင္ဂ်င္း အက်ႌ(၁)ထည္နွင့္ ေက်ာပုိးအိတ္(၁)လံုး၊ မီးျခစ္(၁)လံုး၊ 2002 Management Dairy စာအုပ္(၁)အုပ္၊ လက္ပတ္နာရီ(၁)လံုး၊ စတီးထမင္းခ်ဳိင့္(၁)လံုးတုိ႔ကုိ ေတြ႕ရွိ သိမ္းဆည္းရရွိခဲ့ပါသည္။
ဝင္းႏုိင္အား စစ္ေဆးခဲ့ရာ အခင္းျဖစ္စဥ္က အရက္ပုလင္းထဲတြင္ ဓာတ္ဆီလက္ေလးလံုးခန္႔ထည့္ၿပီး ပုလင္းအဖံုး ကုိေဖာက္၍ အ၀တ္စကို မီးစာ အျဖစ္တပ္ကာ ေက်ာပုိးအိတ္အတြင္းထည့္၍ ေနအိမ္မွ ယူေဆာင္လာခဲ့ေၾကာင္း၊ အခင္းျဖစ္ ေနအိမ္ၿခံစည္းရုိးေရွ႕တြင္ မီးစာကုိမီးရႈိကာ ၿခံအတြင္းသုိ႔ ပစ္ထည့္ခဲ့ေၾကာင္း ထြက္ဆုိခဲ့ပါသည္။
ထုိသုိ႔ ျပစ္မႈက်ဴးလြန္ခဲ့သည့္ အေၾကာင္းအရင္းကုိ စစ္ေဆးေမးျမန္းရာ အခင္းျဖစ္ေနအိမ္ရွိသူမ်ားမွ ၎အား ေမွာ္ပညာျဖင့္ ျပဳစားခံထားရျခင္းေၾကာင့္ အနံ႔ဆုိးမ်ားလည္း အၿမဲရေနၿပီး အိပ္၍မရဘဲ စိတ္တြင္မခံမရပ္ႏိုင္ ခံစားေနရသျဖင့္ ယခုကဲ့သို႔ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္းထြက္ဆုိခဲ့ပါသည္။
၎၏ ထြက္ဆုိခ်က္မွာ သာမန္လူတစ္ေယာက္ထြက္ဆုိမႈမ်ဳိးမဟုတ္သျဖင့္ ၎၏ စိတ္အေျခအေနကုိ သိရွိႏုိင္ရန္ အတြက္ ဝင္းႏုိင္၏ မိသားစုႏွင့္ေတြ႕ဆံုေမးျမန္းခဲ့ရာ ၎မွာ စိတ္က်န္းမာေရးမေကာင္းသျဖင့္ ၃၁.၇.၂၀၁၃ ရက္ေန႔တြင္တစ္ႀကိမ္၊ ၂၁.၄.၂၀၁၆ ရက္ေန႔တြင္ တစ္ႀကိမ္၊ ၂၉.၁၂.၂၀၁၆ ရက္ေန႔တြင္ တစ္ႀကိမ္ ရြာသာႀကီး စိတ္က်န္းမာေရးေဆးရံုတြင္ ေဆးကုသမႈခံယူခဲ့ရေၾကာင္းသိရၿပီး ေဆးကုသထားသည့္ ေဆးမွတ္တမ္းမ်ားကုိ သိမ္းဆည္းရရွိခဲ့သည့္အျပင္ အခင္းျဖစ္စဥ္က အသံုးျပဳခဲ့သည့္ အမ်ဳိးအစားတံဆိပ္တူ မႏၱေလးနာနတ္ဝုိင္ အရက္ပုလင္းအခြံ(၁)လံုးကုိလည္းသိမ္းဆည္းရရွိခဲ့ပါသည္။
ျပစ္မႈက်ဴးလြန္သူ ဝင္းႏုိင္မွာ စိတ္က်န္းမာေရး ေကာင္းမြန္သူတစ္ဦးမဟုတ္ေၾကာင္း ေဆးမွတ္တမ္းအရ သိရွိရ သည့္အျပင္ ၎ထံမွသိမ္းဆည္းရရွိေသာ၂၀၀၂ ခုႏွစ္၊ Management Dairy မွတ္တမ္းစာအုပ္တြင္ မူမမွန္ေသာစာသားမ်ားေရးသားထားသည္ကိုေတြ႕ရွိရ၍ စစ္ေဆးေမးျမန္းရာ ၎မွာ စာမတတ္ျခင္းေၾကာင့္ စိတ္ခံစားခ်က္ကို သမီးျဖစ္သူ မေအးပပသဲ (၁၄)ႏွစ္၊ (၇)တန္းေက်ာင္းသူအား ေရးသားခုိင္းေၾကာင္း ေျပာျပသိရွိရသျဖင့္မေအးပပသဲေရးသားထားေသာ လက္ေရး မွန္ မမွန္္ လက္ေရးနမူနာယူ၍
တိုက္ဆိုင္ စစ္ေဆးခဲ့ရာ မွန္ကန္ေၾကာင္းေတြ႕ရွိရသည့္အျပင္ Global Hawk လံုၿခံဳေရးကုမၸဏီမွလည္း ၀င္းႏိုင္အား ေန႔စား၀န္ထမ္းအျဖစ္ အစမ္းခန္႔ကာလ ႏွစ္လခဲြ ခန္႔ရွိခဲ့ၿပီျဖစ္ေၾကာင္း၊ အလုပ္တက္ရက္မ်ားမမွန္သျဖင့္ အလုပ္မွျဖဳတ္ရန္ ကုမၸဏီမွ စီစဥ္ထားေၾကာင္းသိရွိရၿပီး ဝင္းႏုိင္မွာစစ္ေဆးဆဲလက္ရွိအေျခအေနတြင္လည္း စိတ္ပံုမွန္မဟုတ္ေၾကာင္း မ်က္ျမင္အေနအထားေတြ႕ရွိရသျဖင့္ စိတ္က်န္းမာေရးစစ္ေဆးႏိုင္ရန္ စိတ္က်န္းမာေရး ေဆးရံုသို႔ပို႔ေဆာင္၍ ေဆးစစ္ခံယူထားရွိပါသည္။
ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕အေနျဖင့္ အဆိုပါေနအိမ္ၿခံဝင္းအတြင္းျဖစ္ပြားေသာ ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ ျပစ္မႈက်ဴးလြန္သူအား အျမန္ဆံုးဖမ္းဆီးရမိေရး ေဆာင္ရြက္ရာတြင္ ရဲတပ္ဖြဲ႕ဝင္မ်ား၏ စဥ္ဆက္မျပတ္ ႀကိဳးပမ္းေဆာင္ရြက္မႈမ်ားအေပၚ တာဝန္သိျပည္သူတစ္ဦး သတင္းေပးမႈ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား၏ စိတ္ေရာကုိယ္ပါ ပူးေပါင္းေဆာင္ရြက္မႈေၾကာင့္ ျပစ္မႈက်ဴးလြန္သူအား ၂၁ နာရီအတြင္း ေဖာ္ထုတ္ႏုိင္ခဲ့ပါသည္။
ယခုျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ ၎၏စိတ္က်န္းမာေရးခ်ိဳ႕ယြင္းမႈေၾကာင့္သာ ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆး ေတြ႕ရွိရေသာ္လည္း ဥပေဒႏွင့္အညီ ဆက္လက္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ပါသည္။
ယခုကဲ့သို႔ အခ်ိန္တိုအတြင္း ျပစ္မႈက်ဴးလြန္သူကို ေဖာ္ထုတ္ဖမ္းဆီးရမိိခဲ့သျဖင့္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕ႏွင့္အတူ ပူးေပါင္းပါဝင္ ကူညီေဆာင္ရြက္ေပးခဲ့ၾကသူမ်ားအား အထူးေက်းဇူးတင္ရွိပါေၾကာင္း အသိေပးေဖာ္ျပအပ္ပါသည္။
Yangon Police
(Unicode)

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်း၊ ခြံအမှတ် ၅၄/၅၆ နေအိမ်ခြံဝန်းအတွင်သို့

မီးလောင်စေသည့် ပုလင်းပစ်ပေါက်ခဲ့သည့် ပြစ်မှုကျူးလွန်သူအား

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၂၁ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ် ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄/၅၆ ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်ခြံဝင်းအတွင်းသို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ အမည်မသိအမျိုးသားတစ်ဦးက မီးလောင်စေသည့် ပုလင်းပစ်သွင်းခဲ့ရာ ခြံစောင့် တဲအနီးရှိ ရေပိုက် တစ်ချောင်းမှာ မီးလောင် ကျွမ်းသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ပြည်သူများအနေဖြင့်လည်း ကူညီသတင်းပေးနိုင်ရန် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးဖော်ပြခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ရာ တွင် အခင်းဖြစ်ပွား သည့်နေရာအနီးရှိ တာဝန်သိပြည်သူတစ်ဦးက ပြစ်မှုကျူးလွန်သူ၏မှတ်တမ်းဓာတ်ပုံပေးပို့ ရရှိခဲ့သဖြင့် အဆိုပါ ပြစ်မှုကျူးလွန်သူ၏ ဓာတ်ပုံမှတ်တမ်းကို အခြေပြုစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာမှတ်တိုင်မှ ခရီးသည်တင်မော်တော်ယာဉ်တစ်စီးပေါ်တွင်လိုက်ပါ စီးနင်းလာသူ တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မြောက် ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဓာတ်ပုံပြသစုံစမ်းရာမှ အဆိုပါဓာတ်ပုံပါအမျိုးသားမှာ ၎င်းတို့ရပ်ကွက်အတွင်း ဖြတ်သန်းသွားလာသည်ကိုမြင်ဖူးကြောင်း၊ ၎င်းနေထိုင်သည့် နေရာမှာ မြောက်ဥက္က လာပမြို့နယ်၊ (ဋ)ရပ်ကွက်နှင့် ဆက်စပ်နေသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၁)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
ရဲတပ်ဖွဲ့ဝင်များမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ ဓာတ်ပုံပြ အတည်ပြုခဲ့ရာ ဓာတ်ပုံပါပြစ်မှုကျူးလွန်သူမှာ (၅၁)ရပ်ကွက်၊ အောင်သစ္စာလမ်း၊ သပြေခြံ(ကျူးကျော်)တွင်နေသူ ဝင်းနိုင် ဆိုသူဖြစ်ကြောင်းသိရသဖြင့် ၎င်းနေထိုင်သည့် နေအိမ်သို့ သွားရောက်ရှာဖွေရာ ဝင်းနိုင်မှာ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရာလမ်းရှိ မြကျွန်းသာဆောက်လုပ်ရေးလုပ်ငန်းခွင်၌ Global Hawk လုံခြုံရေး ကုမ္ပဏီ၏ လုံခြုံရေးဝန်ထမ်း(နေ့စား)(၃)လအစမ်းခန့်အဖြစ် လုပ်ကိုင်နေကြောင်းကို ၎င်း၏ ဇနီးဖြစ်သူမှ ပြောပြသိရှိရသဖြင့် မြကျွန်းသာအပန်းဖြေဥယျာဉ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက် စုံစမ်းရှာဖွေခဲ့ရာ ဖေဖော်ဝါရီလ (၂)ရက်နေ့ နံနက် ၀၃း၀၀နာရီအချိန်တွင် ဝင်းနိုင် (၄၈)နှစ်၊(ဘ) ဦးတင်မြင့်၊ ဟိန္ဓူ/ ဗုဒ္ဓအား တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ အခင်းဖြစ်စဉ်က ဝတ်ဆင်ခဲ့သည့် တီရှပ်ပန်းရောင် အကျႌ(၁)ထည်၊ ပလေကပ်ပုဆိုးအပြာကွက်(၁)ထည်၊ အပြာနုရောင်ဂျင်း အကျႌ(၁)ထည်နှင့် ကျောပိုးအိတ်(၁)လုံး၊ မီးခြစ်(၁)လုံး၊ 2002 Management Dairy စာအုပ်(၁)အုပ်၊ လက်ပတ်နာရီ(၁)လုံး၊ စတီးထမင်းချိုင့်(၁)လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရရှိခဲ့ပါသည်။
ဝင်းနိုင်အား စစ်ဆေးခဲ့ရာ အခင်းဖြစ်စဉ်က အရက်ပုလင်းထဲတွင် ဓာတ်ဆီလက်လေးလုံးခန့်ထည့်ပြီး ပုလင်းအဖုံး ကိုဖောက်၍ အဝတ်စကို မီးစာ အဖြစ်တပ်ကာ ကျောပိုးအိတ်အတွင်းထည့်၍ နေအိမ်မှ ယူဆောင်လာခဲ့ကြောင်း၊ အခင်းဖြစ် နေအိမ်ခြံစည်းရိုးရှေ့တွင် မီးစာကိုမီးရှိုကာ ခြံအတွင်းသို့ ပစ်ထည့်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါသည်။
ထိုသို့ ပြစ်မှုကျူးလွန်ခဲ့သည့် အကြောင်းအရင်းကို စစ်ဆေးမေးမြန်းရာ အခင်းဖြစ်နေအိမ်ရှိသူများမှ ၎င်းအား မှော်ပညာဖြင့် ပြုစားခံထားရခြင်းကြောင့် အနံ့ဆိုးများလည်း အမြဲရနေပြီး အိပ်၍မရဘဲ စိတ်တွင်မခံမရပ်နိုင် ခံစားနေရသဖြင့် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ပါသည်။
၎င်း၏ ထွက်ဆိုချက်မှာ သာမန်လူတစ်ယောက်ထွက်ဆိုမှုမျိုးမဟုတ်သဖြင့် ၎င်း၏ စိတ်အခြေအနေကို သိရှိနိုင်ရန် အတွက် ဝင်းနိုင်၏ မိသားစုနှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ၎င်းမှာ စိတ်ကျန်းမာရေးမကောင်းသဖြင့် ၃၁.၇.၂၀၁၃ ရက်နေ့တွင်တစ်ကြိမ်၊ ၂၁.၄.၂၀၁၆ ရက်နေ့တွင် တစ်ကြိမ်၊ ၂၉.၁၂.၂၀၁၆ ရက်နေ့တွင် တစ်ကြိမ် ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်းသိရပြီး ဆေးကုသထားသည့် ဆေးမှတ်တမ်းများကို သိမ်းဆည်းရရှိခဲ့သည့်အပြင် အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် အမျိုးအစားတံဆိပ်တူ မန္တလေးနာနတ်ဝိုင် အရက်ပုလင်းအခွံ(၁)လုံးကိုလည်းသိမ်းဆည်းရရှိခဲ့ပါသည်။
ပြစ်မှုကျူးလွန်သူ ဝင်းနိုင်မှာ စိတ်ကျန်းမာရေး ကောင်းမွန်သူတစ်ဦးမဟုတ်ကြောင်း ဆေးမှတ်တမ်းအရ သိရှိရ သည့်အပြင် ၎င်းထံမှသိမ်းဆည်းရရှိသော၂၀၀၂ ခုနှစ်၊ Management Dairy မှတ်တမ်းစာအုပ်တွင် မူမမှန်သောစာသားများရေးသားထားသည်ကိုတွေ့ရှိရ၍ စစ်ဆေးမေးမြန်းရာ ၎င်းမှာ စာမတတ်ခြင်းကြောင့် စိတ်ခံစားချက်ကို သမီးဖြစ်သူ မအေးပပသဲ (၁၄)နှစ်၊ (၇)တန်းကျောင်းသူအား ရေးသားခိုင်းကြောင်း ပြောပြသိရှိရသဖြင့်မအေးပပသဲရေးသားထားသော လက်ရေး မှန် မမှန် လက်ရေးနမူနာယူ၍
တိုက်ဆိုင် စစ်ဆေးခဲ့ရာ မှန်ကန်ကြောင်းတွေ့ရှိရသည့်အပြင် Global Hawk လုံခြုံရေးကုမ္ပဏီမှလည်း ဝင်းနိုင်အား နေ့စားဝန်ထမ်းအဖြစ် အစမ်းခန့်ကာလ နှစ်လခွဲ ခန့်ရှိခဲ့ပြီဖြစ်ကြောင်း၊ အလုပ်တက်ရက်များမမှန်သဖြင့် အလုပ်မှဖြုတ်ရန် ကုမ္ပဏီမှ စီစဉ်ထားကြောင်းသိရှိရပြီး ဝင်းနိုင်မှာစစ်ဆေးဆဲလက်ရှိအခြေအနေတွင်လည်း စိတ်ပုံမှန်မဟုတ်ကြောင်း မျက်မြင်အနေအထားတွေ့ရှိရသဖြင့် စိတ်ကျန်းမာရေးစစ်ဆေးနိုင်ရန် စိတ်ကျန်းမာရေး ဆေးရုံသို့ပို့ဆောင်၍ ဆေးစစ်ခံယူထားရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အဆိုပါနေအိမ်ခြံဝင်းအတွင်းဖြစ်ပွားသော ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် တာဝန်သိပြည်သူတစ်ဦး သတင်းပေးမှု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြစ်မှုကျူးလွန်သူအား ၂၁ နာရီအတွင်း ဖော်ထုတ်နိုင်ခဲ့ပါသည်။
ယခုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၎င်း၏စိတ်ကျန်းမာရေးချို့ယွင်းမှုကြောင့်သာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသော်လည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယခုကဲ့သို့ အချိန်တိုအတွင်း ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police

,

Download blog apk


အဆင္ေျပပါေစမိတ္ေဆြ မဂၤလာပါ မိတ္ေဆြမ်ားကိုႀကိဳဆိုပါတယ္ခင္ဗ်ာ

သုတရသနည္းပညာေဆာ့၀ဲအားေဒါင္းယူရန္-download Apk-ဆိုတဲ့ပံုေလးကိုႏိွပ္ၿပီးေဒါင္းႏိူင္ပါတယ္ -၀ါသနာတူေဘာ္ဒါမ်ားကိုႀကိဳဆိုပါတယ္

က်ြန္ေတာ့္APKေလးကိုေဒါင္းေလာ့လုပ္ၿပီးအားေပးၾကပါဦးေနာ္

iOS

data lable="ios"

Business

လည္ပတ္ရန္ေနရာေလး

နည္းပညာႏွင့္ပတ္သက္ေသာစာအုပ္မ်ားကိုေဒါင္းယူႏိူင္ပါသည္

Sponsor

Contact Form

Name

Email *

Message *

Facebook ဆိုင္ရာနည္းလမ္းမ်ား

အသစ္တင္သမွ်ေမလ္းကရေစရန္ေမလ္းလိပ္စာခ်န္ခဲ့ေပးပါ

,

မူပိုင္-စိုးမိုးေအာင္ (၂၀၁၄ ခုႏွစ္မွစတင္၍ဝါသနာအရေရးသားခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ျပန္လည္ေရးသားခဲ့ပါသည္ . Powered by Blogger.

,

Ads

,

Ads

Total Pageviews

Post Top Ad

Post Top Ad

ေၾကာ္ျငာေလးတခ်က္ကလစ္ေပးပါေနာ္

Breaking

Technology

3/Tech/feat-grid

Facebook မွလည္းဖတ္႐ႈ႕ႏိူင္ပါတယ္

Random Posts

Recent Posts

ယေန႔ေငြေေျကးေဈးကြက္

Extra Ads

ေျကာ္ျငာထည့္သြင္းရန္

Followers

,


လာေရာက္လည္ပတ္သူအေပါင္းစိတ္ခ်မ္းသာကိုယ္က်န္းမာရွိၾကပါေစ

ဘေလာ့နည္းပညာမ်ားေလ့လာရန္

Create your own banner at mybannermaker.com!

Follow Me

မိတ္ေဆြတို႔ရဲ႕စကားသံမ်ား

အားေပးမႈကိုမွတ္တမ္းတင္ထားပါတယ္ခင္ဗ်ာ

Sports

3/Sports/col-left

Recent Comments

Technology

3/Technology/col-right

Box

ေန႔တိုင္းလာလည္ဖို႔ဖိတ္ေခၚပါတယ္ ရွာေဖြေတြ႕ရိွသမွ်ေလးေတြ, သတင္း, သုတ, ရသ, နည္းပညာမ်ားကိုတင္ဆက္ေပးသြားပါ့မယ္ အားေပးမႈကိုအထူးပင္ေက်းဇူးတင္ရိွပါတယ္

Popular Posts

slider