Friday, August 31, 2018



Friday, August 31, 2018 
*****************************************************
 မြန်မာနိုင်ငံ၊ ကိုယ်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မနေ့က သြဂုတ်လ ၃၀ ရက် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ ကျင်းပပါတယ်။ 

အစည်းအဝေး ၃ ကြိမ်မှာ ဆုံးဖြတ်ချက်ပေါင်း ၁၆ ချက် ချမှတ်ခဲ့ကြောင်း၊ အဲဒီ ၁၆ ချက်အနက် ၁၃ ချက် ဆောင်ရွက်ခဲ့ပြီး ဆောင်ရွက်ဆဲက ၃ ချက် ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။ 

နိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်နေပြီး ပထမအဆင့်က တခြားနိုင်ငံပိုင် ဂြိုဟ်တုထရန် စပွန်ဒါကို ငှားရမ်း ငွေပေးချေပြီး သုံးစွဲနေတဲ့ MyanmarSat-1 ငှားရမ်းမှု ဖြစ်ပါတယ်။ ဒုတိယအဆင့်က အချိုးကျပူးတွဲပိုင်ဆိုင်မယ့် MyanmarSat-2 ဂြိုဟ်တုဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လမှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တတိယအဆင့်ကတော့ မြန်မာနိုင်ငံက အလုံးစုံပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်မှုတို့ ဖြစ်ကြပါတယ်။ 
MCN
Credit >> Myanmar Online News


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO


VK ဆိုင်ရာ အခက်အခဲပေါင်းစုံ နှင့် အသုံးပြုနည်းများကို ဒီဆော့ဝဲမှာ ပုံလေးတွေနဲ့  မြန်မာလို ရှင်းပြပေးထားပါတယ်။
VK ကို အခုမှ စသုံးမယ့် သူတွေအတွက် အထောက်အကူအများကြီးပြုမှာ အာမခံပါတယ်။
ဒေါင်းယူပြီးတော့ အားပေးကြပါအုံး။
Update ထွက်ရင်လည်း အားပေးကြပါအုံး။
အားလုံးအဆင်ပြေပါစေ။




အသုံးပြုလိုသူများအောက်မှာဒေါင်းပါ
       ဒေါင်းရန်လင့်-ဒေါင်း ရန်နှိပ်ပါ


Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO


VK အသုံးများလာလို့
ဗွီဒီယိုဒေါင်းနည်းလေး
ပုံထဲကအတိုင်း Copy Video URL ကို နှိပ်
👇👇👇👇👇
    

ဗွီဒီယိုဒေါင်းရန်နှိပ်ပါ


 👆 👆 👆 👆
အဲ့ Link ထဲသွား
Past လုပ်ပြီးဒေါင်း
ဒါပဲ
YouTube က ဗွီဒီယိုတွေလဲ အဲ့လိုပဲ ဒေါင်း

Credit-ShweWitty

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Wednesday, August 29, 2018

လူကြိုက်များလာတဲ့ ရုရှား လူမှုကွန်ရက် VK (VKontakte) Apk ကို
ဖုန်းမှာ ဘယ်လို Download ဆွဲမလဲ..(PLAYSTKRE) မရသူများအတွက်.
+++++++++++++++++++++++++
ရုရှားနိုင်ငံမှာသာမက ကမ္ဘာ့အနှံ့အပြားမှာပါ VK (VKontakte) ကို တွင်ကျယ်စွာ အသုံးပြုနေပြီး ကမ္ဘာ့ လူကြိုက်အများဆုံး Social Network၁၀ ခုထဲမှာ ၁ ခုအပါအ၀င်ဖြစ်ပါတယ်။အခုဆိုရင် မြန်မာပြည်က လူတော်တော်များများလည်း VK (VKontakte) ကို အသုံးပြုနေကြပါပြီ။Facebook နဲ့ Features တွေ သိပ်မကွာတဲ့အပြင် သုံးရတာမခက်ခဲဘဲအလွန်လွယ်ကူပါတယ်။ VK (VKontakte) ကို ဘယ်လို Download ဆွဲမလဲဆိုတာ အောက်မှာ တစ်ဆင့်ချင်း ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။

၁- မိမိဖုန်းရဲ့ Browser တစ်ခုခုမှာ apkpure.com လို့ရိုက်ရှာလိုက်ပါ။apkpure.com သို့ရောက်သွားမှာဖြစ်ပါတယ်။ (ဒီနေရာမှာ ပုံ ၁ ရဲ့ ညာဘက်ထောင့်လေးမှာ အနီရောင်လေးထောင့်ကွက်လေးကတော့
apkpure ဖုန်း application လေးပဲဖြစ်ပါတယ်။ playstore လိုပဲ
apk များ ဒေါင်းလို့ရလို့ လိုချင်လျှင် ဒေါင်းထားလိုက်ပါ။)

၂- apkpure.com သို့ရောက်သွားပါက ပုံပါအတိုင်း Search Box မှာVK လို့ရိုက်ရှာလိုက်ပါ။

၃-ပုံ ၃ မှာပြထားတဲ့အတိုင်း အပြာရောင်နောက်ခံနဲ့ VK ဆိုတဲ့အဖြူရောင်စာလုံးပါတဲ့ VK apk ကိုတွေ့မှာ ဖြစ်ပါတယ်။
(ပုံထဲက အနီရောင်ပြထားတဲ့ Apk ဖြစ်ပါတယ်။)

၎-နောက်ဆုံးမှာတော့ Download ဆွဲဖို့နေရာကို ရောက်သွားမှာ ဖြစ်ပါတယ်။ download ဆွဲပြီး Sign in/Sign up လုပ် သုံးနိုင်ပါပြီ။
ထူးခြားချက်ကတော့ အကောင့်သစ်မဖောက်ချင်ရင် Facebook Accountနဲ့ ချိတ်ဆက်ပြီး Log in ၀င် အသုံးပြုနိုင်ပါတယ်။

VK အကြောင်းဗဟုသုတ

+ကမ္ဘာ့အကောင်းဆုံး Website ၁၀ ခုထဲက တစ်ခုဖြစ်။
+သုံးစွဲသူ သန်း ၅၀၀ ကျော်ရှိ။
+ ဘာသာစကား ၈၆ မျိုးထိ Support ပေးထားလို့ မြန်မာလိုမမြင်ရ
မရိုက်ရ မှာ လုံးဝစိတ်မပူပါနဲ့။
+ Voice and Video Call တွေလည်း တစ်ဝကြီးပြောလို့ရ။
+Photo and Video ဖိုင်များအပြင် Audio Mp3 ဖိုင်တွေလည်း တင်လို့ရ။
+မိမိ အကောင့်ပေါ်မှာတင် Graffiti များ ရေးဆွဲပြီး တင်နိုင်သလို Document ဖိုင်များလည်း တင်နိုင်ပါတယ်။
+Note များ ရေးသားနိုင်ယုံသာမက Article တွေပါ မိမိအကောင့်မှာ ရေးသားနိုင်တဲ့ Tool တွေထည့်ထားပေးပါတယ်။
+Personal Account မှာတင် Poll များ လုပ်နိုင်သလို ၊ ဈေးရောင်းချင်သူတွေအတွက်လည်း မိမိ Product ကို ကြော်ငြာနိုင်ဖို့
Page ထောင်ပြီး Promote လုပ်စရာမလိုဘဲ မိမိ Account မှာတင်
အလွယ်တကူကြော်ငြာနိုင်ပါတယ်။အကောင့်ဖွင့်ရတာလည်းအရမ်းလွယ်ပါတယ်
လိုအပ်သူများအောက်မှာဒေါင်းပါ-
Add caption

#VK

မှတ်ချက်++ဒီအကြောင်းအရာလေးကို လူသိများအောင် ကြိုက်သလောက်ပြန်ရှယ်နိုင်ပါတယ်။
Credit-Ko



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Tuesday, August 28, 2018

 


 Padanet apk နဲ့ 
အသုံးပြုနည်း လိုအပ်တဲ့ apk တွေ့ အောက်မှာ Download link ချပေထာပါတယ်။

Phone အတွက်

ဒီမှာဒေါင်းပါ

ကွန်ပျူတာ အတွက်

ဒီမှာဒေါင်းပါ

Credit-Ckkh.


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Monday, August 27, 2018

ကဲ
ဘော်ဒါတွေအကြိုက်လင့်အစုံထည့်ပေးထားပါတယ်နောက်ထပ်အပ်ဒိပ်လည်းလုပ်
ပေးဦးမှာပါ
လိုချင်သူများဒေါင်းနိုင်ပါပြီ

ဒီမှာဒေါင်းပါ


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Sunday, August 26, 2018

ပြုလုပ်ပုံ

အသားနယ်ပြီး နှပ်ထားရန် လိုအပ်တာလေးတွေ…

လက်တစ်ဆစ်ခန့် အတုံးလေးများလှီးထားသည့် ရေခြောက်အောင် လုပ်ထားသော ကြက်ရင်ပုံသား – 400 g (၂၆ ကျပ်သား)
ခပ်ကြီးကြီး ပါးပါးလှီးထားသော ဂျင်း – ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်
ပါးပါး သေးသေးလှီးထားသော ကြက်သွန်ဖြူ – ထမင်းစားဇွန်း ၁ ဇွန်းခန့်
ပဲငံပြာရည်အကျဲ (thin soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း
ပဲငံပြာရည်အပျစ် (black sweet soy sauce) – ထမင်းစားဇွန်း ၁ ဇွန်း

sauce အတွက် လိုအပ်တာလေးတွေ…

ဆီ – ထမင်းစားဇွန်း ၃ ဇွန်း
ပဲငံပြာရည်အပျစ် (black sweet soy sauce) – ထမင်းစားဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကျဲ (thin soy sauce) – ထမင်းစားဇွန်း ၂ ဇွန်း
ခရုဆီ (oyster sauce) – ထမင်းစားဇွန်း ၁ ဇွန်း

ကြက်သား ကုန်းဘောင်ကြီးကြော်ရန် လိုအပ်တာလေးတွေ…

ဆီ – ထမင်းစားဇွန်း ၃ ဇွန်း
ငရုတ်သီးအခြောက်တောင့် – ၁၀ တောင့်
အရသာဝင်အောင် နှပ်ထားသော ကြက်သား
sauce
ပုံပါအတိုင်း လှီးထားသော မုန်လာဥနီ – 1/4 cup (60 ml)ခန့်
ပုံပါအတိုင်း လှီးထားသော ပဲသီး – 1/4 cup (60 ml)ခန့်
ပုံပါအတိုင်း လှီးထားသော ကြက်သွန်နီ – 1/2 cup (125 ml)ခန့်
ပုံပါအတိုင်း လှီးထားသော ကြက်သွန်ပင် – 1/4 cup (60 ml)ခန့်

ကြက်သားကို ဂျင်း၊ ကြက်သွန်ဖြူ ၊ ပဲငံပြာရည်အပျစ် (ထမင်းစားဇွန်း ၁ ဇွန်း) ထည့်နယ်ပြီး အရသာဝင်အောင် ၁ နာရီခန့် ထားပါ။


ဆီ (ထမင်းစားဇွန်း ၃ ဇွန်း) ပူလျှင် ငရုတ်သီးအခြောက်တောင့်များထည့်ကာ တူးလုနီးပါး စက္ကန့်အနည်းငယ် မွှေကြော်ပြီး ဆီစစ်ဆယ်ထုတ်ထားပါ။ (စပ်တာကြိုက်လျှင် ၂ ပိုင်း- ၃ ပိုင်းခန့်ချိုးပြီးမှ ကြော်ပါ။)



ကျန်သည့်ဆီကို high heat ဖြင့် အရမ်းပူအောင် အပူပေးကာ နှပ်ထားသည့် ကြက်သားထည့်၍ ၁၀ မိနစ်ခန့် (သို့) အသားထဲမှအရည်များခြောက်ကာ ကြွပ်လုနီးပါးဖြစ်အောင် မွှေကြော်ပေးပါ။


အိုးလက်ကိုင်မှကိုင်ပြီး မကြာခဏလှုပ်ပေးပါ။ (အသားပျော့ပျော့ကြီးဖြစ်မနေစေရန်၊ အသားအရောင်လှစေရန် ဆီနည်းနည်း မီးပြင်းပြင်းနဲ့ အိုးပူတိုက်ခြင်း ဖြစ်ပါတယ်။)



အသားခြောက်လျှင် sauce၊ မုန်လာဥနီ၊ ပဲသီး၊ ကြက်သွန်နီထည့်ကာ ၁ မိနစ်ခန့်မွှေကြော်ပါ။ (ကြော်ချိန်ကြာပါက အသီးအရွက်များအနွမ်းလွန်ပြီး အရည်များထွက်လာတတ်ပါတယ်။)



ငရုတ်သီးခြောက်ကြော် နှင့် ကြက်သွန်ပင်ထည့်ကာ မိနစ်ဝက်ခန့် မွှေကြော်ပြီးလျှင် ကြက်သား ကုန်းဘောင်ကြီးကြော်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။

Credit-food in Myanmar

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Friday, August 24, 2018




 - ဆေးခြောက် Cannabis အရွက်ဟာ ချဉ်ပေါင်ရွက်နဲ့ဆင်တယ်။
 - ရွက်မွှာ ၅မွှာကနေ၊ ၉မွှာထိရှိတယ်။ အများအားဖြင့် ၇မွှာ...
 - ဆေးခြောက်အရွက်အရွယ်ကချဉ်ပေါင်ရွက်ထက်ပိုကြီးတယ်။
- မြန်မာနိုင်ငံမှာဆေးခြောက်ကိုဆေးပေါ့လိပ်ထဲထည့်ဖွာကြ
     သလို၊ ကြက်သားဟင်းထဲထည့်ချက်ပြီးအပျော်သုံးစွဲတတ် ကြတယ်။

- လက်ဘနွန်၊
- မော်ရိုကို၊
- ကိုလံဘီယာ၊
- မက္ကဆီကို၊
- အမေရိကန်ပြည်ထောင်စု၊
- ဂျမေကာနိုင်ငံ...တို့မှာအများဆုံးစိုက်ပျိုးကြပြီး...
- အာရှတိုက်မှာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းမှာစိုက်ပျိုးတာ တွေ့ရတယ်။
- ဆေးခြောက်ကိုအသွင် ၃မျိုးနဲ့သုံးစွဲကြတယ်။
- Marijuana အသွင်...
         ဆေးခြောက်ရွက်နဲ့ထိပ်ပိုင်းအပွင့်များကိုအခြောက်ခံပြီး၊
ဆေးလိပ်ထဲထည့်ရှူရှိုက်ကြတယ်။
- Harshish အသွင်...
         ဆေးခြောက်ပင်က စေးထန်းတဲ့အသီးကိုစုယူသိမ်းဆည်းပြီး အခြောက်ခံကာ အခဲအဖြစ်ပြုလုပ်ပြီးသုံးကြတယ်။  - Harshish Oil အသွင်...
         Harshish ကို မည်းနက်ပြီး၊
 စေးပျစ်တဲ့အဆီဖြစ်အောင်
 ထုတ်လုပ်သုံးစွဲကြတယ်။
                                               
Credit - Doctor Khin Mg Swe
Photo - Google
Ko Ye


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Thursday, August 23, 2018








အခုတင်ပေးလိုက်တဲ့ CamScanner ဆိုတဲ့ Application လေးကိုတော့ ဆောင်ထားကြစေချင်တယ်ဗျာ။ တကယ်တမ်းလိုအပ်လာတဲ့အခါမှအသုံးပြုနိုင်မှာပေါ့။ လုပ်ငန်းခွင်ဝင်နေတဲ့သူတွေဆိုပိုပြီးလိုအပ်ကြမှာပါ။ သူ့ရဲ့အသုံးဝင်ပုံကတော့ စာရွက်စာတန်းတွေ ပုံတွေ စာတွေကို Computer မှာ Scan ဖတ်သကဲ့သို့ အခု Apk လေးအသုံးပြုပြီး ဓါတ်ပုံရိုက်ယူလိုက်တာနဲ့ တစ်ခါထဲ Scan ဖတ်ထားသလိုကြည်လင်ပြက်သားနေမှာဖြစ် ပါတယ်ဗျာ။ ဓါတ်ပုံရိုက်ယူပြီးရလာတဲ့  File ကို Image အဖြစ်သိမ်းထားနိုင်သလို Pdf file အဖြစ်လည်း ပြောင်းလဲသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်ဗျာ။ စာရွက်စာတန်းတွေစားသားတွေကို သာမန် Camera သုံးပြီးရိုက်တာနဲ့ အခု CamScanner သုံးပြီးရိုက်တာနဲ့ တူကိုမတူပါဘူး။ ဒါ့ကြောင့်အဆင်ပြေအောင်တင်ထား ပေးလိုက်တာပါ။ အသေးစိတ်သိချင်တယ်ဆိုရင်တော့ အောက်မှာဆက်လက်လေ့လာနိုင်ပါတယ်ဗျာ။ App ရဲ့ ပုံစံကိုနမူနာကြည့်နိုင်အောင် အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ လိုချင်တယ်ဆိုရင်တော့ ဒေါင်းယူသွားနိုင်ပါတယ်။
Credit-




CamScanner helps you scan, store, sync and collaborate on various contents across smartphones, tablets and computers.

Features:
*Mobile Scanner
Use your phone camera to scan receipts, notes, invoices, whiteboard discussions, business cards, certificates, etc.

*Optimize Scan Quality
Smart cropping and auto enhancing make the texts and graphics look clear and sharp

*Quick Search
By entering any keyword, you’ll see a list of docs with the word in their titles, notes or images (Registrants only)

*Extract Texts from Image
OCR (optical character recognition) extracts texts inside single page for further editing or .txt sharing. (Licensed only)

*Share PDF/JPEG Files
Easily share docs in PDF or JPEG format with others via social media, email attachment or sending the doc link

*Print & Fax
Instantly print out docs in CamScanner with nearby printer; directly fax docs to over 30 countries right from the app

*Collaboration
Invite friends or colleagues to view and comment on your scans in a group. (Registrants only)

*Advanced Editing
Making annotations or adding customized watermark on docs are made available for you

*Secure Important Docs
Set passcode for viewing important docs; meanwhile, when sending doc link, you can set password to protect it

*Sync across Platforms
Sign up to sync documents on the go. Just sign in to any smartphone, tablet or computer (visit www.camscanner.com) you own and you can view, edit and share any document. (Registrants only)

Premium Subscription Features ($ 4.99/month or $49.99/year):
1. Edit OCR results and notes of the entire doc, exporting as .txt file
2. Create Doc Collage for multiple pages
3. Add 10G cloud space
4. Add 40 extra collaborators
5. Send doc link with password protection and expiration date
6. Auto upload docs to Box, Google Drive, Dropbox , Evernote and OneDrive
7. Batch download PDF files in web app (www.camscanner.com)
8. Every benefit registrants enjoys
9. Everything paid app offers

Please note the subscription is automatically renewed at the end of the period unless you choose to cancel the subscription.






    


    


    


     


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Monday, August 20, 2018


ဒီတစ်ခါတော့ထူးထူးခြားခြားဆန်းဆန်းပြားပြားကြိုက်သူဘော်ဒါတွေအတွက်
စချင်တာပဲဖြစ်ဖြစ်ထူးထူးဆန်းဆန်းဖြစ်ချင်တာပဲဖြစ်ဖြစ်ပေါ့ဗျာခု
ဆော့ဝဲလေးကကူညီပေးပါလိမ့်မယ်ဘာတွေလဲဆိုတော့ကွန်မန့်ဖြစ်စေပိုစ့်ဖြစ်စေစာ
ပြောင်းပြန်ရေးနိုင်ပါတယ်
ဟဲဟဲ ဘာဖြစ်ဖြစ်လူရှိန်တာပေါ့နော်
စမ်းပြထားတယ်နော်ဒေါင်းချင်ရင်စာပြောင်းပြန်လေးနှိပ်လိုက်နော်
လိုအပ်သူများအောက်မှာဒေါင်းပါ



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Saturday, August 18, 2018

 

IDM နောက်ဆုံးထွက်ထားတာလေးကို တင်ပေးလိုက်ပါတယ် .. တစ်ချို့ Firefox နဲ့ version မကိုက်တော့ IDM CC add-ons မ၀င်ဘဲနဲ့ Download ဆွဲမရတာတွေ ဖြစ်တတ်ပါတယ်။ version ဖြစ်အောင်လုပ်တာကတော့ လွယ်ပါတယ် ... အရင်ဆုံး IDM ကို အောက်က link ၂ နေရာထဲက ကြိုက်တဲ့ တစ်နေရာကနေ ယူလိုက်ပါ ..
------------- (၁) setup ဖိုင်ကို run ပြီး install လုပ်လိုက်ပါ။ (install လုပ်နေစဉ် ဖွင့်ထားသမျှ Browser အားလုံးကို ပိတ်ထားပါ)

(၂) IDM license key ရိုက်ထည့်ဖို့ Box တစ်ခုပေါ်လာရင် cancel ပေးလိုက်ပါ။ ပြီးရင် TaskBar က Show hidden icon ကို နှိပ်ပြီး IDM ပွင့်နေပါက exit လုပ်ပြီး ပိတ်ပေးပါ။

(၃) Download လုပ်ထားတဲ့ဖိုင်ထဲက Disable Activation.bat ဖိုင်ကို Run ပေးလိုက်ပါ။

(၃) ပြီးလျှင် IDM ရဲ့ location ထဲကို Patch ဖိုင်ထည့်ပေးရပါမယ်။ ပြီးရင် Patch ဖိုင်ကို Run လိုက်ပါ။ patch ကို နှိပ်ပြီး နာမည်တွေဘာတွေ ရိုက်ထည့်ခိုင်းရင် ကြိုက်ရာနာမည်တစ်ခုခုကို ရိုက်ထည့်ပေးလိုက်ပါ။ ပြီးလျှင် Exit ကိုနှိပ်လိုက်ပါ။

အဲ့တာဆိုရင် IDM license လုပ်တာ ပြီးသွားပါပြီ..

Firefox အဟောင်းထည့်ထားသူများအတွက်
------------------------------------------------
Firefox ကို ဖွင့်လိုက်ပါ။ ပြီးရင်
Firefox >> Tools ထဲကိုသွားပြီး Add-ons ကို နှိပ်ပေးလိုက်ပါ။
ပြီးလျှင် Extensions ကို ရွေးပြီး အထဲက IDM CC မီးခိုးရောင်လေးဘေးက Enable ကို နှိပ်လိုက်ပါ .. အဲ့တာဆိုရင် Firefox မှာ IDM အလုပ်ပြန်လုပ်ပါပြီ ...ဆရာ ညီနေမင်း

Credit=


Download Google Drive | Download Openload

{{ Password = www.nyinaymin.org }}



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Myanmar "Ghost" Font Style For All Android Phones Without Root!!!

"Myanmar Ghost Font" Root မလိုထည့်သွင်း မြန်မာစာလုံးအလှတစ်ခုဖြစ်ပါသည်။
ဖုန်းမှာမြန်မာစာလုံးအလှသုံးချင်သူများအတွက်
Myanmar Ghost ဆိုတဲ့စာလုံးအလန်းလေးတစ်ခုပါ။
အရမ်းလန်းပါတဲ့စာလုံးပုံစံလေးပါ။
Samsung, Huawei, Vivo, Oppo, Xiaom(MIUI) တို့လိုဖုန်းတွေမှာ
Root မလိုအပ်ပဲအလွယ်တကူအသုံးပြုနိုင်ပါတယ်။
ဒီတစ်ခုတည်းနဲ့အကုန်အလုပ်ပြီးပါတယ်၊ ဖိုင်ဆိုဒ်ကလည်း 2MB တည်းပါပဲ။
MIUI 8 အထက်တွေမှာလည်းလွယ်လွယ်ကူကူ Root မလိုပဲပြောင်းနိုင်ပါတယ်။
Huawei Android Version 6.0 တွေမှာလည်းလုံးဝအဆင်ပြေအောင်လုပ်ဆောင်ပေးထားပါတယ်။
Samsung 6.0 အထက်တွေမှာတော့ Root နဲ့မှအဆင်ပြေပါလိမ့်မယ်။
Samsung, Huawei, Oppo, Xiaomi, Vivo မဟုတ်တဲ့အခြားဖုန်းတွေမှာတော့ Root လိုအပ်ပါတယ်။
Root နဲ့သွင်းရင်တော့ Coc, Smule တို့မှာရောမြန်မာစာလုံးဝမှန်သွားပါလိမ့်မယ်။
Samsung တို့လို Browser မှာစာမမှန်တာတွေကိုရော 100% OK သွားပါလိမ့်မယ် ;)
အဆင်မပြေတဲ့ဖုန်းတွေရှိရင်တော့ Comment ပေးခဲ့ကြပါ။
အောက်မှာပေးထားတဲ့လင့်ကနေဒေါင်းယူနိုင်ပါတယ်

ဒီမှာဒေါင်းပါ-ဒေါင်းရန်နှိပ်ပါ

အသုံးပြုနည်း
===========
အသုံးပြုနည်းကတော့လွယ်ပါတယ်။
အကုန်လုံး One Click တွေပါပဲ :)

Samsung နဲ့ Oppo ဆို "ထည့်သွင်းမည်" ကိုနှိပ်ပြီး Install လုပ်ပေးပါ။
ပြီးရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Myanmar Ghost(myFont) ကိုရွေးပေးပါ။
မူလအတိုင်းပြန်ထားချင်ရင် Change Font ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

Vivo ကတော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်(၁)" ကိုနှိပ်ပြီး Theme တွေထဲမှာ
Myanmar Ghost Font ကိုရွေးပေးပြီး Apply လုပ်ပေးရုံပါပဲ :D
မရရင် "ဖောင့်ပြောင်းမည်(၂)" ကိုနှိပ်ပြီး Font တွေထဲမှာ Myanmar Ghost Font ကိုရွေးပြီး Apply လုပ်ပေးပါ။
မရသေးရင် File Manager ထဲကိုသွားပြီ Vivo Myanmar Font ဆိုတဲ့ဖိုဒါထဲကိုဝင်ပြီး
Ghost.itz သို့မဟုတ် Ghost.txj ကိုဖွင့်ပြီး Apply လုပ်ပေးပါ။
မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်(၃)" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

Huawei ဆိုရင်တော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်" ကိုနှိပ်ပါ။
Theme တွေထဲမှာ Myanmar Ghost Font ဆိုတဲ့ Theme ကိုရွေးပြီး Apply ပေးလိုက်ပါ။
မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

Xiaomi ဆိုရင်တော့ "ထည့်သွင်းမည်" ကိုနှိပ်ပြီး "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး System Font သို့မဟုတ် Theme ထဲက Font ထဲမှာ
Myanmar Ghost Font ဆိုတဲ့ Font ကိုရွေးပြီး Apply လုပ်ပေးလိုက်ပါ၊။
မူလအတိုင်းပြန်ထားချင်ရင် "ဖောင့်ပြောင်းမည်" ကိုနှိပ်ပြီး Default ကိုပြန်ရွေးပေးလိုက်ပါ။

တကယ်လို့ကိုယ့်ဖုန်းကအပေါ်ကပြောခဲ့တဲ့ဖုန်းတွေမဟုတ်လို့ပဲဖြစ်ဖြစ် Root ရှိလို့ပဲဖြစ်ဖြစ်
Other(#Root) ကိုနှိပ်ပြီး Root တောင်းလာရင် Grant သို့ Allow ပေးပြီးလက်ခံပေးလိုက်ပါ။
ပြီးရင် "ထည့်သွင်းမည်" ကိုနှိပ်ပြီး ၅ စက္ကန့်လောက်နေရင်ဖုန်းက Restart ကျသွားပါမယ်။
ပြန်တက်လာရင်တော့ ဘယ်နေရာသွားသွားမြန်မာစာအားလုံး Ok ပါပြီ ;')
မူလအတိုင်းပြန်ထားချင်ရင် "မူလအတိုင်းပြန်လည်ထားရှိမည်" ကိုနှိပ်ပြီးပြန်ထားနိုင်ပါတယ် :D
MyanmarGhostFont


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Friday, August 17, 2018


ဖုန်းဘားတန်းမှာမိမိစိတ်ကြိုက်စာရေးနိုင်တဲ့ဆော့ဝဲလေးပါ
 လိုအပ်သူများအောက်မှာဒေါင်းပါ
ဒေါင်းရန်လင့်-ဒေါင်းရန်နှိပ်ပါ



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Sunday, August 12, 2018


✏✏

မိမိချစ်သူရဲ့ဖုန်းထဲမှာ ဒီ Application လေးကို ထည့်ထားလိုက်တာနဲ့ သူဘယ်သူ့ဆီဖုန်းတွေဆက်နေတယ်။
ဘယ်ကဖုန်းတွေလာနေတယ်။ မတ်ဆေ့ခ်ျတွေပို့နေတယ်။ ဆိုတာဖုန်းနံပါတ်တွေကို မတ်ဆေ့ခ်ျနှင့်ဖြစ်စေ၊Mail ပို့၍ဖြစ်စေကိုယ့်စေအကြောင်းကြားပေးမယ့် Application လေးတစ်ခုပါ။ဒါတင်မက မတ်ဆေ့ခ်ျ ပို့တဲ့သူဘယ်သူဘယ်ဝါ ဆိုတာအပြင် Message Log တွေကိုပါဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ Application လေးကို Install လုပ်ပြီး သူမသိအောင် Icon ကို password ပေးပြီးဖျောက်ထားလို့လည်းရပါတယ်။

-Apk file size 858KB လေးပဲရှိပြီးတော့
-Android OS Version 1.6 နှင့်အထက်ရှိ
ဖုန်းများမှာထည့်သွင်း installing လုပ်၍
အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်-

-အောက်က လင့်ခ် မှာဒေါင်းလုပ်ရယူနိုင်ပါပြီ-

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
★DOWNLOAD ဆွဲရန် လင့်ခ်★

ဒေါင်းရန်နှိပ်ပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
★Total SMS Control အသုံးပြုပုံ★
-အရင်ဆုံးဒီဆော့ဖ်ဝဲကိုဒေါင်းယူပါ။
-ပြီးရင်ဒီဆော့ဖ်ဝဲကို တဖက်သူရဲ့ဖုန်းထဲကို bluetooth/zapya/flash transfer နှစ်သက်
ရာfile share တဲ့ app တစ်ခုခုနဲ့ share လိုက်ပါ။

-တဖက်သူရဲ့ဖုန်းထဲကို ဒီဆော့ဖ်ဝဲရောက်သွားပါက
ဆော့ဖ်ဝဲကို install လုပ်ပေးပါ

-ပြီးရင်အဲ့ဒိဆော့ဖ်ဝဲထဲကိုဖွင့်ဝင်ပါ။
-အောက်ဆုံးက ok ကိုနှိပ်ပါ။
-apk ကိုသူ့ဖုန်းထဲမှာမမြင်ကိုသူ့ဖုန်းထဲမှာ မမြင်
စေဖို့အတွက် parental control mode နေရာကို နှိပ်ပြီး off ကို on ပြောင်းပေး၊yes ကို
နှိပ်ပေးပါ။save ဆက်နှိပ်ပါ။

-Emai ကနေတဆင့်သိချင်ရင် forward to Email နေရာ

-Twitter ကနေသိချင်ရင် forward to Twitter

-SMS မက်ဆေ့ခ်ျကနေသိချင်ရင် forward to SMS နေရာကို နှိပ်ပေးပါ။

-Total SMS Control အောက်က ပေါ်လာတဲ့
လေးဒေါင့်အကွက်တုံးတွေကိုအမှန်ခြစ်ပေးပါ။

-ပြီးရင် Set up destination Phone Number
နေရာကိုထပ်နှိပ်ပါ။

-အဲ့ဒိမှာ Enter The Phone Number ဆိုတဲ့ အကွက်နေရာလေးထဲကိုနှိပ်ဝင်လိုက်ပြီး
ကိုယ့်ရဲ့ဖုန်းနံပါတ်ကို 09 ခံပြီးရိုက်ထည့်ပေး၍
save လုပ်ပေးလိုက်ပါ။

-အားလုံးပြီးရင် back key နဲ့ ဆုတ်ပြီး အဆုံးထိ ပြန်ထွက်လိုက်ပါ။

-apk တွေအထဲလိုက်ရှာကြည့်၊ဒီဆော့ဖ်ဝဲကို hide လုပ်ထားတာကြောင့် ဆော့ဖ်ဝဲက ပျောက်နေပါလိမ့်မယ်။သူ့ဖုန်းထဲကို ဒီဆော့ဖ်ဝဲထည့်ထား
မှန်း သူမသိနိုင်၊မတွေ့နိုင်ဘူးပေါ့ဗျာ။

-အဲ့ဒိတော့ သူ့ဆက်သွယ်ချက်တွေကို ကိုယ့်ဖုန်း
ထဲကနေပြီး သိရှိကြည့်ရှုနိုင်ပါပြီ။
သူ့ဆီဆက်သွယ်သမျှတွေကို Gmail တို့် SMS တို့ကနေတဆင့်ကိုယ့်ဖုန်းထဲကို ဝင်လာပါလိမ့်မယ်။

-တစ်ခုရှိတာကဆက်သွယ်ချက်မက်ဆေ့ခ်ျ ဖိုးတွေ
ကိုသူ့ဘက်ကသာ၂ဆ(ဥပမာ:သာမန် ၅၀ ဖြတ်ရင်၂ဆဖြစ်တာကြောင့် ၁၀၀ ကျပ် သူ့ဘက်က
အဖြတ်ခံရမှာဘဲ ဖြစ်ပါတယ်။
ကိုယ့်ဘက်ကဖုန်းဘေလ်မှာတော့ တစ်ပြားမှ
မကုန်ပါဘူး။
-Application Manager ထဲဝင်ကြည့်ရင်တော့
ဒီ ဆော့ဖ်ဝဲ ကိုတွေ့မြင်ရပါလိမ့်မယ်။
အဲ့ဒိတော့ ဒီဆော့ဖ်ဝဲကို ပြန်ဖြုတ်ပေးချင်ရင်တော့
ဖုန်းရဲ့ setting>application manager(all application)>ထဲဝင်ပြီး အခုဒီ "Total SMS Control" ဆော့ဖ်ဝဲကို ပြန်ပြီး uninstall လုပ်၍
ဖျက်ပစ်နိုင်မှာပဲ ဖြစ်ပါတယ်။
                                Credit-cardဆရာက်ုဇော်သွင်


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Saturday, August 11, 2018


ဖုန်းထဲကဆော့ဝဲတွေ၂ခုခွဲသုံးလို့ရတဲ့ဆော့ဝဲလေးပါ ဒီဇိုင်းကာလာပါပြောင်းလို့ရပါတယ်ဖေ့ဘုတ်ရောင်စုံသုံးချင်သူများအတွက်အဆင်ပြေပါတယ်စက်လည်းမလေးပါဘူးRoot လည်းမလိုပါ

ဆော့ဝဲဒေါင်းရန်လင့်-ဒေါင်းရန်နှိပ်ပါ


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

ရန်ကုန်၊ သြဂုတ် ၁၀

အဆိုတော်ရွှေထိုက်အပါအ၀င် ၇ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်းသတင်းထုတ်ပြန်ထားသည်။

သြဂုတ် ၉ ရက်နေ့ နံနက် ၁၁နာရီအချိန်ခန့်က မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ သန့်စင်မောင်(ခ)ကိုပေါက်၏ နေအိမ်ကိုရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာတွင် ၎င်း၏ ဘောင်းဘီအိတ်ကပ်အတွင်းနှင့် ခုတင်ပေါ်ရှိ မျက်မှန်ဘူးအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၉ ပြားနှင့် အိုက်စ် ၁၃ ဂရမ်တို့ကိုလည်းကောင်းတွေ့ရှိခဲ့ပြီး ကွင်းဆက်အရ ထိုနေ့ ညနေ ၃နာရီ မိနစ်၅၀ အချိန်ခန့်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ပြည်သာယာလမ်းတွင် ရပ်ထားသည့် Mark II မော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာ ကျော်သူရဆိုသူအားတွေ့ရပြီး ၎င်းထိုင်သည့် ယာဉ်မောင်းထိုင်ခုံပေါ်မှ Ecstasy ဆေးပြား ၃၆ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀ ပြားနှင့် အိုက်စ် ၇ ဂရမ်တို့ကိုလည်းကောင်း၊ ဆက်လက်၍ ၁၆၂၀ အချိန် ကျော်သူရတည်းခိုနေသည့် My Dream Hotel၊ အခန်းအမှတ်(၁၀၁) ကိုရှာဖွေရာ လင်းလွင်၊ မရွှေမှုံနှင့် မအိအိခိုင်တို့အားတွေ့ရပြီး ရေချိုးခန်းဘေစင်ပေါ်မှ ကော်ဘူးဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ပြန်သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်မှု အရ ထိုနေ့ညနေ ၆နာရီ ၄၅မိနစ် အချိန်ခန့်တွင် ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရန်ကင်းလမ်း၊ Golden City အိမ်ရာနေ သက်ဆွေမင်း(ခ)ကိုစိုင်းနှင့် မဝေလွင်ဇော်(ခ)မရွှေထိုက်တို့၏နေအိမ်နှင့် သက်ဆွေမင်း ငှားရမ်းထားသော ရန်ကင်းမြို့နယ်၊ အဝေရာလမ်း၊ အမှတ်(၁၅)ရပ်ကွက်ရှိနေအိမ်တို့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၉၉၄ ပြား၊ အိုက်စ် ၇၇၃ ဂရမ်၊ ဘိန်းဖြူ ၁၁ ဂရမ်နှင့် ဆေးခြောက် ၁၂ ဂရမ်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြန်သည်။

ထို့ကြောင့် သန့်စင်မောင်(ခ)ကိုပေါက်(၄၇)နှစ်၊ ကျော်သူရ (၃၈)နှစ်၊ လင်းလွင်(၄၀)နှစ်၊ မရွှေမှုံ(၁၈)နှစ်၊ မအိအိခိုင်(၁၉)နှစ်၊ သက်ဆွေမင်း (ခ)ကိုစိုင်း(၃၅)နှစ်နှင့် မဝေလွင်ဇော်(ခ) မရွှေထိုက်(၃၇)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Source - ရန်ကုန်တိုင်းရဲတပ်ဖွဲ့
#Credit -Popular News


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Friday, August 10, 2018









ပုံမှာပြထားသလိုပုံလေးနဲ့ဖုန်းတိုင်အလှဆင်ပေးမဲ့ဆော့ဝဲ No Root
လိုအပ်ပါကအောက်မှာဒေါင်းယူပါ












Welcome{ ​HERE } ​GO






Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Thursday, August 09, 2018

Facebook မှာခေတ်စားနေတဲ့ သိချင်သူများတဲ့# မခံပဲစာလုံးအထူအမဲရေးခြင်း၊
Comment/Post အပျောက်ရေးခြင်းမန့်ခြင်း၊ စာလုံးများပြောင်းပြန်ဇောက်ထိုးရေးခြင်းများကို
MM Text Tool နဲ့အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။
ဖိုင်ဆိုဒ်ကလည်းပေါ့ပေါပါးပါး 2MB လေးပဲရှိပါတယ်။
Comment အပျောက်ရေးချင်တာတို့ Status အပျောက်တင်ချင်တာတို့အားလုံး ဒီကောင်လေးနဲ့ လုပ်နိုင်ပါတယ်။
သူများတွေလို "#" မခံပဲစာလုံးထူထူမဲမဲလေးရေးချင်သူများအတွက်လည်း အဆင်ပြေနိုင်ပါတယ်။
စာလုံးတွေကိုဇောက်ထိုးရေးချင်လား၊ မှန်စာရေးချင်လား၊ ဘယ်ညာ Flip ပုံစံတွေရေးချင်လား ဒီကောင်လေးတစ်ခုတည်းနဲ့အကုန်ရနိုင်ပါပြီ ;)


အသုံးပြုနည်း
==========
အသုံးပြုနည်းကတော့အရမ်းလွယ်ကူရိုးရှင်းလှပါတယ်။
ပထမဦးဆုံး App ကို ဒေါင်းပြီး Install လုပ်ပြီးတာနဲ့ဖွင့်လိုက်ပါ။

"#" မခံပဲစာလုံးထူထူမဲမဲလေးရေးချင်ရင်တော့ "စာလုံးအထူအမဲ" ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။
ပြီးရင်တော့စာရိုက်ထည့်ရမယ့်ကွက်လပ်ထဲမှာ မိမိရေးချင်တဲ့စာသားကိုရေးထည့်ပါ၊
ဒါမှမဟုတ် Copy ကူးလာပြီး Paste လာချလိုက်ပါ။
ပြီးရင်တော့ညာဘက်အပေါ်ဒေါင့်က Copy ပုံခလုတ်လေးကိုနှိပ်လိုက်တာနဲ့ရပါပြီ။
Facebook ပေါ်က Status မှာပြန်တင်မလား၊ Comment မှာလိုက်ရေးမလား ကြိုက်တဲ့နေရာမှာ Paste ချပြီး Post နိုင်ပါတယ်။

စာလုံးအပျောက်ရေးချင်ရင်တော့ "စာလုံးအပျောက်" ကိုနှိပ်ပါ။
ပြီးရင်တော့အထဲက "Copy ကူးယူမည်" ဆိုတဲ့ခလုတ်ကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရပါပြီ Facebook ပေါ်က Status,Comment,Message ကြိုက်တဲ့နေရာမှာ Paste ချပြီး Post နိုင်ပါတယ်။

စာလုံးတွေကိုဘယ်ညာ၊ပြောင်းပြန်၊ ဇောက်ထိုးရေးချင်သူများကတော့ "စာလုံးပြောင်းပြန်" ဆိုတဲ့ထဲကိုဝင်ပါ။
Enter Your Text Here ဆိုတဲ့ကွက်လပ်ထဲကို ကိုယ်ရေးချင်တဲ့စာကိုရေး/Paste ထည့်လိုက်ပါက
အောက်မှာစာလုံးစတိုင် (၄) မျိုးနဲ့ပြပေးပါလိမ့်မယ်။
အဲ့ဒီထဲကကိုယ်ကြိုက်တဲ့စတိုင်ကို Select မှတ်ပြီး Copy ယူကာ ကြိုက်တဲ့နေရာမှာ Paste ချပြီး Post နိုင်ပါတယ်။အားလုံးအဆင်ပြေကြပါစေ


#MMTextTool ဒေါင်းရန်လင့်




Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Wednesday, August 08, 2018



-----------------------------------------------------

(Facebook ဟာသရုပ်သံတိုများကြောင့် လူသိများလာခဲ့သည့် အောင်ရဲထွေးပြီးခဲ့သည့်နှစ် နှစ်သစ်ကူး ပါတီရန်ပွဲကြောင့် သေဆုံးခဲ့ပြီးနောက် အမျိုးသားသုံးဦးကိုရဲကထိန်းသိမ်းခဲ့ပြီး လူသတ်မှုဖြင့် လနှင့်ချီကာ စစ်ဆေးခဲ့သည်။

ပြီးခဲ့တဲ့လက ၎င်းတို့သုံးဦး စွဲချက်မတင်မီပြန်လွတ်လာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံအနှံ့မှ လူအများ၏ ဝေဖန်မှုများ၊ အငြင်းအခုံများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ကိုအောင်ရဲထွေးသေဆုံးသည့်ညက အခင်းဖြစ်ပွားရာ ရန်ကုန် သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းပေါ်ရှိ The One Entertainment တွင် နှစ်သစ်ကူးပါတီဆင်နွဲသည့် ရာနှင့်ချီသောလူများအနက်မှ အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့် အနီးကပ်ဆုံးတွင်ရှိခဲ့သူတစ်ဦးနှင့် အဆက်အသွယ်ရခဲ့ပါသည်။

ထိုစဉ်ကမျက်မြင်တွေ့ရှိခဲ့သူ ကိုချမ်းကျော်ကို Myanmar Now ကတွေ့ဆုံမေးမြန်းရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်ကို နောက်ဆုံးတွင်လက်ခံခဲ့ပြီးနောက် သြဂုတ်လအစောပိုင်းတွင် ရန်ကုန်ရှိလုံခြုံသော နေရာတစ်ခုတွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမေးမြန်းခန်းမှ အချို့ ကိုကောက်နုတ်ဖော်ပြလိုက်ပါသည်။)

Myanmar Now ။ ။ ပထမဆုံးမေးချင်တာကအစ်ကိုက အဲ့ဒိအချိန်မှာ အောင်ရဲထွေးနဲ့ အဲ့နေရာမှာဘယ်လိုဖြစ်လို့ရှိနေတာလဲ။ပြီးတော့အစ်ကိုနဲ့သူနဲ့ ဘယ်လိုများ ပတ်သတ်လဲ။

ဖြေ ။ ။ ကျွန်တော်နဲ့အောင်ရဲထွေးနဲ့ကတော့ပတ်သက်မှုမရှိဘူး။ သူ့ကောင်မလေးက ကျွန်တော့သူငယ်ချင်း။ ပြီးတော့ ကျွန်တော့မိန်းမနဲ့ကျောင်းနေဖက်ဖြစ်တယ်။ အဲဒီညက ကျွန်တော်တို့ အဲဒီ ပွဲသွားဖို့ရှိတယ်လိုက်မလားဆိုတော့ သူတို့က လိုက်ချင်တယ်ဆိုပြီးလိုက်လာတာ။ ကျွန်တော်တို့ဝိုင်းမှာ ရှိနေတယ်။

အဲဒီဝိုင်းကရှင်းရှင်းပြောရရင် VVIP ပေါ့။ တော်ရုံသာမန် Regular တို့ VIP တို့ သူတို့ခွဲထားတယ် လက်ပတ်တွေနဲ့။ အဲ့လိုလူတွေတက်လို့မရဘူး။ VVIP ဆို VVIP သူ့အဆင့်အတန်းနဲ့ သူရောင်းတာ။ သူတို့ (ဆိုင်က) ရောင်းပြီးသားသူတွေပေါ့။

အဲဒီတုန်းက VVIP တစ်ဝိုင်းကို (လက်မှတ်ခ) ၁၅ သိန်းထင်တယ်။ ၁၀ သိန်းလား၊ ၁၅ သိန်းလား သိပ်မမှတ်မိတော့ဘူး။

Myanmar Now ။ ။ပြဿနာကဘယ်လိုစဖြစ်တာလဲ။ ပြဿနာဖြစ်တဲ့အချိန်မှာ အစ်ကိုက ဘယ်နေရာမှာရှိနေတာလဲ။

ဖြေ ။ ။ ပြဿနာဖြစ်တဲ့အချိန်မှာ ကျွန်တော်က ကျွန်တော့ဝိုင်းရဲ့  ထိုင်ခုံမှာထိုင်နေတာ။ သူ့ကောင်မလေးနဲ့ သူနဲ့(အောင်ရဲထွေးတို့နှစ်ဦး) ကလက်ရမ်းပေါ့၊ ဝရံတာလိုဟာမျိုး။ အဲ့ဒိလက်ရမ်းရှေ့ မှာ သူတို့ နှစ်ယောက်က ဖက်ပြီးကနေတာ။ ကနေရင်းနဲ့အောက်ကနေ အဲ့ဒိကောင်လေးတွေက သူ့ကိုမြင်လို့လားမသိဘူး အပေါ်တက်လာပြီးတော့ ဘာမပြောညာမပြောနဲ့ သူ့ကောင်မလေးဆီကနေ ဆွဲလုပြီးတော့ ၀ိုင်းရိုက်တယ်။

ရိုက်တော့ဟိုကောင်လေးမှောက်နေတယ်။ ကျွန်တော်တောင် ထတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက်က “ဟာအစ်ကို..အစ်ကိုနဲ့မဆိုင်ဘူး” ဆိုပြီး ကျွန်တော့ကိုဆွဲချလိုက်တယ်။ ကျွန်တော်က ပြန်ထိုင်လိုက်တယ်။ ပြန်ထိုင်လိုက်တဲ့အချိန်မှာ အောင်ရဲထွေးက မှောက်နေတယ်။ ပါးစပ်ထဲကနေသွေးတွေ ထွက်လာတော့ အဲဒီကျမှ လုံခြုံရေးတွေက သူ့ကိုအပြင်ကိုခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ ကျွန်တော့မိန်းမနဲ့ သူ့ကောင်မလေးက လိုက်သွားတော့ ကျွန်တော်က ကျွန်တော့မိန်းမ လိုက်သွားပြီဆိုတော့ နောက်ကနေ လိုက်သွားတယ်။ ဝင်းထိပ်ရောက်တော့ The One ကတာဝန်ရှိတဲ့သူတွေက သူတို့ကားနဲ့ ဆေးရုံပို့ပေးတယ်။ ပို့ပေးမယ်ဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့မိန်းမက နေခဲ့တယ်။ ဆေးရုံကို သူ့ကောင်မလေးက လိုက်သွားတယ်။

Myanmar Now ။ ။ သူတို့ကအပေါ်တက်ပြီး ခိုက်ရန်ပြုတယ်လို့ပြောတယ်။ သူတို့ဆိုတာ ဘယ်သူ့ကိုပြောတာလဲ။ ဒီရဲက ထုတ်ပြန်ထားတဲ့သုံးယောက်ကိုပြောတာလား။ သူတို့တွေပါလား။

ဖြေ ။ ။ အေးပေါ့၊ အေးပေါ့။ ပါတယ်ပါတယ်။ ပါတယ်ဆိုတာ အဲ့ဒိမှာ ဟိုကောင့်ကိုဆေးရုံပို့မယ် ဆိုတော့၊ လုံခြုံရေးတွေက ဓာတ်ပုံရိုက်ယူထားလိုက်တယ်။ The One ကလုံခြုံရေးတွေကသူတို့ကို ဓာတ်ပုံရိုက်ယူထားလိုက်တဲ့အတွက် ဒီကောင်တွေမှန်းသိလို့ ဒီကောင်တွေနောက်နေ့သွားအဖမ်းခံတာလေ။

Myanmar Now ။ ။ ရန်ပွဲဖြစ်ပြီးနောက်ပိုင်း ပါတီကရပ်သွားလား။ ဆက်ပြီးပျော်မြူးနေကြလား။

ဖြေ ။ ။ ပါတီကတော့မရပ်သွားဘူး။ သူကဆက်ပြီးသူ့ ဒီဂျေဖွင့်ရမဲ့အချိန်တိုင်းတော့ သူ့ဟာသူ အပိုင်းလိုက်ဖွင့်နေတာ။ ပွဲကတော့မပျက်သွားပါဘူး။

Myanmar Now ။ ။ အဲ့ဒိအချိန်ကကောရန်ပြုခဲ့တဲ့သူတွေက ဘယ်နေရာမှာရှိနေလဲ။

ဖြေ ။ ။ ဖြစ်ပြီးသွားမှကို ပြောတာလား။ ဖြစ်ပြီးသွားတော့ ပထမတော့ ဟိုသုံးယောက်ကို ဖမ်းထားတယ်။ The One က တာဝန်ရှိတဲ့သူက သူ့ကောင်မလေးကိုမေးတယ် အမှုဖွင့်မလား။ သူ့ကောင်မလေးကတော့ပြောတယ်။ သိပ်ဒဏ်ရာမကြီးဘူး ထင်လို့ အမှုမဖွင့်ဘူးဆိုတော့ သူတို့ပြန်လွှတ်လိုက်တယ်ထင်ပါတယ်။ ပထမတော့ သူတို့ဖမ်းထားတာ။ ဖမ်းထားပြီး ဓာတ်ပုံတွေဘာတွေ သူတို့ရိုက်ယူထားလိုက်တယ်။ ဓာတ်ပုံရိုက်ယူပြီးဖမ်းထားလို့လဲ ရဲစခန်းမှာနောက်နေ့ သွားအဖမ်းခံတာလေ။

Myanmar Now ။ ။ အဲ့လူတွေကအစ်ကိုတို့နဲ့ ရန်ငြိုးရန်စ ရှိတဲ့သူတွေလား ။ အရင်တုန်းက မြင်ဖူးလား။

ဖြေ ။ ။ ကျွန်တော်မြင်လဲမမြင်ဖူးဘူး။ ရန်ငြိုးရန်စလည်းမရှိဘူး။ ဒါပေမဲ့အောင်ရဲထွေးကို မြင်တာနဲ့တက်ရိုက်တယ်ဆိုတော့ ဒီကောင်တွေကတော့(အချင်းချင်း) ရန်စရှိခဲ့လို့ဖြစ်မယ်။

Myanmar Now ။ ။ အောင်ရဲထွေးဆေးရုံရောက်သွားတဲ့အချိန်မှာအစ်ကိုတူတူပါသွားလား။

ဖြေ ။ ။ မပါပါဘူး။ သူ့ကောင်မလေးဘဲပါတယ်။

ကျွန်တော် နဲ့ကျွန်တော့မိန်းမကကျန်ခဲ့တယ်။ ကျွန်တော့မိန်းမက (ဆေးရုံကို) လိုက်သွားမယ်ဆိုတော့ ကျွန်တော် က ကျွန်တော့မိန်းမကို သွားခေါ်တယ်။ ပြီးတော့အဲဒီဝိုင်းမှာ ခဏထိုင်တယ်။ ကျွန်တော်တို့လဲ ခဏနေတော့ပြန်တော့တာပဲ။

Myanmar Now ။ ။ အဲ့ဒိအချိန်မှာခုနကရန်ဖြစ်တဲ့သူတွေနဲ့တွေ့သေးလား။

ဖြေ ။ ။ မတွေ့တော့ဘူး။

Myanmar Now ။ ။ ရဲကတော့ထုတ်ပြန်တာ သုံးယောက်လို့ပြောတယ်။ အစ်ကို့အမြင် ဘယ်နှစ်ယောက်ရှိလဲ။

ဖြေ ။ ။ ကျွန်တော့အမြင်လဲ သုံးလေးယောက်ပါဘဲ။ အဲဒီ လောက်ပါဘဲ။ သူတို့ကအုပ်စုလိုက် တက်လာတယ်ဆိုတော့။

Myanmar Now ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒီအမှုနဲ့ပတ်သက်ပြီးသတင်းတွေဖတ်ရမှာပေါ့။ မျက်မြင်သက်သေတွေက (လူသတ်တရားခံ) ဘယ်သူတွေမှန်းသဲသဲကွဲကွဲမသိဘူး။ အထူးသဖြင့်စားပွဲထိုး တွေပေါ့။ လုံခြုံရေးတွေကိုတရားရုံးကစစ်မေးပါတယ်။ လုံခြုံရေးတွေကလည်းဘယ်သူမှန်းရှင်းရှင်းလင်းလင်း မသိဘူးလို့ပြောပါတယ်။ ဆိုတော့ဒီဟာကတကယ်မမြင်နိုင်တဲ့အကွားအဝေးမှာရှိနေတာလား။ ဒါမှမဟုတ် ရန်ပွဲဖြစ်နေတာကို စားပွဲထိုးတွေ(လုံခြုံရေးတွေ) ကရှင်းရှင်းလင်းလင်းမြင်နေရလား။

ဖြေ ။ ။ ရှင်းရှင်းလင်းလင်းတော့မမြင်ရလောက်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒိရုံကြီးက မှောင်နေတယ်။ ကျွန်တော်တို့တောင်မှ အပြင်ရောက်တော့မှ ဒီကောင်တွေကိုမီးရောင်အောင်ရောက်တော့မှ ဒီကောင်တွေမှန်းသိတာလေ။ ဦးထုတ်ဆောင်းထားတယ်။ပြီးတော့ Hoody(ခေါင်းစွပ်အင်္ကျီပွ) ပေါ့။ Hoody ဆောင်းထားတယ်။ အထဲမှာတော့ စားပွဲထိုးတွေပြောတာဖြစ်နိုင်တယ်။ သဲသဲကွဲကွဲမမြင်ရလောက်ဘူး။ အပြင်ရောက်တော့မှ အောင်ရဲထွေးကို လုံခြုံရေးတွေနဲ့ အပြင်ရောင်တော့မှ “သူတို့လုပ်တာ…သူတို့လုပ်တာ” လို့ဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်ယူထားလိုက်တဲ့အတွက် အဲ့ဒိရောက်မှ ကျွန်တော်တို့သိတာ၊ ဒီကောင်တွေမှန်း။

Myanmar Now ။ ။ CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်းကောရှိလား။ ဘာကြောင့်လဲဆိုတော့ အင်မတန်မှဈေးကြီးတဲ့စားသောက်ဆိုင်ကြီးဖြစ်နေတော့လေ။ အစ်ကိုသတိထားမိသလောက် CCTVမှတ်တမ်းတွေကောရှိလား။

ဖြေ ။ ။ CCTV ကတော့သူတို့တပ်ထားရင်တော့ရှိမှာပေါ့။ နဲနဲတော့သူတို့တပ်ထားမှာ။

Myanmar Now ။ ။ ဒီကိစ္စကိုတိုက်ရိုက်ညွှန်းတာ မဟုတ်ပေမဲ့ သမ္မတက ပြောတာရှိပါတယ်။ တရားရေးဘက်ကလည်းဒါကိုပြန်ပြီး စိစစ်ဖို့လုပ်နေတယ်။ တကယ်လို့သာအစ်ကို့ကို သက်သေစာရင်းထဲမှာ ထည့်မယ်ဆိုရင် အစ်ကိုသွားရောက်ပြီး သက်သေထွက်ပေးဖို့ရှိလား။

ဖြေ ။ ။ အခုလိုပြန်ခေါ်မယ်ဆိုရင် ကျွန်တော်သေချာပေါက်သွားရောက်ဖြေမှာပါ။

Myanmar Now ။ ။ အောင်ရဲထွေးနဲ့ရန်ဖြစ်ခဲ့တဲ့သူတွေက ဘယ်လိုလူမျိုးလဲ။ အစ်ကိုတို့အဲ့ဒါကို သိရလား။

ဖြေ ။ ။ ကျွန်တော်မသိဘူးဗျ။အဲ့ဒါတော့။

Myanmar Now ။ ။ ဒီအမှုက အင်မတန်မှကိုနာမည်ကြီးတဲ့အမှုဆိုတော့ တချို့  ကလည်းခန့်မှန်းပြောဆိုတာတွေရှိတယ်။ မိသားစုကိုဖိအားပေးတာ ခြိမ်းခြောက်တာတွေ ရှိကောင်းရှိနိုင်တယ် ဆိုပြီး။ အစ္ကိုကေကာ အဲ့ဒါကိုမစိုးရိမ္ဘူးလား။ အစ်ကို့ကို လာပြီးရန်လုပ်မှာဖိအားပေးမှာ။

ဖြေ ။ ။ ကျွန်တော်အဲ့ဒါတော့မကြောက်ဘူး။

Myanmar Now ။ ။ ဘာကြောင့် Myanmar Now ကိုလက်ခံပြီးစကားပြောလဲ။

ဖြေ ။ ။ ကျွန်တော်လဲကျွန်တော့ဟာကျွန်တော် ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်နေတာ။ သမ္မတကိုယ်တိုင် နိုင်ငံတော်တရားရေးအရဖောက်ဖျက်ရာကျတဲ့ အမှုမျိုးတောင်မှ ဒီလိုနာမည်ကြီး အမှုမျိုးတောင်မှ ဒီလိုတရားသူကြီးက ကွင်းလုံးကျွတ်လွှတ်ပေးတယ်ဆိုတော့၊ ကျွန်တော့်အမြင်အရ ကျွန်တော့အဖေတုန်းကတောင်မှ ကားတိုက်မှုလေးမှာ မတော်တဆမှုဖြစ်တာတောင်မှ တော်တော် ရှင်းယူရတဲ့ခေတ်မှာ အခုလိုလူမြင်ကွင်းမှာ ဂျာနယ်တွေမှာပါသလိုပေါ့ တက်ရိုက်သွားပြီး လူသေသွားတဲ့ဟာကို ကွင်းလုံးကျွတ်လွတ်တယ်ဆိုတာ ဒါ … တရားသူကြီးကိုကျွန်တော်လေးစားတယ်။(ရယ်လျက်)

Myanmar Now ။ ။ အောင်ရဲထွေးသေဆုံးပြီးနောက်မှာ သူ့မိသားစုက အင်မတန်မှကိုမှ တက်တက်ကြွကြွနဲ့ တရားခံတွေဖမ်းပေးဖို့ဆိုပြီး သတင်းမီဒီယာတွေကိုဖြေတယ်။ သူ့သားကအင်မတန်မှကို အပြစ်ကင်းစင်တယ်လို့ပြောတယ်။ ဒါပေမဲ့အခုဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ သူတို့ဟာပျောက်နေတယ်။ သူတို့အသံတိတ်နေတယ်။ ဘာ့ကြောင့်လို့ထင်လဲ။

ဖြေ ။ ။ ငွေကြေးကြောင့်လို့တော့ ကျွန်တော်ကထင်တယ်။ ဒါကတော့ကျွန်တော့အထင်ပေါ့။ သူများကိုလည်းမပြောကောင်းပါဘူး။ သူတို့ကျေနပ်လောက်တဲ့အထိ ငွေကြေး ပံ့ပိုးပေးလိုက်လို့လားမသိဘူး။ ကျွန်တော်ထင်တယ်။

Myanmar Now ။ ။ အစ်ကိုနဲ့ ကိုအောင်ရဲထွေး ကောင်မလေးနဲ့ကောဒီကိစ္စပြောဖြစ်လား။

ဖြေ ။ ။ အခုနောက်ပိုင်း ကျွန်တော်နဲ့က သိပ်မပြောဖြစ်ဘူးဗျ။

Myanmar Now ။ ။ ကျွန်တော်တို့သူ့ကိုဆက်သွယ်ပါတယ်။ ဒါပေမဲ့ဆက်သွယ်ဖို့အင်မတန်ခက်တဲ့အခြေအနေပါ။သူကကောဒီဆုံးဖြတ်ချက်ချပြီးနောက်မှာ တစ်စုံတစ်ရာအံ့အားသင့်တာရှိပါသလား။

ဖြေ ။ ။ သူကတော့ဒီလိုမျိုးဖြစ်နေတယ်ဆိုတာသိနေတဲ့ပုံစံဘဲ။ ဟိုတလောက ကျွန်တော်တို့ဆုံတော့ အချိန်တန်ရင်လည်း သူတို့ကသူတို့ဟာသူတို့ ပြီးသွားမှာတဲ့။ သူကသူကြားသလောက်တော့ သူ့ကောင်လေးအိမ်က လျှော်ကြေးပေးတာကိုလက်ခံမယ်ထင်တယ်တဲ့။အဲ့လိုမျိုးတော့ ပြောဖြစ်တာပေါ့။

Myanmar Now ။ ။ တရားရုံးကသက်သေမခိုင်လုံတဲ့အတွက် လွှတ်တယ်လို့ပြောပါတယ်။ သူ့မိသားစုကဒီသုံးယောက်က အကယ်၍သာ တရားခံမဟုတ်ဘူးဆိုရင် ဘာလို့သတ်တဲ့သူတွေကို မရှာဘဲ နှုတ်ဆိတ်နေတယ်ထင်လဲ။

ဖြေ ။ ။ ဒီသုံးယောက်မသတ်ဘူးလို့ဘယ်သူပြောတာလဲ။

Myanmar Now ။ ။ ကျွန်တော်ဆိုလိုတဲ့သဘောက သက်သေမခိုင်လုံတဲ့သဘော။ သူတို့ကိုလွှတ်တာက သတ်တယ်၊ မသတ်ဘူး ဆုံးဖြတ်တာမဟုတ်ဘဲနဲ့၊ သက်သေမခိုင်လုံဘူးဆိုပြီးတော့ လွှတ်လိုက်တဲ့သဘောဆိုတော့။

ဖြေ ။ ။ သက်သေမခိုင်လုံဘူးဆိုတာ သူတို့မခိုင်လုံတဲ့သက်သေတွေ စစ်ဆေးမေးမြန်းလို့ပေါ့။ ဒါဘဲပေါ့။

Myanmar Now ။ ။ တခြားဖြည့်စွက်ပြောချင်တာ။ ကျွန်တော်မေးသင့်လျက်သားနဲ့ ကျန်ခဲ့တဲ့မေးခွန်းတွေရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ တရားရေးကိစ္စတော့ ကျွန်တော်ပြောချင်တာပေါ့။ လူမြင်ကွင်းမှာဒီလိုမျိုး လူလည်ခေါင်မှာ ဒီလိုမျိုးဖြစ်သွားတဲ့ အမှုကြီးကိုတရားသူကြီးက၊ရဲကလည်း ကန့်ကွက်နေတဲ့ကြားထဲက တရားသူကြီးက ဒီလိုမျိုး အမိန့်ချလိုက်တာ ကျွန်တော်လဲတော်တော်အံ့သြမိတယ်။ အံ့သြမိလို့လည်း ကျွန်တော်အခု အစ်ကိုတို့လာမေးတာကို လက်ခံစကားပြောတာ။ နို့မို့ဆိုကျွန်တော်ဖြေမှာမဟုတ်ဘူး။
---------------------------


နှစ်သစ်ကူးညက အောင်ရဲထွေးနှင့်အတူ တစ်ဝိုင်းတည်း ထိုင်နေခဲ့သည့် ကိုချမ်းကျော် Credit 💳 (ဓာတ်ပုံ -Myanmar Now)

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



<Unicode>
ကိုယ့် Android ဖုန်းမှာ စကရင်ရှော့ကို အရှည်ကြီးရိုက်ချင်ရင် Stitch & Share: big screenshot apk ကိုအသုံးပြုနိုင်ပါတယ်.. Stitch & Share: big screenshot ကိုဖွင့်ပြီး screenshot ရိုက်သွားရုံနဲ့ သူ့အလိုလိုထပ်ပြီးသားရရှိစေမှာပါ.. Screenshot တွေ အလိုအလျောက်ထပ်ပြီး screenshot အရှည်ကြီးဖြစ်လာတာပေါ့.. အလိုအလျောက် ထပ်တဲ့စနစ်ကိုမလိုချင်ရင် Combine Screenshot ကိုနှိပ်ပြီး ရိုက်ပြီးသားစကရင်ရှော့ကို ကိုယ်တိုင် စိတ်ကြိုက်ထပ်ပြီး screenshot အရှည်ပြီးလုပ်လို့ရပါတယ်... 

Features
Make one big screenshots by simply scrolling through an app
Edit if needed
Don't clutter your friends with tons of screenshots, but send just one link or image
It's quick & easy!

Download : 5.71 Mb

Drive Link




​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GO



​Welcome{ ​HERE } ​GOhttp://www.directupload.net/file/d/5173/saf49f35_jpg.htm

Tuesday, August 07, 2018














❝လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ မအားသေးပါလို့ အော်တိုစာပြန်နည်း
ကိုယ့်ဖုန်းမှ ဖုန်းနံပါတ်တွေနှင့် အခြား ဖုန်းနံပါတ်တွေ
မိမိဖုန်းကို ဖုန်းခေါ်လာရင် ဖုန်းကိုင်ဖို့မအား
ရင် " လူကြီးမင်းခေါ်ဆိုသောဖုန်းမှာမအားသေးပါလို့ ”ဖုန်း
ခေါ်ဆိုသမျှကို အော်တိုစာပြန်နေအောင် လုပ်ထားနည်းပါ။
ဆော့ဝဲတစ်ခုတော့ အသုံးပြုရပါမယ်စမ်းသမ်းအသုံးပြုချ
င်ရင်တော့ဆော့ဝဲကို အောက်ပါလင့်မှ ဒေါင်းပြီးရင်
လေ့လာလို့ရအောင် အောက်မှာပုံလေးတွေ
နဲ့ညွန်းပါတယ်။
▶ဒီမှာဒေါင်းပါ - https://mm1ink.net/d5Vq

Credit✅နည်းပညာလမ်းညွန်✔


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

,

Download blog apk


အဆင်ပြေပါစေမိတ်ဆွေ မင်္ဂလာပါ မိတ်ဆွေများကိုကြိုဆိုပါတယ်ခင်ဗျာ

သုတရသနည်းပညာဆော့ဝဲအားဒေါင်းယူရန်-download Apk-ဆိုတဲ့ပုံလေးကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် -၀ါသနာတူဘော်ဒါများကိုကြိုဆိုပါတယ်

ကျွန်တော့်APKလေးကိုဒေါင်းလော့လုပ်ပြီးအားပေးကြပါဦးနော်

iOS

data lable="ios"

Business

လည်ပတ်ရန်နေရာလေး

နည်းပညာနှင့်ပတ်သက်သောစာအုပ်များကိုဒေါင်းယူနိုင်ပါသည်

Sponsor

Contact Form

Name

Email *

Message *

Facebook ဆိုင်ရာနည်းလမ်းများ

အသစ်တင်သမျှမေလ်းကရစေရန်မေလ်းလိပ်စာချန်ခဲ့ပေးပါ

,

မူပိုင်-စိုးမိုးအောင် (၂၀၁၄ ခုနှစ်မှစတင်၍ဝါသနာအရရေးသားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်ပြန်လည်ရေးသားခဲ့ပါသည် . Powered by Blogger.

,

Ads

,

Ads

Total Pageviews

Post Top Ad

Post Top Ad

ကြော်ငြာလေးတချက်ကလစ်ပေးပါနော်

Breaking

Technology

3/Tech/feat-grid

Facebook မှလည်းဖတ်ရှု့နိုင်ပါတယ်

Random Posts

Recent Posts

ယနေ့ငွေကြေးဈေးကွက်

Extra Ads

ကြော်ငြာထည့်သွင်းရန်

Followers

,


လာရောက်လည်ပတ်သူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

ဘလော့နည်းပညာများလေ့လာရန်

Create your own banner at mybannermaker.com!

Follow Me

မိတ်ဆွေတို့ရဲ့စကားသံများ

အားပေးမှုကိုမှတ်တမ်းတင်ထားပါတယ်ခင်ဗျာ

Sports

3/Sports/col-left

Recent Comments

Technology

3/Technology/col-right

Box

နေ့တိုင်းလာလည်ဖို့ဖိတ်ခေါ်ပါတယ် ရှာဖွေတွေ့ရှိသမျှလေးတွေ, သတင်း, သုတ, ရသ, နည်းပညာများကိုတင်ဆက်ပေးသွားပါ့မယ် အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်

Popular Posts

slider