Wednesday, May 30, 2018




Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Saturday, May 26, 2018

Eye twitching မျက်ခွံလှုတ်ခြင်း

မျက်ခွံလှုတ်တာဟာ ဆက်တိုက်လှုတ်နေတာဖြစ်ပေမဲ့ ဆေးပညာမှာ Benign လို့ သတ်မှတ်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါ။ ကျန်းမာရေး နောက်ခံတခုခုကနေတော့ ဖြစ်နိုင်တယ်။ ခက်တာက ပျောက်အောင်ကုဘို့ခက်တာဖြစ်နေတယ်။
– Stress စိတ်ဖိအားများနေခြင်း၊
– Tiredness မောပန်းနေခြင်း၊
– Eye strain မျက်စိအသုံးပြုတာများသွားခြင်း၊ (Computer eye strain ရေးထားပါတယ်။)
– Caffeine (ကေဖင်း) ပါတာ သောက်ခြင်း၊
– Alcohol အရက်၊
– Dry eyes မျက်စိခြောက်သွေ့နေခြင်း၊ (Antihistamines, Antidepressants ဆေးတွေကြောင့်လဲ ခြောက်နိုင်တယ်။ မျက်စိခြောက်တာအတွက် မျက်စဉ်းတွေလဲရေးထားတယ်။)
– Allergies (အလာဂျီ) ဖြစ်ခြင်းတွေကနေ ဖြစ်စေနိုင်တယ်။ (ရေးထားပါတယ်။)
– Mmagnesium (မက်ဂနီဆီယမ်) ဓါတ်နည်းနေရင်လဲဖြစ်နိုင်တယ်။ အားဆေးဆိုတာထဲမှာ ဒီဓါတ်ပါတာကို ရွေးသောက်နိုင်တယ်။
အမျိုးအစား (၃) ခုခွဲတယ်။
၁။ Minor eyelid twitch သာမန်၊
၂။ Benign essential blepharospasm အလတ်စား နဲ့
၃။ Hemifacial spasm ခေါ်တဲ့အာရုံကြောရောဂါဖြစ်တယ်။
Minor eyelid twitch သာမန်လေးဖြစ်တာက Conjunctiva မျက်စိအတွင်းခံကိုဖုံးနေတဲ့ အလွှာပါးလေးဖြစ်ဖြစ် Cornea မျက်ကြည်လွှာဖြစ်ဖြစ်ကို နေမထိသလို ကလိတာတခုခုဖြစ်နေတာကြောင့်ဖြစ်တတ်တယ်။ များသောအားဖြင့် ဘာလို့လဲ ရှာမရဘူး။
Benign essential blepharospasm အမျိုးအစားက အသက်ကြီးလာရင် ပိုဆိုးလာတတ်တယ်။ အမေရိကားမှာ လူ ၂ သောင်းကနေ ၅ သောင်းအထိဖြစ်နေတယ်။ ဆိုးတဲ့ရောဂါတော့ မဟုတ်ပါ။ အားယုတ်တာ၊ စိတ်ဖိအားများတာ၊ အလင်းရောာင်၊ နေ၊ လေ စတဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဖြစ်တယ်။ တိုးလာတာနဲ့ နေရောင်ကို မရင်လိုမခံနိုင်ဖြစ်လာတယ်။ မျက်စိကြည့်ရတာလဲ မကောင်းတော့ဘူး။ သုတေသနလုပ်သူတချို့က မျိဲးရိုးနဲ့ ပါတ်ဝန်းကျင်ကိုထင်ကြတယ်။
Hemifacial spasm ဆိုတာက ရှားတယ်။ ဖြစ်ရင် မျက်ခွံကြွက်သားသာမကဖြစ်တယ်။ ပါးစပ်နေရာမှာလဲ လှုတ်တယ်။ မျက်နှာတဖက်သပ်ဖြစ်တယ်။ သွေးလွှတ်ကြောကနေ အာရုံကြောကိုဖိမိနေလို့ ဖြစ်ရတယ်။
ဘယ်လိုကုသမလဲ
သာမန်အမျိုးအစားအတွက် ဖြစ်တာ ဘာလို့မသိတော့ ကုသရတာလဲ တိတိကျကျမရှိဘူး။ များသောအားဖြင့် အလိုလို ပျောက်မယ်။ အလုပ်နားလိုက်တာ၊ မျက်စိအသုံးချတာ နားလိုက်တာ၊ အရက်၊ ကော်ဖီသောက်တာနားဘို့လိုသူတွေက နားရမယ်။ အိပ်ပျော်နေတုံးမှာ မလှုတ်တာမို့ အနားယူဘို့လိုမယ်ဆိုတာကို ပြနေတယ်။ မျက်စိခြောက်တာလို့ထင်ရင် Artificial tears မျက်ရည်တုမျက်စဉ်းသုံးပါ။
Benign essential blepharospasm ကိုကုသနည်းလဲ သတ်သတ်မှတ်မှတ်မရှိသေးပါ။ Botulinum toxin (Botox or Xeomin) ဆေးထိုးနိုင်တယ်။ အမှန်က Hemifacial spasm အတွက်ဆိုရင် ဒီနည်းကိုသေခြာသုံးရတယ်။ Clonazepam, Lorazepam, Trihexyphenidyl ဆေးတွေကိုလဲ သုံးကြတယ်။ ရေတိုအတွက်သက်သာစေတယ်။ ၁၅% သာ ကောင်းတာ တွေ့ရတယ်။
တခြားကုသနည်းတွေအဖြစ် –
– Biofeedback စက်ကရိယာနည်း၊
– Acupuncture အပ်စိုက်နည်း၊
– Hypnosis အိပ်မွေ့ချနည်း၊
– Nutrition therapy တွေရှိတယ်။ ဆေးပညာအရ ထောက်ခံချက် တိတိကျကျမပေးနိုင်ပါ။
ဘယ်နည်းနဲ့မှ မရရင်တော့ ခွဲစိတ်နည်းလုပ်နိုင်တယ်။ Blepharospasm ဖြစ်တာကို Myectomy ခွဲစိတ်နည်း လုပ်ပေးရင် ၇၅-၈၅% ကောင်းကြတယ်။ လှုတ်စေတဲ့ အာရုံကြောကိုဖြတ်ပေးတာဖြစ်တယ်။ Hemifacial spasm ဖြစ်နေသူတွေကိုလဲ Neurosurgical procedure ခွဲစိတ်နည်းနဲ့ သွေးလွှတ်ကြောကနေ အာရုံကြောကိုဖိနေတာ သက်သာအောင်လုပ်တယ်။ ဒါပေမဲ့ ဘေးထွက် ဆက်ဖြစ်လာမှာတွေကို သတိထားရတယ်။
Credit- 
ဒေါက်တာတင့်ဆွေ



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Monday, May 14, 2018

နန္ဒာဘုန်းမြင့်
(၂၀၁၆ ဇန်နဝါရီလမှာ ရေးခဲ့တာ ဖြစ်ပြီး ဧရာဝတီ သတင်းဌာနကလည်း ထပ်ဆင့် ဖော်ပြခဲ့ပါတယ်။)
Facebook ဆိုတာ Social Network ပါ
Social ဆိုတာ လူမှုရေးရာ Network ဆိုတာ ကွန်ရက် အသိုင်းအဝိုင်းဆိုတော့ Social Network ဆိုတာ ခပ်လွယ်လွယ်ပြောရရင်တော့ လူမှုကွန်ရက်ပါ။ ဒီလူမှုကွန်ရက် ပါဝင်ပြီဆိုရင်တော့ သူ့အရပ်သူ့ဇာတ် သူ့အထာလေးတွေရှိတယ်။
အဲ့ဒီ အထာလေးတွေကို အထာကျပြီဆိုမှ လူမှုကွန်ရက်ထဲကို ဝင်လာပါ။ မဟုတ်ရင်တော့ လူရယ်စရာ ဖြစ်ပြီး ဂွမ်းစိန် ဖြစ်ပါလိမ့်မယ်။
၁။ ပထမဆုံးက လူမှုကွန်ရက်လောကနဲ့ လက်တွေ့ဘဝကို ခွဲခြားထားပါ
ဘာလို့လဲဆိုတော့ လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ဖြစ်ပေမဲ့ လူမှုကွန်ရက်မှာ လူလတ်ပိုင်းလုပ်လို့ရတယ်။
အပြန်အလှန်ပဲ လူကြီးပိုင်းအရွယ် ဖြစ်ပေမဲ့ လူငယ် လူလတ်ကြိုက်တဲ့ဘဝကို ရွေးလို့ရတယ်။
လက်တွေ့မှာ အလုပ်အကိုင် မရှိသော်လည်း လူမှုကွန်ရက်မှာ ရာထူးကြီးကြီး ယူထားလို့ရတယ်။
ဆိုလိုချင်တာကတော့ လူမှုကွန်ရက်ကို ရောက်လာတဲ့လူ အားလုံးဟာ တန်းတူအခွင့်အရေးရှိတယ်။
လူငယ် လူလတ် လူကြီး ဆင်းရဲ ချမ်းသာ အလုပ်မရှိ ရာထူးကြီး ဘာညာ သာရကာ ဘာမှမရှိဘူး။ လူမှုကွန်ရက်ရဲ့အထာမသိဘဲ လာဖြဲရင် ဂွမ်းစိန်ဖြစ်မယ် ဒါပဲ။
၂။ ကိုယ့်ရဲ့လူမှုကွန်ရက်မိတ်ဆွေကို အရင်ရွေးပါ
ကိုယ့်မိတ်ဆွေတွေဟာ လူမှုကွန်ရက်က သတင်းစုံကို အချိန်နဲ့အမျှ သတင်းဖြန့်ချိသူ ဖြစ်ဖို့လိုပါတယ်။
ဒါမှ ဒီနေ့ ဘာသတင်းထူးလဲဆိုတာ ကိုယ်က အစောဆုံးသိမှာပါ။ ဥပမာ- အဖုကိစ္စ၊ ပြက္ခဒိန်တို့လိုပေါ့။
လက်တွေ့ဘဝက ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ပဲဆိုရင် ဝါးလုံးခေါင်းထဲ လသာနေသလို ဖြစ်နေမှာပါ။
အဲ့ဒီတော့ လူမှုကွန်ရက်မှာ ဆယ်လီဖြစ်နေတဲ့ သူတွေကို following လုပ်ထားပါ၊ ဒါမဟုတ် ဆယ်လီဖြစ်နေတဲ့ Page တွေကို like လုပ်ထားပါ။ ဒါမှသာ လူမှုကွန်ရက်ရဲ့ အထာကို အမြန်ဆုံးနားလည်မှာပါ။
၃။ အထာညက်အောင် လေ့လာပါ
လူမှုကွန်ရက်ရဲ့ အထာညက်ဖို့က လေ့လာသင်ယူရတာပါပဲ။
အဲ့လိုမှ မလေ့လာရင် ထပ်ပြီးဂွမ်းစိန်ဖို့က သေချာနေပါပြီ။ လေ့လာနည်းက အလွယ်လေးပါ။
ဆဲတာလေ့လာချင်ရင် နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်တဲ့ ပို့စ်က comment တွေ ဖတ်လိုက်ရင်ရပါတယ်။
အပြောင်အပျက်တွေ လေ့လာချင်ရင် ရယ်စရာတို့ ဟာသကမ္ဘာတို့က comment တွေဖတ်ရင် ရပါတယ်။
အလွယ်ဆုံးက လူမှုကွန်ရက်က ဆယ်လီတွေရဲ့ ပို့စ်က comment ကိုဖတ်ရင် ဆဲတာရော ပြောင်တာရော အားလုံးသင်ပြီးသား ဖြစ်ပါတယ်။
၎။ အထာကျဖို့ လေ့ကျင့်ပါ
ပွဲမဝင်ခင် အပြင်မှာ လေ့ကျင့်ရပါတယ်။ လေ့ကျင်တာကတော့ မခက်ခဲပါဘူး။ သူများတွေလို like လုပ်ကြည့်မယ်၊ comment ရေးမယ်၊ share လုပ်မယ်၊ ဒါပါပဲ။ လွယ်မယ်လို့ထင်ရပေမဲ့ လူမှုကွန်ရက်ရဲ့ အထာမကျရင် ဂွမ်းစိန်ဖြစ်နိုင်မို့ လေ့ကျင့်သားပြည့်ဖို့ လိုပါတယ်။ ဒီအဆင့်ဟာ လူမှုကွန်ရက်ရဲ့ နက်နဲတဲ့အပိုင်းလို့ ဆိုရမှာပါ။
like လုပ်တာက သူများတင်တဲ့ပို့စ်ကို အားပေးတာ၊ သဘောကျတယ်လို့ လွယ်လွယ်နဲ့ အသိပေးတာ၊ comment ကတော့ ကိုယ်ရဲ့ရပ်တည်ချက်ကို တရားဝင် အသိပေးတာ၊ ဒီနေရာမှာ comment ရဲ့ အထာတွေနှပ်ဖို့လိုပါတယ်။ သူများက ပြောင်တာလား၊ နောက်တာလား သိရပါတယ်။ အများဆုံးသုံးတဲ့ stiker အကြောင်းလည်း သိထားဖို့ လိုသလို လူမှုကွန်ရက်ရဲ့ စကားလုံး ဝေါဟာရတွေကိုလည်း လေ့လာရပါမယ်။
stiker ကတော့ smile emoticon ဒါဆိုရင် အတည်အခန့် ပြောတဲ့နေရာမှာ သုံးပါတယ်၊ tongue emoticon ဒါဆိုရင် နောက်ပြောင်တဲ့ နေရာမှာသုံးပါတယ်၊ grin emoticon ဒါဆိုတော့ လှောင်တာပါ၊ unsure emoticon ဆိုရင် ရွဲ့တာ ငေါ့တာ ထေ့တာ၊ like emoticon ဆိုရင် ကြိုက်တယ် like တယ် စသဖြင့်ပေါ့။
ဝေါဟာရတွေမှာလည်း ခေး၊ ကွီး၊ ညေး၊ စမီး၊ ဘွ၊ အာ့၊ ကွကိုယ်၊ နိုးမ စသဖြင့် အများကြီးရှိပါတယ်။ လေ့လာရင်တော့ မကုန်နိုင်ပါဘူး။ comment ကတော့ အပေါ်က ပို့စ်တင်တဲ့ အကြောင်းအရာနဲ့ သက်ဆိုင်ပြီး reply ကတော့ comment ရေးထားတဲ့လူနဲ့ သက်ဆိုင်တာပါ။ အဲဒီ အထာတွေ မကျရင်တော့ အဂွမ်းတကာ့ အဂွမ်းစိန်ဖြစ်မှာပါ။ ဒါကြောင့် များများလေ့ကျင့်ပါမှဖြစ်မှာပါ။ share ကတော့ ကိုယ်ကြိုက်တာ မကြိုက်တာကို ကိုယ့်ရဲ့သဘောထား ရပ်တည်ချက်ကို ပြသတဲ့ အထာပါ။
၅။ လက်တွေ့ဘဝ ထဲကိုခေါ်မလာပါနဲ့
ဒါကအရေးကြီးတဲ့ အချက်ပါ။ လူမှုကွန်ရက်ဟာ သီခြားဘဝပါ။ လက်တွေ့ဘဝထဲကို ခေါ်သွင်းလာရင် ကွိုင်ပူးတတ်ပါတယ်။ ပျော်စရာရှိရင်၊ ရယ်စရာရှိရင်၊ လူမှုကွန်ရက်ပေါ်မှာပဲ ရယ်လိုက်၊ ပျော်လိုက်ပါ။ စိတ်ဆိုးဒေါသထွက်ရင်လည်း ထိုနည်တူပါပဲ။ လူမှုကွန်ရက်ပေါ်က emotion တွေ လက်တွေ့ဘဝထဲကို ခေါ်သွင်းလာရင် လွတ်ကြောင်ဖြစ်တာမို့ အထူးသတိထားရမှာ။
၆။ အရည်ထူဖို့ ကြိုးစားပါ
လူမှုကွန်ရက်ကို စတင်သုံးစွဲပြီဆိုတာနဲ့ အရည်ထူဖို့ ကြိုးစားပါ။ ချီးမွမ်းတာ ကဲ့ရဲ့တာ သရော်တာ လှောင်ပြောင်တာ အားလုံးကို ခံနိုင်ရည် ရှိဖို့လိုပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကဲ့သို့ ကျင့်ကြံနေထိုင်နိုင်အောင် ကြိုးစားရမယ်။
၇။ ကျော်တတ် လှော်တတ်အောင် နေထိုင်ပါ
လူမှုကွန်ရက်မှာ အလွှာစုံက ရည်ရွယ်ချက် အမျိုးမျိုးနဲ့ လူမှုကွန်ရက်ကို သုံးစွဲနေသူတွေ အများကြီးပါ။ တင်သမျှပို့စ်တွေဟာ အမှန်တွေလည်း ဖြစ်နိုင်သလို ယောင်ရွှီးတွေလည်း အများကြီးပါ။ ယောင်ရွှီးတွေကို ကျော်နိုင်ရမှာ ဖြစ်သလို ကိုယ့်ကိုလာပြီ စနိုက်လုပ်ရင်လည်း လှော်တတ်ဖို့လည်း လိုပါတယ်။ ကျော်တတ် လှော်တတ်ပါမှ ရေတိမ်မနစ်မှာပါ။
လူမှုကွန်ရက်နဲ့ ပတ်သက်တဲ့ အထာလေးတွေ မျှဝေတာမို့ ဆြာကျတယ်လို့ မမှတ်ယူဖို့ တောင်းဆိုပါတယ်။ လူမှုကွန်ရက်မှာ အထာကျကျနဲ့ ဆြာကျနိုင်ကြပါစေ။
မှတ်မိ သတိရသမျှ အထာလေးတွေမျှဝေတာမို့ လိုအပ်တာရှိရင်ဆောရီးပါ။
Credit-မူရင်း


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO


ဥာဏ်ကောင်းဆက် / ဓာတ်ပုံ-ဌေးအောင် /ကြေးမုံသတင်းစာ
လှေကို လက်ဖြင့်မလှော်ဘဲ ခြေဖြင့်လှော် သည့် ယဉ်ကျေးမှုတစ်ရပ်ကြောင့် အင်းသား လူမျိုးစုများကို လူသိများကြသည်။ ထို့အတူ ¤င်းတို့နေထိုင်ရာဒေသရှိ အင်းလေးကန်နှင့် အင်းလေး ဖောင်တော်ဦးဘုရားများကြောင့် လည်းလူသိပိုများခြင်းဖြစ်သည်။ အင်းသား လူမျိုးစုအများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ပတ်ဝန်းကျင် တွင် အဓိကနေထိုင်ကြပြီး ရပ်စောက်၊ တောင်နီ၊ ဘီလူးချောင်းမှတစ်ဆင့် မိုးဗြဲ၊ ဖယ်ခုံ ဒေသများတွင်လည်း ပျံ့နှံ့နေထိုင်ကြောင်း သိရသည်။
သမိုင်းကြောင်း
ပါးစပ်ရာဇဝင်များအရ အင်းသားလူမျိုးစု များသည် ထားဝယ်အဆက်အနွှယ်များဖြစ်ပြီး အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရာ မှ အင်းလေးဒေသသို့ ရောက်ရှိခဲ့ရာတွင် နောက်တော်ပါ ထားဝယ်သားအချို့ကို ဤဒေသ၌ နေရာချထားခဲ့ရာတွင် နန်းသဲ၊ ဟဲယာရွာမ၊ ရွာကြီးပန်းပုံနှင့် နန်းပန် နောင်တော ဟူသော ရွာလေးရွာကို စတင် တည်ထောင်နေရာချထားပေးခဲ့သည်။ ထိုမှ အင်းလေးရွာဟု ခေါ်တွင်ခဲ့ကြသည်။
ခေတ်သစ် သမိုင်းသုတေသီများကမူ အင်းသားလူမျိုးစုများသည် ပုဂံသား မြန်မာ များဖြစ်ကြောင်း၊ ၉ ရာစုလောက်မှစပြီး မြန်မာပြည်မြေပြန့်ဒေသဘက်သို့ ဆင်းလာကြ သော တိဘက်မြန်မာမျိုးကွဲ အာသံမြန်မာ လူမျိုးစိတ်အစု ခြောက်စုအနက် မြန်မာအစု တွင်ပါဝင်သော လူမျိုးစုများဖြစ်ကြောင်း၊ မြေပြန့်သို့ဆင်းလာရာတွင် လိုက်ပါမလာကြဘဲ အင်းလေးဒေသဘက်သို့ ထွက်ခွာနေရစ်ခဲ့ရာမှ အင်းသားလူမျိုးများအဖြစ် ပေါ်ပေါက်လာ ကြောင်း ပြောဆိုကြသည်။ သမိုင်းကမည်သို့ပင် ဆိုသော်လည်း အင်းသားလူမျိုးစုများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသား အစုတွင်ပါဝင်သော တိုင်းရင်းသားမျိုးနွယ်စု များဖြစ်ပြီး ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ ရှိသော တိုင်းရင်းသားများပင်ဖြစ်သည်။
အင်းသားလူမျိုးစုများသည် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအဖြစ် လက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်ပြီး နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာကြောင်း သိရသည်။ ”အင်းလေး ဒေသမှာ လက်မှုလုပ်ငန်းအနေနဲ့ ပန်းပဲ လုပ်ငန်း၊ ပန်းထိမ်လုပ်ငန်းဟာ လူသိများ တယ်၊ အဓိကတော့ ငွေပန်းထိမ်လုပ်ငန်းဖြစ် ပါတယ်၊ နောက်တစ်ခုက အင်းလေးဒေသမှာ ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးလို့ ပြောရ မယ့် ကျေးရွာအလိုက် လက်မှုလုပ်ငန်းတွေ ရှိပါတယ်၊ ဥပမာ – ဟဲယာရွာမဆိုရင် ရွှေပန်းထိမ်၊ ငွေပန်းထိမ်၊ နမ့်ပန်ရွာကဆိုရင် လက်သမားလုပ်ငန်း (အဓိကလှေလုပ်ငန်း)၊ အင်းပေါခုန်ဆိုရင် ပိုးထည်လုပ်ငန်းနဲ့ ဆီဆုံမြို့ နယ် အနီးတစ်ဝိုက်မှာဆိုရင် ချည်ထည် လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်၊ တခြား ခြံလုပ်ငန်း၊ ရေခြံလုပ်ငန်းတွေလည်း လုပ်ကိုင် ကြပြီး ကျွန်းမျောပေါ်မှာ စိုက်တဲ့စိုက်ပျိုးရေးလုပ်ငန်းကလည်း အင်းလေးဒေသရဲ့ ထူးခြား တဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်၊ ကျွန်းမျော ပေါ်မှာ ခရမ်းချဉ်၊ ပန်းစသည်ဖြင့် စိုက်ပျိုးကြ ပါတယ်”ဟု အင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးသောင်းရွှေ၏ပြောကြားချက်အရ သိရသည်။
အင်းသူအင်းသားတို့၏ ရိုးရာဓလေ့နှင့်ယဉ်ကျေးမှုအမွေအနှစ်များမှ အင်းရိုးရာ စည်သည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ အင်းရိုးရာစည်တွင် ဝင်စည်၊ ထွက်စည်၊ သီတင်းစည်၊ ဧည့်ခံပွဲထိုင်စည်၊ အိုးစည်ကူး ဟူ၍ စည်အမျိုးအစားများရှိသည်။
ဝင်စည်မှာ ဖောင်တော်ဦးမြတ်စွာဘုရား များ ဒေသစာရီကြွချီရာတွင် တီးခတ်သော စည်ဖြစ်သည်။ ပင်မစည်ကြီးတစ်လုံးဖြင့် အရန်စည်ငယ်နှစ်လုံးကို အခေါ်အလိုက် အအုပ်အခံချယ်သ၍ တီးခတ်ရခြင်းဖြစ်သည်။ ထွက်စည်ကို ဘုန်းကြီးပျံအန္တိမဈာပန အခမ်း အနားများတွင် တီးခတ်ကြသည်။ ဘုန်းကြီးလွန်စည်ဟုလည်းခေါ်ကြောင်း သိရသည်။သီတင်းစည်မှာ အဖိတ်၊ ဥပုသ်နေ့များ တွင် သီတင်းသီလဆောက်တည်နိုင်ရန် ဗုဒ္ဓ ဘာသာဝင်များအား နှိုးဆော်ရာတွင် တီးခတ် သော စည်ဖြစ်သည်။ အဖိတ်စည်ဟုလည်း ခေါ်ကြောင်း သိရသည်။ ဧည့်ခံစည်ခေါ် လံစည်ကို အလှူမင်္ဂလာပွဲများ၊ ကဆုန် ညောင်ရေသွန်းပွဲများ၊ ဆွမ်းတော်ကြီးကပ်လှူ ပွဲများတွင် တီးခတ်ကြောင်း သိရသည်။
အင်းသားအိုးစည်ကြီးအကနှင့် မီးဆုခံအက
အင်းသားတိုင်းရင်းသားတို့က အိုးစည်ကူး အကဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ဤအက တွင် ထိပ်ဝမျက်နှာပြင် အကျယ်နှစ်ပေခွဲ၊ အရှည်လူတစ်ရပ်ခန့်ရှိ အိုးစည်ကြီးနှင့်အတူ လင်းကွင်းတစ်စုံ၊ မောင်းကြီးတစ်လုံးတို့နှင့် တွဲဖက်တီးမှုတ်ကကြရသည်။
ညောင်ရွှေနှင့် အင်းလေးဒေသတွင် ရိုးရာ ဓလေ့ထုံးစံအရ ကျင်းပသော ပွဲလမ်းသဘင် များတွင် ယခုထိတိုင် အင်းသူအင်းသားများ ကိုယ်တိုင် ပါဝင်တီးခတ် ကခုန်ကြသည်။ ကိုယ်ဟန်ယိမ်းနွဲ့ကာ လက်ကို ညင်သာစွာ မြှောက်၍ နွဲ့နှောင်းသွဲ့ပျောင်းစွာ ပါဝင်ကပြ လေ့ရှိသည်။ အင်းသားအမျိုးသားများက မိမိတို့တတ်မြောက်ထားသည့် ဗန်တို၊ ဗန်ရှည် သိုင်းပညာကို အနုပညာဟန်ဖြင့် ဖြည်းညင်းစွာ သရုပ်ဆောင်ကပြကြသည်။
ယခုကပြသည့် အိုးစည်ကြီးအကကို ညောင်ရွှေမြို့ ကံသာရပ် အင်းသားအမျိုးသား များက တီးခတ်သရုပ်ဖော်ပြီး ကံသာသူ အမျိုးသမီးငယ်လေးများက ယိမ်းနွဲ့ကာဖြင့် အိုးစည်၊ မောင်း၊ လင်းကွင်းတို့၏ စည်းချက် နှင့်အတူ ကပြဖျော်ဖြေတင်ဆက်ကြသည်။

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Monday, May 07, 2018




=======================
=======================

ဒီတစ်ခါမှာတော့ နေမကောင်းသည့်အခါဖြစ်စေ၊ ထမင်းစားမကောင်းလို့ အစာမကြေချင်သလိုဖြစ်လို့ ဆန်ပြုတ်လေးပြုတ်စားချင်တဲ့အချိန်မှာဖြစ်စေ၊ ကြက်သားဆန်ပြုတ်ပူပူလေး စားနိုင်ဖို့အတွက် အခုပဲကြက်သားဆန်ပြုတ် ပြုတ်နည်းလေးကို ဖော်ပြပေးလိုက်ရပါပြီ။ ဘဲသား ကြိုက်လျှင်တော့ ဘဲသားကို အသုံးပြုပေးနိုင်ပါတယ်။

ကြက်သားဆန်ပြုတ်

ပါဝင်ပစ္စည်းများ

ဆန် - ၁ ဗူး
ကြက်/ ဘဲ သား - (အနည်းငယ်)
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်မြိတ် - အနည်းငယ်
ဂျင်း - (လက်တစ်ဆစ်ခန့်)
 နှမ်းဆီ
ဆား
တရုတ်နံနံ
ပြုလုပ်နည်း

ပထမဦးစွာ ကြက်ရင်ပုံသားအား ရေစင်အောင် ဆေးပြီး ရေထည့်ကာ အသင့် ပြုတ်ထားပါ ။
ကြက်သွန်နီ တစ်လုံးကို ပါးပါးလှီးပြီး ဆီဖြင့် အကြွပ်ကြော်ကာ ဆီစစ် ထားပါ ။
ဆန်နို့ဆီဗူး တစ်ဗူးကို ရေစင်အောင် ဆေးပြီး ရေနို့ဆီဗူး ၃ ဗူး ထည့်ပြီး ပြု တ်ပါ ။
ရေဆူလာလျှင် ဂျင်း လက်တစ်ဆစ်ခန့်အား ဓားပြားရိုက် ထည့်ပြီး မွှေပေးပါ ။
ဆန် ကျက်လာလျှင် ဂျင်းအား ပြန်ဆယ် ထုတ်ပစ်လိုက်ပါ ။   ထို့နောက် အသင့် ပြုတ်ထားသည့် ကြက်သားအား အသားနွှင်ပြီး ထည့်ပါ ။  (ကြက်ကင်ရှိလျှင် ကြက်ကင်အား အသားနွှင်ပြီး ထည့်နိုင်သည် ။)
ဆား အနည်းငယ် ထည့်ပါ ။   နှမ်းဆီ အနည်းငယ်မျှ စမ်းပါ ။   ပဲငံပြာရည်အကြည် (Light Soy-Sauce) အနည်းငယ် ထည့်ပါ ။
အသင့် ကြော်ထားသည့် ကြက်သွန်ကြော် အနည်းငယ် ထည့်ကာ မွှေပေးပါ ။   ထို့နောက် ကြက်သွန်မြိတ် အနည်းငယ် နှင့် တရုတ်နံနံ အနည်းငယ် ပါးပါးလှီး ထည့်ကာ အသင့် သောက်သုံး နိုင်ပါသည် ။
Porridge (ဆန်ပြု တ်) ကို နေကောင်းလို့ပဲ သောက်သောက် ၊ နေမကောင်းလို့ပဲ သောက်သောက် အလွန် အရသာရှိပြီး အနံ့,အရသာဖြင့် ပြည့်ဝ လှသည့် ဆန်ပြုတ် ဖြစ်ပါသည် ။
Credit: Z.T.T

==============

MyFood Myanmar

http://myfoodmyanmar.com/tasty-chicken-porridge/
Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Sunday, May 06, 2018



+++++++++++++++++++++++++%

*ချွေးပေါက်ကျဉ်းစေဖို့ ခောတ်မီတဲ့ အလှပြင်ပစ္စည်းတွေ ဘာလို့အသုံးပြုနေတော့မှာလဲ။ သဘာဝပစ္စည်းလေးတွေနဲ့ ချွေးပေါက်ကျဉ်းစေမယ့် နည်းလမ်းတွေအများကြီးပါပဲ။

*ဒီနည်းလမ်းတွေက မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တာမို့ စာဖတ်သူတို့ သဘောကျနှစ်ခြိုက်ကြမှာပါ။

#ရေနဲ့မုန့်ဖုတ်ဆိုဒါ

ရေနဲ့ မုန်တ်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းဆီကို ရောပြီး သမအောင်မွှေပေးပါ။ ပြီးရင်မျက်နှာပေါ်လိမ်းပေးပြီး ၁၅ မိနစ်လောက်ထားပါ။ မုန့်ဖုတ်ဆိုဒါခြောက်သွေ့ပြီး အရေပြားတင်းလာပြီဆိုရင် ရေအေးနဲ့ ဆေးချပါ။

#ကြက်ဥအကာနဲ့သံပုယိုသီး

သံပုယိုသီး ၁ လုံးကို အရည်ညစ်ပြီး ကြက်ဥအကာနှစ်လုံးနဲ့ရောပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။ ရေအေးနဲ့ မျက်နှာသစ်ချပါ။ ချွေးပေါက်ကျည်းစေနိုင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးသလို အဆီပျံတာကို သက်သာစေပါတယ်။

#ခရမ်းချည်သီးနဲ့သံပုရာသီး

သံပုယိုသီး ၄ စက်လောက်ကို ခရမ်းချဉ်သီးအနှစ်နဲ့ရောပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက် လိမ်းပေးထားပါ။ ပြီးရင်ရေအေးနဲ့ မျက်နှာသစ်ချပါ။

ချွေးပေါက်ကျဉ်းစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

#သံပုယိုသီးနဲ့နာနတ်သီး

သံပုယိုသီး တစ်ဝက်ကို အရည်ညစ်ပြီး နာနတ်သီးအရည် ခွက်တစ်ဝက်လောက်နဲ့ ရောပြီးပါ။ ပြီးရင် မျက်နှာပေါ်မှာလမ်းပေးပြီး ၅ မိနစ်လောက်ထားကာ ရေအေးနဲ့မျက်နှာသစ်ပါ။

မေတ္တာဖြင့်…

CREDIT - MyFood Myanmar

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



-
အနံ့ အရသာနှင့်ပြည့် စုံသော ဒူးရင်းသီး ပင်များ၏ ဌာနေဒေသမှာ ဘရူနိုင်း၊ အင်ဒိုနီးရှား နှင့် မလေးရှားတို့ ဖြစ်ကြပြီး၊ ကမ္ဘာ ပေါ်တွင် ဒူးရင်းပင် မျိုးစိပ်ပေါင်း ၃၀ ရှိရာ၊ ၉-မျိုးသာ စား၍ရပါသည်။ အပင်စိုက်ပြီး ၄-၅ နှစ်ခန့် ကြာမှ စတင်အသီးသီးလေ့ရှိပြီး၊ အသီးမှည့်၍၊ ၂-ရက် မှ ၄-ရက်အကြာတွင် သူ့အလိုလို ကြွေကျတတ်ရာ၊ အဆူးမာ အခွံများ၏ အန္တရာယ်ကြောင့် ဒူးရင်းသီးများ ရင့်မှည့်သော ရာသီရောက်ပါက၊ အပင်အောက်မှ သတိ ထားပြီးဖြတ်သန်း သွားလာသင့်သည်။

ခူးဆွတ်ပြီး ၅-ရက် မှ ၆-ရက် အတွင်း စားသုံးပါက အရသာ ပိုရှိသည်။ အချို့ ကလဲ စူးရှသော ရနံ့ ရှိသည်ဟူ၍ မနှစ်သက်ကြပါ။ သို့ သော် မြည်းစမ်းကြည့် လိုက်ရာ၊ နူးညံ့ချိုမွှေး အီဆိမ့်ပြီး အရသာကောင်းမှန်း သိသွား၍ စွဲလန်း သွားကြပါသည်။ ဒူးရင်းသီး၏ ထူးခြားသောအရသာ ကြောင့် အရှေ့ တောင်အာရှနိုင်ငံများတွင်၊ ၄င်းကို "အသီးမှာဘုရင်" ဟု တင်စားခေါ်ဝေါ်ကြသည်။

(၁) ဒူရင်းသီး အနှစ်သားသည် ပရိုတင်းဓာတ် ကြွယ်ဝရုံသာမက၊ လူသားတို့ ကျန်းမာရေးအတွက် အကျိုးပြုဗီတာမင်နှင့် သတ္တု ဓာတ် (၁၇)မျိုးပါရှိသည့်အတွက် နာလန်ထစလူနာများ ခွန်အားပြည့် ဓာတ်စာအဖြစ် မှီဝဲနိုင်သည်။

(၂) ဒူးရင်းသီး အနှစ်သားထဲတွင် သဘာဝသကြားဓာတ် ပါရှိကာ၊ အလွန်နူးညံ့ အစာကြေလွယ်သဖြင့် ကိုယ်အလေးချိန်မပြည့်သော ကလေးငယ်များအတွက် ဖြည့်စွက်စာအဖြစ် ကျွေးမွေးသင့်သည်။

(၃) သံဓာတ်နှင့်ဖော့စဖရက်တို့ သည် ဌက်ပျောသီးတွင် ပါဝင်မှုထက် ၁၀-ဆကျော်ပိုမိုသဖြင့် ကလေးမီးဖွာပြီးစ မိခင်များ ဒူးရင်းသီး စားသုံးခြင်း (သို့ မဟုတ်) အခွံကိုမီးမြှိုက်၍ အခွံအတွင်းသား အမျှင်များကို စားသုံးရန် အထူးသင့်တော်သည်။

(၄) အသီးထဲတွင်ပါဝင်သော အဆီဓာတ်သည် အခြားအသီး အနှံများထက် အဆီဓာတ် ပါဝင်မှုမြင့်မားသော်လဲဘဲ၊ ကိုလက်စထရော ကင်းသော အဆီဓာတ်ဖြစ်သည်။

(၅) အစာကြေလွယ်သော အမျှင်ဓာတ် များပေါကြွယ်ဝစွာ ပါရှ•ိသောကြောင့် ၀မ်းပျော့စေပြီး၊ အူသိမ်အူမထဲရှိ အရိအချွဲများကို လျော့ စေကာ အူမကြီး ကင်ဆာဖြစ်ပွာခြင်းမှ ကာကွယ်ပေးသည်။ အလွန်အမင်း ၀မ်းချုပ်ပါက၊ ဒူးရင်းသီးအခွံ၏ အတွင်းသားဖြင့် ၀မ်းဗိုက်ကို ပွတ်တိုက်ပေးနိုင်သည်။

(၆) ခန္ဓာကိုယ် ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဗီတာမင် B Complex များကြွယ်ဝသောကြောင့် ကိုယ်ခံစွမ်းအားမြင့်မား ကာ၊ ပြင်ပရောဂါများကို အလွယ်တကူ မကူးစပ်နိုင်အောင် တိုက်ထုတ်ပေးသည်။

(၇) ဒူးရင်းသီး အနှစ်သားသာမက၊ အမြစ်နှင့် အရွက်တို့ ကို တိုင်းရင်းဆေးဆရာများက အပြင်းဖျားနာခြင်း နှင့် အသားဝါရောဂါ ကုထုံးများတွင် အသုံးပြုလေ့ရှိသည်။

(၈) သွေးသန့် စေသည့်ပြင် သွေးနီဥဆဲလ်များကို ထုတ်လုပ်ပေးပြီး၊ သံဓာတ်နှင့် ဖောလစ်အက်ဆစ်တို့ ကြွယ်ဝသဖြင့် သွေးအား နည်းရောဂါကိုလည်း မဖြစ်စေပါ။

(၉) နှလုံးခုန်နှုန်းနှင့် သွေးဖိအားတို့ ကိုထိန်းချုပ်ပေးသည့် ပိုတက်စီယမ်လဲ ကြွယ်ဝစွာ ပါရှိသည်။

(၁၀) ဦးခေါင်းပေါ်ရှိ ဒက် နှင့် အရေပြားပေါ်ရှိ ပွေးကွက်များအတွက် အရွက်ပြုတ်ရည်ဖြင့် လိမ်းကျံပေးနိုင်သည်။

(၁၁) ကော့ပါးဓာတ် ပါရှိသဖြင့် သိုင်းရွိုက် (လည်ပင်းအကျိတ် )ဝေဒနာသည် များကို ကောင်းကျိုးပြုသည်။

(၁၂) ပရိုတင်းဓာတ် ကြွယ်ဝမှုကြောင့် ကြွက်သားများ ကောင်းမွန်စွာ တည်ဆောက်မှုကို အထောက်အကူပြုပေးသည်။

(၁၃) သွေးလည်ပတ်မှုကို အားပေးပြီး၊ ကာမစိတ်ကို အစွမ်းကုန်လှုံ့ ဆော်ပေးသည်။

(၁၄) အသီးထဲတွင် မဂ္ဂနီစီယမ်၊ ဗီတာမင်ဘီ နှင့် ပိုတက်စီယမ်တို ကြွယ်ဝစွာ ပါရှိခြင်းကြောင့် အရိုးနှင့် အရိုးဆက်များ ကျန်းမာရေးကို ကောင်းစွာ ပံ့ပိုးပေးသည်။

(၁၅) ခြေသည်း/လက်သည်း မှိုပိုးစွဲခြင်းများအတွက် ဒူးရင်းသီးပင်အမြစ်က ကောင်းစွာ ကုသပေးနိုင်စွမ်း ရှိသည်။

(၁၆) မဂ္ဂနီးစ်ဓာတ် ပါရှိခြင်းကြောင့် သွေးထဲရှိ သကြားပမာဏကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေးသည်။

(၁၇) မီးစုန်းဓာတ် ပါရှိသဖြင့် သွားနှင့်သွားဖုံး ကျန်းမာရေးကို ကောင်းစွာမြှင့်တင်ပေးသည်။

(၁၈) ဒူးရင်းသီးအခွံကို အိမ်ယာ ကုတင်အောက်ထားခြင်းဖြင့် ကြမ်းပိုး နှင့် ခြင် အန္တရာယ်တို့ မှ ကင်းဝေးစေသည်။

(၁၉) Pyridoxine (ခေါ်) ဗီတာမင်B6 နှင့် အမိုင်နိုအက်ဆစ် တမျိုးဖြစ်သော tryptophan တို့ ပါဝင်သဖြင့် စိတ်ကျရောဂါများ၊ စိုးရိမ်ကြောင့်ကြဖြစ်ခြင်းနှင့် စိတ်ဖိစီးခြင်း စသည့်ဝေဒနာများ ကိုပြေပျောက်စေကာ၊ အိပ်မောကျ၍ ဉာဏ်ရည်ကိုတိုးတက် ကောင်းမွန်စေသည်။

(၂၀) riboflavin (ခေါ်) ဗီတာမင်B2 ပါရှိသဖြင့် ခေါင်းတခြမ်း ကိုက်ခြင်းမှ သက်သာစေသည်။

(၂၁) သီအာမင်နှင့်နီအာစင်း ဓာတ်ပါရှိခြင်းကြောင့် ဒူးရင်းသီးစားပြီးနောက် ဗိုက်ဝသွားကာ နောက်ထပ်အစာစားချင်စိတ်ကို ချိုးနှိမ် ပေးသည်။

(၂၂) ဓာတ်ခွဲ စမ်းသပ်ချက် များအရ၊ ဓာတ်တိုးဆန့် ကျင် ပစ္စည်းတမျိုးဖြစ်သော ဗီတာမင်စီ RDA ရာခိုင်နှုန်းအပြည့်အ၀ပါရှိသဖြင့်၊ ခန္ဓာကိုယ်အတွက် မလိုလားအပ်သော free radicals များကိုတိုက်ထုတ်ပေး၍ ကူးစက်ရောဂါများမှ ကာကွယ်ပေးကြောင်း၊ ထိခိုက်ဒဏ်ရာများ အနာကျက်လွယ်စေကာ အရေပြားကို ကျန်းမာစေကြောင်း၊ အရွယ်တင်နုပျိုစေကြောင်း လေ့လာ သိရှိရသည်။

#သတိပြုရန်....

(က) ဒူးရင်းသီးသည် အရက်နှင့်လုံးဝ ဓာတ်မတည့်ပါ။ တွဲစားမိပါက၊ အူချဉ်နာ၊ လေထိုးလေအောင့်နာဖြစ် စေ နိုင်သည်။ (ခ) အပူဓာတ်ဖြစ်ကာ၊ သကြားဓာတ် အမြောက်အများ ပါရှိသည့်အတွက်၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများနှင့် ဆီးချို ရောဂါသည်များ မစားသင့်ပါ။ (ဂ) ကျန်းမာရေးအတွက် ကောင်းကျိုးပြုသော်လည်း အလွန်အကျွံ စားသုံးပါက၊ သွေးတိုးခြင်း/ အပူကန်ခြင်းစသည့် နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်စေတတ်သည်။

 (အပူစင်စေရန်အတွက် ဒူးရင်းသီး စားပြီးတိုင်း ဒူးရင်းသီးအခွံထဲရေထည့်သောက်ပြီးမင်းကွတ်သီး အနည်းငယ် စားပေးပါ)

သို့ ပါ၍ ဒူးရင်းသီးကို သင့်တင့်မျှတစွာ စားသုံးခြင်းဖြင့် အထက်ပါကျန်းမာရေး အကျိုးကျေးဇူးများကို အရယူနိုင်ပါသည်။

ဒူးရင်းဝယ်တဲ့အခါ အချက်(၃)ချက်ကို ကြည့်ပြီးရွေးဝယ်ပါ။
(၁) ဒူးရင်းသီးရဲ့ဆူးတွေဟာတိုနေရပါမယ်။
(၂) ဒူးရင်းသီးရဲ့ ဆူးလိုင်းတွေဟာ ကျဲနေရပါမယ်။
(၃) ဒူးရင်းသီးရဲ့ အညှာဟာ ဖြောင့်တန်းနေရပါမယ်။ ဒီအချက်(၃)ချက်နဲ့ ကိုက်ညီတဲ့
ဒူးရင်းသီးတွေဟာ အနံ့၊ အရသာတွေနဲ့ ပြည့်စုံတဲ့ ဒူးရင်းသီးကောင်းတစ်လုံးရဲ့ လျှို့ဝှက်ချက်တွေပါပဲ။

ဒူးရင်းသီးမှည့် မမှည့်ဆိုတာ  အချက်(၂)ချက်နဲ့ သိနိုင်ပါတယ်။
(၁) ဒူးရင်းသီးကိုနမ်းကြည့်ပြီး မှဲ့မမှဲ့သိနိုင်ပါတယ်။ လှိုင်လှိုင်မွှေးနေပြီဆိုရင် အသင့်စားလို့ရနေပြီ
ဆိုတာ သိနိုင်ပါတယ်။
(၂) ဒူးရင်းသီးကို လှုပ်ခါကြည့်ရင်လည်း မှဲ့ မမှဲ့သိနိုင်ပါတယ်။ မှဲ့နေပြီဖြစ်တဲ့ ဒူးရင်းသီးဟာ
အတွင်းကအဆံဟာ မသိမသာလေး ချောင်နေတာကိုသိထားရပါမယ်။
ကမ္ဘာမှာဈေးအများဆုံးက ဒူးရင်းသီးဖြစ်ပါတယ်
ဒူးရင်သီး တစ်လုံးကို ဘတ်ငွေ 2 သိန်းကျော်မှ 3 သိန်း (ကျပ်သိန်း 80 မှ သိန်း 120 ခန့် ) အထိတန်ဘိုးမြင့်ရောင်းချနိုင်ခဲ့တယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနောက်ဘက်အရပ် နွန်ထါ့ဘူရီ ခရိုင်း နာမည်ကြီး ဒူးရင်းခြံက ဒူးရင်းသီး မွန်ထောင်းမျိုး 6 လုံး ညှာတံရှည်(ကန့် ယောင်း) မျိုး 3 လုံး စုစုပေါင်း 9 လုံးကို လေလံတင်ခဲ့တယ်။ တစ်လုံးကို မွန်ထောင်းက ဘတ် 2 သိန်းမှ 2သိန်းကျော်အထိရရှိပြီး ညှာတံရှည် (ကန့် ယောင်း) မျိုးက ဘတ် 2 သိန်းခွဲမှ 3 သိန်းအထိရရှိပါတယ်။
ဒူးရင်းသီးပြပွဲနဲ့ အတူလေလံပွဲကို 8-12 ဇွန် 2017 ရက်နေ့ အထိ ဘန်ကောက်မြို့ က ကုန်တိုက်တခုမှာ ပြုလုပ်ခဲ့ပြီး လေလံပွဲကို ဇွန်လ 10 ရက်နေ့ မှာကျင်းပခဲ့တာဖြစ်ပါတယ်။ 
နွန်ထါ့ဘူးရီခရိုင်က ဒူးရင်းသီးက ရေမြေအနေအထားကြောင့် အရသာပိုထူးကဲတယ်လို့ နာမည်ရထားပါတယ်။ ဒူးရင်ခြံတစ်ခြံဆိုရင် တစ်လုံးကို ဘတ် 5000 (ကျပ် 2 သိန်း) ကနေ ဘတ် 20000 (ကျပ် 8 သိန်း) အထိဈေးနှုန်းနဲ့ 
ရောင်းချနေတယ်။ ၀ယ်ချင်သလို ၀ယ်လို့ မရဘူး။ တစ်နှစ်ကြိုတင်ငွေနဲ့  မှာထားရပါတယ်။ 
နွန်ထါ့ဘူရီ ခရိုင် ဘန်ကောက်မြို့ နီးလို့  တိုးတက်ဖွံ့ ဖြိုးလာတောကြောင့် သစ်သီးခြံတွေကို ရောင်းပြီး အိမ်ယာတိုးချဲ့ တဲ့လုပ်ငန်းတွေဖြစ်ကုန်တယ်။ အခုလို လေလံပွဲပြုလုပ်တာဟာ ခြံမြေတွေကနေ ၀င်ငွေကောင်းအောင်လုပ်နိုင်စွမ်းရှိတာကို ပြသနိုင်ပြီး ခြံမြေတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အတွက်ဖြစ်တယ်လို့ နွန်ထါ့ဘူရီခရိုင်ဝန်က လေလံပွဲမှာပြောကြားပါတယ်။

Credit-ပုလဲညို



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Nausea and Vomiting ပျို့ချင်အန်ချင်
 
ကန်တော့ပါ။ အင်္ဂလိပ်စာလုံးတွေကို ကျော်ဖတ်နိုင်။ ဆောရီး။
 
၁။ ဆရာရှင့် ကျွန်မအသက် ၂၃ နှစ်ပါ အိမ်ထောင်မရှိပါဘူးရှင် မနက်တိုင်းလိုလို အဝါရောင် အရည်တွေအန်နေပါတယ်ရှင် ဘာဖြစ်တာလဲဆိုတာ သိလို့ရမလားရှင် တခါတလေ အချွဲတွေပါ ပါတယ်ရှင် (တစ် ၂ လုံးကို ပြင်လိုက်တယ်။ ရာသီ မသိ။)
 
၂။ မ Female 4days စားပီး စားသမျှ ပြန်အန် အပျိုပါဆရာ
 
အသက် ၄ ရက်သမီး။ အပျို။ နားမလည်ပါ။ ဆောရီး။
 
ဖြစ်တာ 4ရက်ပါ အသက်က ၂၅
 
ရာသီ မပြော။ တခြား သံသယရှိစရာ မသိ။ ဘလော့မှာ ဖတ်နိုင်။
 
စားသမျှ ပြန်ပီး အန်ပါတယ် ရာသီလာပါတယ်ဆရာ ဆရာဝန်တွေက အစာအိမ်ဆေး ပေးတယ်ဆရာ
 
ပျို့ချင်-အန်ချင်တာဟာ ရောဂါတခုခုရဲ့ လက္ခဏာသာဖြစ်တယ်။ ရောဂါမဟုတ်ပါ။ အန်ချင်တာကို အကြောင်းတရား အများကြီးကနေဖြစ်စေတယ်။ အစာအိမ်ရောင်တာ၊ အစာဆိပ်သင့်တာလို သိပ်မဆိုးတာနဲ့ ဦးနှောက်ကင်ဆာလို ဆိုးတာကနေလဲ ဖြစ်စေနိုင်တယ်။ မအန်ခင် ပျို့လာပေမဲ့ ပျို့တိုင်းတော့ မအန်ဘူး။ အန်တာများရင် ဝမ်းလျှောသူတွေလိုဘဲ ဓါတ်ဆားရည်တိုက်ရ သွင်းနိုင်တယ်။ အအန်ပျောက်ဆေး တခါတလေ လိုမယ်။
 
အန်တာနဲ့ အစာအိမ်ထဲကဟာတွေ အထက်ဆန်တာနဲ့မတူပါ။ အန်တာက အင်နဲ့အားနဲ့ အစာအိမ်ထဲက ရှိသမျှကို ထုတ်ပြစ်တာ။ နောက်တမျိုးက အားမပါဘူး။ အန်လို့ နောက်ဆက်တွဲဖြစ်လာနိုင်တာတွေ ရှိတယ်။ အန်ဖတ်က အသက်ရှူလမ်းထဲရောက်တာ။ အန္တရာယ်ရှိတယ်။ အလိုလို တုံ့ပြန်နိုင်စွမ်းနဲ့ ချောင်းဆိုးတုံ့ပြန်မှုကနေ ကာကွယ်ပေးမယ်။ ဒါပေမဲ့ မေ့ဆေးပေးထားသူ၊ အရက် သောက်ထားသူတွေမှာ ဒီအစွမ်းနည်းနေတယ်။ ရေဓါတ်၊ ဆားဓါတ်နည်းခြင်း အန်တာများရင်ဖြစ်မယ်။ အက်စစ်ဓါတ်နဲ့ ကလိုရင်းတွေ နည်းလာမယ်။ Alkaline တွေများလာမယ်။ Hypochloremic metabolic alkalosis လို့ခေါ်တယ်။ Hypokalemia ဖြစ်လာနိုင်တယ်။ မစားနိုင်ရာကနေ အားယုတ်လာမယ်။ Metabolic acidosis အထိ ဖြစ်နိုင်သေးတယ်။ အန်ဖန်များရင် အစာမြိုပြွန်စုတ်ပြဲတာဖြစ်နိုင်တယ်။ တချို့သွားကိုထိခိုက်စေမယ်။
 
ဇီဝရောဂါဗေဒ
ဦးနှောက်ထဲက Fourth ventricle နေရာမှာ Receptors အာရုံခံတွေကြောင့် အန်တာဖြစ်တယ်။ Postrema ခေါ်တယ်။ အန်တာမှာ အဆင့် ၂ ခုရှိတယ်။ အစပိုင်းမှာ ဗိုက်ကြွက်သားတွေ၊ အသက်ရှူကြွက်သားတွေက အလုပ်ပို လုပ်လာတယ်။ ကျို့ထိုးသလိုဘဲ။ Retching phase ခေါ်တယ်။ ဘာမှ အန်ထွက်မလာသေးဘူး။ Expulsive phase အဆင့်မှာ အားနဲ့ အတ်ထုတ်တာကို ဗိုက်နဲ့ ရင်ခေါင်းကြား ခြားထားတဲ့ ကြွက်သားကြီး Diaphragm ကလုပ်ပေးတယ်။ ဒီအဆင့်မှာ ဗိုက်ကြွက်သားတွေလဲ တအားညှစ်တယ်။ အစာမြိုပြွန်အရင်းက အထိန်ကို လျှော့စေလို့ အစာအိမ်ထဲက ရှိသမျှ ထွက်လာတော့တယ်။
 
အန်တဲ့အထဲပါတာကို Vomitus (Vomit) အန်ဖတ် ခေါ်တယ်။ သွေးလတ်လတ်ဆတ်ဆတ်ပါတာကို Hematemesis ခေါ်တယ်။ သွေးဟောင်းနေတာပါရင် Coffee grounds ကော်ဖီညိုရောင် အန်မယ်။ Fecal vomiting အစာဟောင်းလည်း ပါနိုင်တယ်။ အူပိတ်တာနဲ့ Gastrocolic fistula တွေကနေ ဖြစ်စေမယ်။ နီရဲနေရင် အစာမြိုပြွန်ကလာတဲ့သွေး၊ အနီရင့်ရောင်နဲ့ သွေးခဲလေးတွေပါနေရင် အစာအိမ်ကနေလာတယ်။ ကော်ဖီရောင်က သွေးယိုတာသိပ်မများဘူး။ သွေးနဲ့ အစာခြေရည်ကနေ အရောင်ပြောင်းစေတာဖြစ်တယ်။ ဝါနေတာက သည်းခြေရည်ပါနေလို့။ သည်းခြေရည်များနေရင် အရောင်စိမ်းမယ်။
 
အကြောင်းတရားတွေ –
၁။ Digestive tract အစာခြေလမ်းအကြောင်းများ
• Gastritis အစာအိမ်ရောင်ခြင်း၊
• Gastroenteritis အစာအိမ်နဲ့အူရောင်ခြင်း၊
• Gastroesophageal reflux disease အစာအိမ် + အစာမြိုပြွန်ကနေ အထက်ဆန်းခြင်း၊
• Pyloric stenosis အစာအိမ်ကနေအောက်ဆင်းတဲ့နေရာ ကျဉ်းနေခြင်း၊ မွေစကလေးဆိုရင် အရေးပေါ်ခွဲကုသရမယ်။
• Bowel obstruction အူပိတ်နေခြင်း၊
• Overeating အစားများခြင်း၊ အန်ထွက်အောင်စားတယ်ဆိုာမျိုး၊
• Acute abdomen and/or peritonitis ရုတ်တရက် ဝမ်းတွင်းမြှေးရောင်ခြင်း၊ အရေးပေါ်ဖြစ်တယ်။
• Ileus အူအလုပ်မလုပ်တော့ခြင်း၊
• Food allergies အစာ အလာဂျီဖြစ်ခြင်း၊
• Cholecystitis, Pancreatitis, Appendicitis, Hepatitis သည်းခြေအိတ်၊ သရက်ရွက်၊ အူအတက်၊ အသည်းရောင်ခြင်း၊ • Food poisoning အစာဆိပ်သင့်ခြင်း၊
 
၂။ Sensory system and brain ဦးနှောင်အာရုံခံစနစ်ချို့ယွင်းခြင်းများ
• Motion sickness ခရီးသွားမူး-အန်ရောဂါ၊
• Ménière’s disease (မင်နရီးစ်) ရောဂါ၊
 
၃။ Causes in the brain ဦးနှောက်ထဲကရောဂါတွေ
• Concussion ဦးနှောက်ထိခိုက်ခြင်း၊
• Cerebral hemorrhage ဦးနှောက်ထဲသွေးယိုခြင်း၊
• Migraine မိုင်ဂရင်းရောဂါ
• Brain tumors ဦးနှောက်အကျိတ်၊
• Benign intracranial hypertension and hydrocephalus ဦးနှောက်ထဲဖိအားများခြင်း၊ အရည်များခြင်း၊
 
၎။ Hypercalcemia ကယ်လ်စီယမ်များနေခြင်း၊
• Uremia ကျောက်ကပ်မကောင်းလို့ ယူရီယာများနေခြင်း၊
• Adrenal insufficiency အဒရီနယ်လ်ဂလင်းမကောင်းခြင်း၊
• Hypoglycemia သကြားဓါတ်နည်းခြင်း၊
• Hyperglycemia သကြားဓါတ်များခြင်း၊ ဆီးချို၊
 
၅။ Pregnancy ကိုယ်ဝန်
• Morning sickness ကိုယ်ဝန်ရှိစလက္ခဏာ၊
• Hyperemesis ကိုယ်ဝန်ရှိစဉ် အလွန်အန်ခြင်းရောဂါ၊
 
၆။ Drug reaction ဆေးဝါးများ
• Alcohol အရက်၊
• Opioids ဘိန်း၊
• Selective serotonin reuptake inhibitors ဆေး၊
• Chemotherapy drugs ကင်ဆာဆေးများ၊ Entheogens ဆေးများ၊
• Stomach flu အစာအိမ် တုပ်ကွေး၊
 
၇။ Emetics အန်ဆေးတွေ
Syrup of ipecac, Salt water, Mustard water, Copper sulfate တွေဖြစ်တယ်။
 
၈။ Social cues လူမှုရေးအကြောင်းခံများ
အနားကလူတယောက် အန်တာကိုမြင်တာနဲ့ ကိုယ်ပါအန်ချင်လာတတ်တယ်။ အနံ့ဆိုးရင် ပိုဖြစ်စေနိုင်တယ်။ မသတီတာ တွေ့ရင် အန်ချင်တယ်။ အသံမကြိုက်လွန်းတာကနေလဲ အန်ချင်တယ်။ ခေါင်းကိုက်လွန်းလို့၊ နာကျင်လွန်းလို့၊ စိတ်လှုတ်ရှားမှုလွန်ကဲလို့လဲ အန်မယ်။
 
၉။ Miscellanea တခြားအကြောင်းတရားများ
• Self-induced ကိုယ့်ဖါသာလက်ထိုးအန်ခြင်း၊
• Anorexia nervosa or Bulimia nervosa အစားအသောက်ရောဂါ၊
• Poisoning အဆိပ်သောက်လို့ အန်အောင်လုပ်ပေးရတာ၊
• Postoperative ခွဲစိတ်ပြီးအန်ခြင်း၊
• Anxiety စိုးရိမ်စိတ်ကဲခြင်း၊
• Depression စိတ်ဓါတ်ကျခြင်း၊
 
ဘယ်လိုကုသမလဲဆိုတာ အကြောင်းခံအပေါ်မှာ မူတည်တယ်။ ရေဓါတ်မနည်းစေရဘူး။ ကြည်လင်တဲ့အစာရေစာတွေ သောက်ပါ။ တခါတည်း အများကြီးမသောက်ပါနဲ့။ နွားနို့ကို ၂၄-၄၈ နာရီကြာ ရှောင်ထားသင့်တယ်။ Bananas, Applesauce, Rice, Toast (BRAT diet) ခေါ်တာ စားသင့်တယ်။ ၂၄ နာရီအထိ မရပ်ရင် ဆရာဝန်ပြပါ။ သွေးကြောထဲ ဆေးသွင်းရနိုင်တယ်။ ကလေးငယ်တွေက ရေ-ဆားနည်းတာကို ခံနိုင်မရှိကြဘူး။
 
Antiemetics အအန်ပျောက်ဆေးကို အများအားဖြင့် ကိုယ်ဝန်ရှိစအန်တာနဲ့ ဆေးဘေးထွက်-ဆိုးကျိုးကြောင့် အန်တာအတွက် သုံးတယ်။ Anticholinergics, Antihistamines, Dopamine antagonists, Serotonin antagonists နဲ့ Cannabinoids ဆေးအမျိုးအစားတွေမှာလဲ ဦးနှောက်ကိုသက်ရောက်တာဆင်လို့ အအန်ပျောက်စေတဲ့အစွမ်းရှိတယ်။ အအန်ပျောက်ဆေးတွေက ဆေးပြား၊ ဆေးရည်၊ ထိုးဆေးတွေရှိတယ်။ စအိုထဲကနေပေးနိုင်တဲ့ဆေးလဲရှိတယ်။
 
1. Promethazine (Phenergan)
2. Prochlorperazine (Compazine)
3. Droperidol (Inapsine)
4. Metoclopramide (Reglan) နဲ့
5. Ondansetron (Zofran) တွေဖြစ်ကြတယ်။
 
ဆေးပညာစာဖြစ်လို့ စုံအောင်ရေးပါတယ်။ တချို့မှာ စိုးရိမ်စရာမရှိပဲ ပျောက်ပါတယ်။
 
Nausea and Vomiting ပျို့ချင်-အန်ချင်http://dts-medicaleducation.blogspot.com/2011/02/nausea-and-vomiting.html
Anti Emetics အအန်ပျောက်ဆေးများhttps://doctortintswe.blogspot.com/2015/01/anti-emetics.html
 
Credit-​ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့်  ​ဖော်ပြပါသည်။)

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

,

Download blog apk


အဆင်ပြေပါစေမိတ်ဆွေ မင်္ဂလာပါ မိတ်ဆွေများကိုကြိုဆိုပါတယ်ခင်ဗျာ

သုတရသနည်းပညာဆော့ဝဲအားဒေါင်းယူရန်-download Apk-ဆိုတဲ့ပုံလေးကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် -၀ါသနာတူဘော်ဒါများကိုကြိုဆိုပါတယ်

ကျွန်တော့်APKလေးကိုဒေါင်းလော့လုပ်ပြီးအားပေးကြပါဦးနော်

iOS

data lable="ios"

Business

လည်ပတ်ရန်နေရာလေး

နည်းပညာနှင့်ပတ်သက်သောစာအုပ်များကိုဒေါင်းယူနိုင်ပါသည်

Sponsor

Contact Form

Name

Email *

Message *

Facebook ဆိုင်ရာနည်းလမ်းများ

အသစ်တင်သမျှမေလ်းကရစေရန်မေလ်းလိပ်စာချန်ခဲ့ပေးပါ

,

မူပိုင်-စိုးမိုးအောင် (၂၀၁၄ ခုနှစ်မှစတင်၍ဝါသနာအရရေးသားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်ပြန်လည်ရေးသားခဲ့ပါသည် . Powered by Blogger.

,

Ads

,

Ads

Total Pageviews

Post Top Ad

Post Top Ad

ကြော်ငြာလေးတချက်ကလစ်ပေးပါနော်

Breaking

Technology

3/Tech/feat-grid

Facebook မှလည်းဖတ်ရှု့နိုင်ပါတယ်

Random Posts

Recent Posts

ယနေ့ငွေကြေးဈေးကွက်

Extra Ads

ကြော်ငြာထည့်သွင်းရန်

Followers

,


လာရောက်လည်ပတ်သူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

ဘလော့နည်းပညာများလေ့လာရန်

Create your own banner at mybannermaker.com!

Follow Me

မိတ်ဆွေတို့ရဲ့စကားသံများ

အားပေးမှုကိုမှတ်တမ်းတင်ထားပါတယ်ခင်ဗျာ

Sports

3/Sports/col-left

Recent Comments

Technology

3/Technology/col-right

Box

နေ့တိုင်းလာလည်ဖို့ဖိတ်ခေါ်ပါတယ် ရှာဖွေတွေ့ရှိသမျှလေးတွေ, သတင်း, သုတ, ရသ, နည်းပညာများကိုတင်ဆက်ပေးသွားပါ့မယ် အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်

Popular Posts

slider