Saturday, September 29, 2018


ဖုန်းလမ်းညွှန် ဆော့ဝဲတွင် မိမိတို့ သိလိုသမျှ ဖုန်းနည်းပညာများကို လေ့လာရှာဖွေနိုင်ပါသည်။
 လေ့လာစရာနည်းပညာများမှာ
Facebook ဆိုင်ရာအသုံးပြုနည်း (၂၀၀) ကျော်
Gmail ဆိုင်ရာအသုံးပြုနည်း (၅၀) ကျော်
Viber ဆိုင်ရာအသုံးပြုနည်း (၅၀) ကျော်
ဖုန်းဖြင့် ပြုလုပ်နိုင်တဲ့ နည်းလမ်းများပေါင်း (၂၀၀) ကျော်
နောက်ဆုံးရ နည်းပညာသတင်းများ
Myanmar Font များ
လစဉ် ထီပေါက်စဉ်တိုတ်ရန်
နေ့ စဉ် 2D/3D ကြည့်ရန် 
စတဲ့ နည်းပညာအစုံကို အခု ဖုန်းလမ်းညွှန် ဆော့ဝဲကနေ လေ့လာနိုင်ပါပြီ။
အားလုံးဘဲ အားပေးလိုက်ကြရအောင်နော်...
လင့်၂ခုပေးထားပါတယ်အဆင်ပြေရာကဒေါင်းယူကြပါ













Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Thursday, September 27, 2018



WinRAR လိုအပ်သူများယူနိုင်ပါပြီ
Window၂ခုလုံးအတွက်တင်ပေးထားပါတယ်

32-bit
https://www.mediafire.com/download/r9a66hl9corogqc

64-bit
https://www.mediafire.com/download/83f8jy84u1xtxel

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Wednesday, September 26, 2018


ဒီတစ်ခါတင်ပေးတဲ့ဆော့ဝဲလေးကတော့ MM-ALL-MOVIE ဆိုတဲ့ဆော့ဝဲလေးပဲဖြစ်ပါတယ် 18+ဆောဝဲဖြစ်တာကြောင့် အမျိုးသမီးများနဲ့အ့သက်မပြည့်သေးသူများဒေါင်းရန်မသင့်တော်ပါဘူး ဝါ သနာတူဘော်ဘော်တွေအောက်ကလင့်မှာဒေါင်းနိုင်ပါတယ်
👉ဒီနေရာကိုနှိပ်ပြီး👈
ဒေါင်းယူနိုင်ပါတယ် အဆင်ပြေကြပါစေ

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

N.C.A Myanmar Freenet 

for ooredoo fb Unlimited and 1mb 1ks
အော်ရီဒူးအတွက်ပါစမ်းသပ်အသုံးပြုချင်သူများအောက်မှာဒေါင်းပါ




လိုင်းစချိတ်တာက နည်းနည်းတော့ကြာနိုင်ပါကြောင်း

Credit -NCA



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Friday, September 21, 2018

ခုတင်ပေးတဲ့ဆော့ဝဲကတော့မြန်မာစာတန်းထိုးကားတွေကိုတစ်နေရာထဲမှာ
ဒေါင်းနိုင်တဲ့ဆော့ဝဲလေးပါအသုံးပြုလိုသူများအောက်မှာဒေါင်းယူနိုင်
ပါပြီလင့်၂ခုလုပ်ပေးထားပါတယ်

Play store link-ဒီမှာဒေါင်းပါ
Apkpure link-ဒီမှာဒေါင်းပါ

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

ဒီမှာဒေါင်းပါ

Thursday, September 20, 2018

"မာလကာရွက်"

နေအိမ်အများစုမှာ မာလ ကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီး အသီးကိုသာအဓိကထားစားသုံး လေ့ရှိကြပါတယ်။ သို့သော်လည်း အများစုသတိမမူမိတဲ့အချက်က တော့ မာလကာရွက်ရဲ့အံ့ဖွယ် ဆေးဖက်ဝင်အစွမ်းသတ္တိတွေပဲ ဖြစ်ပါတယ်။

မာလကာရွက်ဟာ သဘာဝ ဆေးဝါးတစ်မျိုးဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ၊ ရောဂါပိုး မွှားတွေကူးစက်တာကို ကာကွယ် နိုင်တဲ့အစွမ်းသတ္တိ၊ ရောင်ရမ်း တာတွေ၊ နာကျင်တာတွေကို ပျောက်ကင်းစေတဲ့ဂုဏ်သတ္တိ တွေပါဝင်ပါ တယ်။ ယနေ့ခေတ် မှာဆိုရင် မာလကာရွက်ကနေ ဆေးဝါးတို့၊ မာလကာရွက်လက် ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲ လာကြပြီဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချ ချင်ရင်လည်း မာလကာရွက်က ထောက်ကူပေးနိုင်ပြီး သွေးတွင်း သကြားဓာတ်ပမာဏကို လျှော့ချ ပေးနိုင်တာကြောင့် ဆီးချိုရောဂါ အတွက်ပါ ကောင်းကျိုးပြုပါ တယ်။ မာလကာရွက်လက်ဖက် ခြောက်ကို သုံးလလောက် သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကိုအ ကျိုးမပြုတဲ့ ကိုလက်စထရောတွေ ကိုဖယ်ရှားပေးနိုင် တယ်လို့ဆိုပါ တယ်။

ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်း ကိုက်တာတွေဖြစ်ပြီဆိုရင်လည်း မာလကာရွက်က ဆေးဖက်ဝင် ပြန်ပါတယ်။ နောက်ပြီး အစာအ ဆိပ်သင့်တာတွေ၊ အော့အန်တာတွေနဲ့ အစာမကြေဖြစ်တာတွေကို လည်း သက်သာပျောက်ကင်းစေ ပါတယ်။ ဒါ့အပြင် ပန်းနာရင်ကျပ် ရောဂါအတွက်ဆိုရင်လည်း မာ လကာရွက်နဲ့ ကုသနိုင်ပါသေး တယ်။

သွားကိုက်တာ၊ လည်ချောင်းနာတာနဲ့ သွားဖုံးရောဂါတွေဆိုရင် လည်း မာလကာရွက်လတ်လတ် ဆတ်ဆတ်ကိုချေပြီး အရည်ညှစ် ပလုတ်ကျင်းပေးရင်ပျောက်ကင်း နိုင်ပါတယ်။ ဒါကြောင့်မို့ မာလ ကာရွက်ကို သွားတိုက်ဆေးထုတ် လုပ်ရာမှာထည့်သွင်းကြပါတယ်။ ခံတွင်းနံ့သင်းဖို့အတွက်သာမက ခံတွင်းကျန်းမာရေးအတွက် မာ လကာရွက်ကို ကြိတ်ခြေအနှစ်ပြု လုပ်ပြီး အိမ်မှာသဘာဝဆေးဝါး အဖြစ်သုံးနိုင်ပါတယ်။

မာလကာရွက်ကို သွေးလွန် တုပ်ကွေးရောဂါနဲ့ ပရော့စတိတ် ကင်ဆာရောဂါကုသဖို့လည်း အ သုံးပြုပါတယ်။ ဓာတ်မတည့်လို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာ တွေဖြစ်ရင်လည်း မာလကာရွက် နဲ့ပွတ်ပေးရင် သက်သာပျောက် ကင်းနိုင်သလို ထိခိုက်ရှနာဖြစ်ရင် လည်း မာလကာရွက်ကိုကြိတ်ခြေ ပြီးအုံပေးရင်ပျောက်ကင်းနိုင်ပါ တယ်။

အရေပြားအရောင်မမှန်တာ တွေ၊ ဝက်ခြံ၊ ဆားဝက်ခြံတွေကို လည်း မာလကာရွက်အနှစ်နဲ့ သုတ်လိမ်းပြီး ပျောက်ကင်းအောင်ပြုလုပ်နိုင်သလို မာလကာရွက်အနှစ်နဲ့ ပေါင်းတင်ပေးရင်လည်း အရေပြားတွန့်တာတွေပျောက် ကင်းပြီး တင်းရင်းလှပစေပါ တယ်။

ဒါတင်မကသေးဘဲ မာလ ကာရွက်လက်တစ်ဆုပ်စာကို ရေ တစ်လီတာလောက်နဲ့ မိနစ် ၂၀ လောက်ပြုတ်ပြီး အေးသွားတဲ့ အခါ မာလကာရွက်ပြုတ်ရည်နဲ့ ဦးရေပြားကိုသုတ်လိမ်းပြီး နှိပ် နယ်ပေးရင် ဆံပင်ကျွတ်တာတွေ ပျောက်ကင်းပြီး သန်စွမ်းစေပါ တယ်...




Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

"စိတ်အားငယ်သူ ဖတ်ဖို့"
═════════
     ‎🐧. ပင့်ကူဟာ သူ့အိမ်လေးကို တည်ဆောက်နေတယ်
     အကြိမ်ကြိမ်ပြုတ်ကျခဲ့တယ်
     သို့သော့့် နောက်ဆုံးတော့
     အိမ်ကလေးတစ်အိမ်ကို သူ ဖန်တီးနိုင်ခဲ့တာပဲ ။

🐧 ခြတို့ဟာ မြေသားတွေကို
    များများ မသယ်ဆောင်နိုင်ဘူး
    ဒါပေမယ့် သူတို့ဟာ
    မြေမှုန်များကို တစ်စစီ သယ်သူစုဆောင်းပြီး
     နောက်ဆုံးတော့
     ခြတောင်ပို့အဖြစ် ‎သူတို့ ဖန်တီးနိုင်ခဲ့ကြတာပဲ ။

🐧 မြှင့်မားလှပါတယ်ဆိုသော တောင်ထိပ်ဟာ
     ခြေတစ်လှမ်းဖြင့် တစ်လှမ်းချင်း အစပြုခြင်းကြောင့်
     နောက်ဆုံးတော့
     လူတို့ရဲ့ ခြေဖဝါးအောက်သို့ ရောက်ရှိသွားကြတာပဲ ။

🐧. နှေးကွေးလှပါတယ်ဆိုတဲ့ လိပ်ဟာ
     အပြေးမြန်လှတယ်ဆိုတဲ့ ယုန်သူငယ်ကို
     နောက်ဆုံးတော့
     အနိုင်ယူခဲ့ သွားတော့တာပဲ ။

🐧. မပျံသန်းနိုင်ဘူးတဲ့ ပင်ဂွင်ငှက်လေးဟာ
     လေ နဲ့ ကုန်း ပေါ်မှာ အားမသာပေမယ့်
     ရေထဲမှာတော့ ရေငုပ်ပြီး အစာ ရှာစားနိုင်ကြတာပဲ ။

🐧. ပန်းပွင့်တိုင်း ကြွေကျတယ်
     ဒါပေမယ့် ကြွေကျတဲ့ ခရေပွင့်ကိုတော့
     လူတိုင်း တန်ဖိုးထားပြီး မြတ်နိုးကြတာပဲ ။

🐧. စိတ်ကို ပေါ့ပါးစွာဖြင့် ဖြတ်သန်းပါ.....
     စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး ပြေးပါ....
     မောပန်းလျှင် လမ်းလျှောက်ပါ....
     လမ်းမလျှောက်နိုင်လျှင် တွားသွားပါ....
     အသက်ရှင်နေသ၍ အားမာန်အပြည့်ဖြင့်
     လျှောက်လှမ်းပါ
     တစ်နေ့တော့
     သင်ဦးတည်ရာသို့ ခရီးသို့ ရောက်ရှိသွားလိမ့်မည် ။
     ‎
🐧. မိမိရဲ့ အားနည်းချက်ကို ဂရုမစိုက်ဘဲ
     အားသာချက်ကိုသာ ဂရုစိုက်၍ ပြုလုပ်လျှင်
     တစ်နေ့တော့ အောင်မြင်မှုရလဒ်ကို ပိုင်ဆိုင်ခွင့်ရကြမှာပါ

🐧. အားငယ်စရာ ရှိရင် အားငယ်ပါ
      သို့သော် ကြာရှည်စွာ အားငယ်၍ မနေသင့်ပါ
      ကြာရှည်စွာ အားငယ်နေရင် အောင်မြင်မှုပန်းတိုင်သို့
      လျှောက်လှမ်းမယ့်အတွက် အင်အားတွေ ကုန်ခမ်း၍
      အောင်မြင်မှု အပြုံးပန်းပွင့်ကို သင် ပိုင်ဆိုင်နိုင်မည် မဟုတ်ပါ

🐧. အောင်မြင်မှု အပြုံးပန်းပွင့်လေးကို
       ရရှိနိုင်မယ့်အတွက် အားနည်းချက်တွေကို
       ခဏတာ ပယ်ဖျောက်ထားပြီး
       အောင်မြင်မှုခရီးသို့ လျှောက်လှမ်းရင့်း့

မေတ္တာမွန်ဖြင့်.......
#Creditကောင်းချစ်
https://www.myanmar.google.com
https://www.AshinVisara.Homalin.Com

#credit photo Thura Aung

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Tuesday, September 18, 2018



ဖုန်းထဲမှာဒေါင်းလော့ဆွဲတဲ့အခါzipဆိုတဲ့ဖိုင်လေးတွေတွေ့ဖူးကြမှာပါ အဲ့လိုဖိုင်လေးတွေတွေ့ခဲ့ရင်ခုတင်ပေးတဲ့ဆော့ဝဲလေးကဖြေရှင်းပေးပါလိမ့်မယ်သူ့ရဲ့အသုံးဝင်ပုံတွေကတော့အများကြီးပဲဗျ သူငယ်ချင်းတွေဆီဆော့ဝဲပြန်ရှဲပေးချင်လည်းရတယ်ဖိုင်တွေဖြေပေးတယ်
ထုတ်ပေးတယ်အများကြီးပါပဲအသုံးဝင်ပုံတွေကရေးရပျင်းလို့နော် အဟီး
ကဲအသုံးပြုလိုသူများအောက်မှာဒေါင်းကြပါ
Download RAR APK

                              ဒီမှာဒေါင်းပါ


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Sunday, September 16, 2018




ဖုန်းလမ်းညွှန် ဆော့ဝဲတွင် မိမိတို့ သိလိုသမျှ ဖုန်းနည်းပညာများကို လေ့လာရှာဖွေနိုင်ပါသည်။
 လေ့လာစရာနည်းပညာများမှာ
Facebook ဆိုင်ရာအသုံးပြုနည်း (၂၀၀) ကျော်
Gmail ဆိုင်ရာအသုံးပြုနည်း (၅၀) ကျော်
Viber ဆိုင်ရာအသုံးပြုနည်း (၅၀) ကျော်
ဖုန်းဖြင့် ပြုလုပ်နိုင်တဲ့ နည်းလမ်းများပေါင်း (၂၀၀) ကျော်
နောက်ဆုံးရ နည်းပညာသတင်းများ
Myanmar Font များ
လစဉ် ထီပေါက်စဉ်တိုတ်ရန်
နေ့ စဉ် 2D/3D ကြည့်ရန် 
စတဲ့ နည်းပညာအစုံကို အခု ဖုန်းလမ်းညွှန် ဆော့ဝဲကနေ လေ့လာနိုင်ပါပြီ။
အားလုံးဘဲ အားပေးလိုက်ကြရအောင်နော်...

အောက်က Link မှာဒေါင်းယူကြပါ။


 ဒီမှာဒေါင်းပါ -ဒီကိုနှိပ်ပါ

အားလုံးဘဲ တစ်ဆင့်ပြန်လည် မျှဝေနိုင်ပါတယ်။
အဆင်ပြေပါစေ....



Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်





✔ ဖုန်းကနေ ဆော့ဝဲလ်တစ်ခုသုံးပြီး မြန်မာစာတန်းထိုး ဇာတ်ကားအများကြီး အမြန်ကြည့်ရှု/ဒေါင်းလုတ်ချင်တဲ့သူတွေအတွက် ဆော့ဝဲလ်တစ်ခု မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒီဆော့ဝဲလ်နာမည်ကတော့ Channel Myanmar ဖြစ်ပါတယ်။
CM ထဲမှာဆိုရင် မြန်မာဇာတ်ကားအများအပြား တင်ထားပေးပါတယ်။ နေ့တိုင်းကြိုက်သလောက် အကန့်အသတ်မရှိ ကြည့်ရှု ဒေါင်းလုတ်လို့ရပါတယ်။

ဒါဆိုရင် CM ဆော့ဝဲလ်သုံးပြီး ဇာတ်ကားတွေကို ဘယ်လို ကြည့်ရှု/ဒေါင်းလုတ်ရမလဲဆိုတာ 

✔ အသုံးပြုရမယ့် Channel Myanmar ဆော့ဝဲလ်ကို အောက်မှာ ဒေါင်းလုတ်ပါ။
ဒေါင်းလုတ်ရန်လင့်- ဒေါင်းရန်နှိပ်ပါ

Ok… အဆင်ပြေကြပါစေ။




ကိုရဲ(နည်းပညာ)







Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Saturday, September 15, 2018






ပထမပိုင်း
ဒါလေးကတော့ မသိသေးတဲ့သူ တွေ
အတွက် ရည်ရွယ် ပြီးတော့ တင်းပေးထား တာပါ။ အရမ်းတော် လို့တတ် လို့မဟုတ်ပါဘူး ကိုယ့်တတ်
သိထားတဲ့ ပညာကို တခြားသူကို ပြန်လည် ဝေမျှတဲ့ သဘောပါ။ အားလုံးကို တတ်စေ ချင်ပါတယ်။
Tag ဆိုတာဘာလဲ
Tag ဆိုတာကတော့ ရိုးရိုး Text တွေနဲ့ HTML code တွေကို ခွဲခြားလို့ရအောင်လုပ်ထားတာပါ။
ဘယ်လိုမျိုးလဲဆိုရင်တော့ <b>This is bold </b> ဆိုရင် web browser နဲ့ ကြည့်ရင် စာလုံးဟာ bold
ဖြစ်နေပါလိမ့်မယ်။ အဲဒီမှာ <b> နဲ့ </b> တို့ဟာ tag တွေပါ။ အများအားဖြင့် tag တွေဟာ အဖွင့် နဲ့ အပိတ်ပါ
ပါတယ်။ အပိတ်ဆိုရင် / လေးခံထားပေးရပါတယ်။
HTML အတွက် Editor
HTML အတွက် Editor တွေ IDE တွေအများကြီးရှိပါတယ်။ ကျွန်တော်ကတော့ Dreamweaver အကြိုက်ဆုံးပါပဲ။
သူက HTML မတတ်ရင်တောင် Website တစ်ခုဆွဲလို့ရပါတယ်။ ဒါပေမယ့် Dreamweaver ကိုသုံးရင်တော့ HTML
code တွေသိလာမှာ မဟုတ်သလို တခြား website တွေကို ပြင်ရတာလည်းခက်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ
သူများတွေပေးထားတဲ့ website template ကိုပြင်ချင်တယ်။ ကိုယ်ပိုင်သေသေချာချာ HTML code
တွေကိုသိချင်တယ်။ ဒါဆိုရင်တော့ လေ့လာကာစမှာ Notepad သုံးပြီးလေ့လာပါ။ လေ့ကျင့်ပါ။ HTML က web siteဆွဲရတဲ့ အထမှဲာ အလွယ်ဆုံးနဲ့ အခြေခံအကျဆုံးပဲ။ သူ့ကိုသေသေချာချာနားလည်ထားမှ တခြား web
programming တွေဖြစ်တဲ့ PHP, ASP.NET , JSP , Ruy On Rail တို့မှာ အထောက်အကူဖြစ်မှာပါ။HTML ကိုလေ့လာမယ်
1.Starting To Creat and Edit Webpage
Notepad ဖြင့်စတင်ခြင်း
၁. Windows Key + R ကို နှိပ်လိုက်ပါ။ Run Dailog Box တက်လာပါမည်။ ထို့နောက် notepad လို့ရိုက်လိုက်ပါ။
ပြီးလျှင် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် notepad တက်လာပါလိမ့်မယ်။
၂. Notepad ထဲတွင် Format အောက်က word warp ကို check လုပ်ထားပါ ။ ဘာဖြစ်လို့လည်းဆိုရင်တော့ Word
Warp က Notepad မှာစာရိုက်တာ ပြည့်သွားရင် အောက်တစ်ကြောင်း ဆင်းသွားရန်အတွက် ဖြစ်သည်။
HTML စတင်ရေးသားခြင်း
၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။
<html>
<head>
<title>This is title</title>
</head>
<body>
This is body
</body>
</html>
HTML နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code
တွေရေးရပါတယ်။ Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title
ထည့်ထားသည်ကို တွေ့ရမည်။ Title သည် Browser ၏ ထိပ် bar တွင်
တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ
စာများရေးသားနိုင်သည် ။
၂. အဲဒါကို ကိုကြိုက် တဲ့နေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box
တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။ file name ကို yourname.html လို့ပေးလိုက်ပါ။ yourname သည်
မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည် file extension ဖြစ်သည်။ HTML ရေးထားသော page များကို
.html နှင့် .htm လို့ပေးမှသာ browser တွင် ပေါ်ပါလိမ့်မည်။
၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file
လေးကို double click လုပ်ပြီး ဖွင့်လိုက်ပါ ။
ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။

ထိပ်ပိုင်းတွင် File ပတ်လမ်းကြောင်းကို address bar
တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော This is tile
ဆိုသော စာကို Windos ၏ Title bar နှင့် Tab Title bar တို့တွင်
တွေ့ရမည်။ Body tag ထဲတွင် ရေးထားသော This is body ဆိုသော
စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ပြင်မယ်ဆိုရင်တော့
IE7 မှာဆိုရင်
Page > View Source ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
IE 6 မှာဆိုရင်
View > Source ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့ page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း
save လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source ကနေဖွင့်ပြင်ပြီး save
လုပ်လို့မရပါဘူး။
Header Tag

notepad ထဲမှာ ဒီလိုရိုက်လိုက်ပါ
<html>
<head>
<title>Example Of Header</title>
</head>
<body>
<h1>This is Header</h1>
This is normal text
</body>
</html>
အဲဒီ code လေးကို notepad ထဲမှာထည့်ရေး.. ပြီးတော့ run ကြည့်လိုက်ပါ။ Head Tag က
h1 ကနေ h6 အထိ ရှိပါတယ်။ နံပါတ်ကြီးလေလေ သေးသွားလေလေပဲ။ h6 ဆိုအသေးဆုံးကို ရောက်သွားပြီ။ ကဲ
လက်တွေ့ စမ်းကြည့်ရအောင်။ notepad ထဲမှာ အောက်ကလို ရိုက်ပြီး save လုပ်လိုက်။ ပြီးရင် ဖွင့်ကြည့်လိုက်ရင်
တွေ့ရပါလိမ့်မယ်။
<html>
<head>
<title>Example</title>
</head>
<body>

<h1>H1</h1>
<h2>H2</h2>
<h3>H3</h3>
<h4>H4</h4>
<h5>H5</h5>
<h6>H6</h6>
</body>
</html>
အခုဆို html အကြောင်းနည်းနည်း နားလည်လာလောက်ပါပြီ။ တကယ်တန်းတော့ မခက်ပါဘူး။ ဒါကအစပဲ
ရှိပါသေးတယ်။ ဒီလောက်လေးနဲ့ ပင် စာတွေပဲပါတဲ့ page တစ်ခုရေးလို့ရနေပြီ။
ဘယ် code ပဲရေးရေး <html><head><title></title></head><body></body></html>
သူတို့တွေကို ထည့်ပေးပါ နောက် ပိုင်းတွင် ကျွန်တော် အရှေ့မှာ ရှင်းပြပြီး ပြီ မို သူတို့တွေကို ထပ်မ
ထည့်တော့ ပါဘူး။
Alignment(စာအနေ အထားချိန် ခြင်း)
Alignment မှာ Left, Right, Center, Justify ဆိုပြီးတော့ ရှိပါတယ်။ 
(ဥပမာ) notepad ထဲမှာ <h1 align=”center”>Example</h1>  လို့ရိုက်ပြီး save လုပ်လိုက်ပါ။
ပြီးရင် save file ကို run လိုက်ပါ။ စာလုံးက အရှေ့မှာ ကျွန်တော် တို့ ရိုက်ထား သလို စာလုံးက ကြီး 
ပေမယ့် အလယ်ကို ရောက်သွား တာကိုတွေ့ ရမှာပါ။ အနီ ရောင်နဲ့ ရေးထားတဲ့နေရာမှာ ကိုယ့် ကြိုက်
သလိုပြောင်းလဲ ရေးသားနိုင်ပါတယ်။ သတိ - h1 နဲ့ align ကြားမှာ space တစ်ချက် ခြားရပါ့မယ်။
Paragraph (စာပိုဒ် ရေးသားခြင်း)
Website တွေမှာ စာပိုဒ်တွေ ပါတဲ့ webpage တွေကို တွေ့ဖူးပါလိမ့်မယ် စာပိုဒ်တွေ ကညီ ပြီးတော့ 
ကြည့်လို့ ကောင်းပါတယ်။ အဲ့ဒီလိုလေး ရေးချင်တယ် ဆိုရင်တော့.........
<p align=”justify”>ဒီနေရာမှာ စာပိုဒ်ရေးပါ</p>  ဒီလိုလေး ရေးပြီးတော့ save လုပ်လိုက်ပါ။
<p align=”justify”></p> နဲ့ ရေးမယ်ဆို ရင်တော့ သူက စာပိုဒ်တစ်ပိုဒ် ချင်းကို ပဲညီ အောင် လုပ်
ပေးပြီး နောက် စာပိုဒ်တွေ ကိုဆက်ရေးလို့မရပါဘူး။ နောက်စာပိုဒ်ရေးမယ် ဆိုရင် တော့အစက
<p align=”justify”> နဲ့စ ပြီးတော့ ပြန်ရေးရပါ့မယ် ပြီးရင် </p> နဲ့ ပြန်ပိတ် ပါ.....
နောက်တစ်မျိုးကတော့.....
<div align=”justify”>ဒီနေရာမှာ စာပိုဒ်ရေးပါ</div> ပြီးရင် save လိုက်ပါ။
<div align=”justify”></div> နဲ့ ရေးမယ်ဆို ရင်တော့ သူက စာပိုဒ်တွေအားလုံးကို ညီအောင်လုပ်
ပေးပါတယ်။ တစ်ပိုဒ်ပြီး ရင်တစ်ပိုဒ်ကို <br> ခွဲပြီးတော့ ရေးရပါ့မယ်။ <br> ဆိုတာကတော့ 
စာကြောင်းတစ်ကြောင်း (သို့) စာတစ်ပိုဒ်နဲ့တစ်ပိုဒ် ကို ခွဲခြားပြီးရေးတာပါ။ စာတကြောင်းရေးပြီး 
<br> ထည့်နောက်တစ် ကြောင်းရေးကြည့်လိုက်ပါ အောက်ကိုဆင်းသွားတာကိုတွေ့ ရပါလိမ့်...ဒီ
လိုပါပဲ <div align=”justify”>............<br>
          ...........................................<br>
          ပြီးရင်တော့ </div> ပြန်ပိတ် ပါ။
ဒီလောက်ဆို ရင်တော့ html  အခြေခံနဲ့ ပတ်သက်ပြီး တော်တော်လေး သိလောက်ပြီထင်ပါတယ် ။
စိတ်ဝင်းစားသူများကတော့ ဖတ်ပြီးရင် စမ်းကြည့်ပါလို့ မှာစေချင်ပါတယ်။ စမ်းသပ်တာကတော့ 
ကောင်းတဲ့အလုပ်ပါ။ code တွေကို ရေးရတာပျော် လာပါလိမ့်မယ်။ ကိုယ်ဖန်းတီးထားတဲ့ webpage လေးကိုကြည့် ပြီးတော့ ကြည်နူးလာပါလိမ့်မယ်။ ပျော်စရာကောင်းပါတယ်..........

ဒုတိယပိုင်းနဲ့တတိယပိုင်းဖက်ရှုဖို့အကောင့်လေးကိုfollowလေးဒါမှမဟုက်addထားပေးပါ
like & share please !HTML basic (ဒုတိယ ပိုင်း)

ပထမပိုင်းကိုသေချာနားလည်ပြီဆိုမှဒုတိယပိုင်းဖက်ပါမဟုက်ရင်လည်နေပါလိမ့်မယ်
ပြော နေကြာတယ် ဒုတိယ ပိုင်းကို ခပ် သွက်သွက်
လေးသွားလိုက်တော့မယ်........
Horizontal lin <hr> မျဉ်းတားခြင်း.........
ဒါလေးကတော့ မိမိ webpage မှာ လိုင်းလေ တွေတားချင်တယ် ဆိုရင်တော့...............
<hr color=red> ဒါကတော့ color အတွက်ပါ.......
<hr size=5> ဒါကတော့ လိုင်းရဲ့ ဆိုဒ်ပါ......... ဒီ အထဲ မှာ အကျယ်ကိုလဲ ထည့်လို့ရပါသေးတယ်.
<hr color=red size=5 width=50%> ဒါကတော့ အကျယ် ကိုထည့်လိုက်တာပါ .....
ဒါလေးတွေကို notepad ထဲ ထည့်ပြီးတော့ run ကြည့်လိုက်ပါ ကွဲ ပြားသွားတာကိုတွေ့ ရပါလိမ့်မယ်..
Attribute <4> .............
ဒါကတော့ code တွေ ထဲမှာ ထည့်ပြီး သုံးလို့ ရတာလေးတွေပါ.......
(1) size
(2) color
(3) width
(4) Align
color ရဲ့ နောက် မှာ(၂) မျိုးလိုက်ပါတယ်...
(1) color ကို rgb(...,...,..) ဒီလိုလဲ ရေးလို့ ရသလို..
(2) color cote (စိတ်ကြိုက်) # နဲ့ရေး လဲ ရတယ်...
# နောက်မှာ Character 6 လုံးထိ လိုက်လို့ရတယ်...
(ဥပမာ) color=#FUSVLA
           color=#298410
A to Z (ဒါမှမဟုတ်) 1 to 9 အထိလဲ ရှိပါတယ် ကြိုက်တဲ့ code နဲ့ ရေးလို့ပါတယ်။
Background color ( နောက်ခံအရောင်ထည့်ခြင်း)<bg color>
<html>
<body bgcolor=blue></body>
</html>
color code ကိုတော့ ကျွန်တော် အပေါ် မှာ ဖော်ပြထားတဲ့ အတိုင်း ရေးလိုက်ပါ။ color တွေကို
အရောင်နာမည် နဲ့ လည်းထည့်လို့ ရပါတယ်။
Character Emphasis (စာအနေအထားပြင်ခြင်း)
<b>Bold</b>  စာလုံးကို ထူအောင်လုပ်တဲ့ code ပါ။
<i>Itilic</i>  စာလုံး အစောင်းလေးတွေ လုပ်တဲ့ code ပါ။
<u>Under</u> underline လေးတားတာပါ။
<strong>Strong</strong> ဒီကောင်က bold နဲ့ တူပါတယ်။
<cite>Cite</cite> ဒီကောင်လဲ itilic နဲ့တူပါတယ်။
<em>Exphasis</em> သူလဲ အစောင်း code လေးပါ။
<strike>Strikethrough</strike> စာလုံးတွေကို ဖျက်ချင်တဲ့ အခါ သုံးပါတယ်။
<big>Bigger</big> ပုံမှန်ထက် ပိုကြီးပါတယ်။
<small>Smaller</small> ပုံမှန်ထက် ပိုသေးပါတယ်။
<tt>Type writen text</tt> သူကတော့ font မပါပဲ text သီးသန်းရေးတာပါ။
<scrp>Superscript</scrp> သူကတော့ စာလုံးတွေကို ပေါ်တင်တာပါ။(ဥပမာ-2nd)ဒီလိုပါ။
<sub>Subscript</sub> သူက စာလုံးကိုအောက် ကို ချတဲ့ကောင်ပါ။(ဥပမာ-H2o)အဲ့လိုပါ...
List (Number and Bullets) တပ်ခြင်း
list မှာ order list နဲ့ unorder list ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။
Order list ကတော့ နံပါတ်တွေကို တပ်တဲ့ list ပါ...
ကျွန်တော် တို့ တစ်ခုလောက် ရေးကြည့် ရအောင်ဗျာ.........
1.Chapter One
2.Chapter Two  ကိုရေးကြည့်ရအောင်............
<ol type=1>
          <li>Chapter One</li>
          <li>Chapter Two</li>
</ol>
ဒါဆိုရပါ ပြီ.............(1) နေရာမှာ မိမိ စိတ်ကြိုက် နံပါတ် ပြောင်းလို့ရပါတယ်..A တို့ I,II,III တို့လို
ပြောင်းလို့ ရပါတယ်..
unorder list ကတော့ သင်္ကေတ တပ်ခြင်းပါ.....<ul>..</ul>

သူ့ မှာတော့ (၃) မျိုးရှိပါတယ်......
dist ရယ် circle ရယ် square ဆိုပြီးတော့ (၃)မျိုးရှိပါတယ်............
. One
. Two
. Three ကိုရေး ကြည့်ရအောင်........
<ul type=dist>
<li>One</li>
<li>Two</li>
<li>Three</li>
</ul>
ဆိုရင်တော့ ရပါပြီ.........
ဒါဆိုရင်တော့ စာလေးတွေကို list လေးတွေ တပ်ပြီးတော့ ရေးလို့ ရပြီပေါ့.. အားလုံး အဆင်ပြေမယ်
လို့ မျှော်လင့်ပါတယ်..

တတိယပိုင်းမကြာမီလာမည်ပေါ့
like & share
Html basic (တတိယ ပိုင်း)
အခုတော့ ဖတ်လိုက်ပါဦး....ပြီးရင်စမ်းကြည့်ပေါ့ဗျာ့...
Virus အန္တရယ်တော့ သတိထားပေါ့...ကျွန်တော်လဲ အဲ့ဒါ နဲ့ ခံစားခဲ့ ရတာလေ.....ဖတ်ကြည့်လိုက်ပါဦး...
Image (ပုံတင် ခြင်း)....
Webpage တွေမှာ ပုံလေးတွေတင်ထား တာကိုတွေ့ ဖူးကြပါလိမ့်မယ်....website တစ်ခုမှာ ပုံကလဲ အရေးပါပါ
တယ်...နို့မို့ဆို  plane ကြီးဖြစ်နေမှာပေါ့...ဒီတော့ ကိုယ်နှစ်သက်တဲ့ ပုံလေးတွေကို ထည့်ရအောင် ဒီ code
လေးတွေကို သုံးပေါ့ဗျာ..
<img src=“ ဒီနေရာမှာ URL ထည့် ရမယ် ”> src ကတော့ ပုံ ရဲ့ source ပေါ့ဗျာ..
ပုံတွေကို အလယ်ပို့ချင်ရင် <center><img src=“ ဒီနေရာမှာ URL”></center>
ပုံတွေကို ခြားချင်ရင် hspace=“ ကိုယ်ကြိုက်သလောက်ထည့် ” ဒါကတော့ အလျားလိုက်ပေါ့...
                         Vspace=“ ကိုယ်ကြုက်သလောက်ထည့် ” ဒါကတော့ ဒေါင်လိုက်ပေါ့....
သူတို့ ကို URL ရဲ့နောက်မှာ ထည့်ပေးရပါ့မယ်...
(ဥပမာ...<img src=“ ဒီနေရာမှာ URL” hspace=“ ကိုယ်ကြိုက်သလောက်ထည့် ” >) ဒီလိုရေးရပါ့မယ်...
ပုံကို ဘောင်ခပ် ချင်ရင်..<img src= “ ဒီနေရာမှာ URL ထည့် ရမယ် ” border=“1”>
Border ကို 0,1,2 ဆိုပြီးတော့ .. ထည့်နိုင်ပါတယ်...
မှတ်ချက်... ပုံတင်တဲ့ file type တွေကတော့..gif, jpg, jepg, png တို့ကိုသာ တင်လို့ရပါတယ်......
Table....
Webpage တစ်ခု အတွက် table ကလဲ မရှိမဖြစ်ပါပဲ ..စာတွေကို table ထဲထည့်မှာ သေသေ သပ်သပ်
ရှိမှာ ဖြစ်ပါတယ်...
Table ဆွဲ ရာတွင် သိထားရမှာတွေကတော့....
1.Table - ဆွဲရင် row အလိုက်ရေးရမယ်...
2.Table - အကွက်တွေကို cell တွေလို့ ခေါ်တယ်....
3.tr = table row
4.td = table data
5.Cell ကွက်တွေကို အကွာအဝေးထားလိုက cell spacing
6.Cell ကွက်တွေကို ချဲ့ရင် cellpadding
7.Row တစ်ခုလုံးကို အရောင် ထည့်ရင် <tr> မှာထည့်
8.Cell တစ်ကွက် ခြင်းကို color ထည့်ရင် <td> မှာထည့်ရ
9.ခေါင်းစဉ် တပ်ရင် <caption>
Table တစ်ခုလောက် ကျွန်တော် နဲ့ အတူတူ ဆွဲ ကြည့်ရအောင်....
<html>
<head><title>Table</title>
</head>
<body>
<table align=”center” border=”1” cellspacing=”0” bordercolor=”blue” cellpadding=”3”
 Width=”20” height=”30”>
<tr align=”center” bgcolor=”blue”>
<td bgcolor=red> ဒီကြားထဲ မှာ အကြောင်းအရာရေးပါ</td>
</tr></table>
</body></html>
ပြီးရင် save လိုက်ပေါ့ဗျာ .... ဒါဆို table တစ်ခု ဆွဲပြီးသွားပြီပေါ့...
Width ကတော့ column နဲ့ ဆိုင်တယ်...
Height ကတော့ row နဲ့ ဆိုင်တယ်...
ဇယား ကွက်ထဲရှိ စာကိုထိပ်ကို ကပ်ရင်...
Valign=top,middle,bottom ဆိုပြီးထည့်လို့ ရပါတယ်...
Table ဇယားကို အလွတ် လိုချင်ရင် <td>&nbsp;</td> ဆိုပြီးရေးပါ...
Frame..
internal frame <iframe>...</iframe>
ဒါကတော့ Link ဘေးမှာ သူနဲ့ဆိုင်တဲ့ page ကို ပေါ်စေချင်ရင်ရေးတာပါ....
<iframe name=a>
<iframe src=”URL” name=a>
</iframe>
Attribute ....width,height တို့ထည့်လို့ရပါတယ်...
ကျွန်တော် နဲ့အတူတူ iframe တစ်ခုလောက် ရေးကြည့်ရအောင်...
<html>
<head><title>Iframe</title></head>
<body>
<a href=”URL” target=right>ဒီနေရာမှာတော့ ကိုယ်ကြိုက်တဲ့နာမည်ရေးပေါ့</a>
<iframe name=right></iframe>
</body></html>
ဒါဆို ရပါပြီ.....
Frame.<body text မသုံးရ>
Frame ဆိုတာကတော့ page ကို ပိုင်းပြီးတော့ ရေးတာပါ....
ဥပမာ- စာမျက်နှာက 100% ရှိပါတယ် အဲ့ဒါကို frame နဲ့ နှစ်ပိုင်းပိုင်းချင်တယ် ဆိုရင် 50%,50% ဖြစ်သွား
ပါလိမ့်မယ်......အဲ့ လိုလေးဖြစ်အောင်ရေးကြည့်ရအောင်....
<html>
<head><title>Frame</title></head>
<frameset rows=”50%,50%”>
<frame src=”URL” name=a>
<frame src=”URL” name=b>
</frameset>
</html>
ဒါဆို webpage မှာ 50% စီ ပိုင်းသွားပါလိမ့်မယ်......rows ကတော့ အလျားလိုက် ပိုင်းချင်လို့သုံးတာဖြစ်ပါ
တယ်...
အသုံးအများဆုံး frame ပုံစံလေးပါ....
<frameset rows=”20%,*”>
<frame src=”URL” name=a>
<frameset cols=”20%,*”>
<frame src=”URL” name=b>
<frame src=”URL” name=c>
</frameset></frameset>
</html>
ပြီးရင် save ပြီးတော့ run ကြည့်လိုက်ဗျာ... အဲ့ ပုံစံလေးကတော့ တော်တော် အသုံးဝင်တယ်...

နောက်ဆုံးအပိုင်းကိုမကြာမှီတင်ပေးပါမည်
စောင့်မျှော်အားပေးပါဦး။


Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

Friday, September 14, 2018


ကဲ



ဘော်ဘော်တို့ရေ လိုင်းမကောင်းလို့တခြားပုံလေးတွေတော့တင်မရတာနားလည်ပေးကြပါ မိမိတို့နာမည် အကောင့်နာမည် ဘာညာသာရကာလေးတွေကိုLogo လှလှလေးလုပ်ချင်သူများအတွက်ဆိုက်ကောင်းလေးတစ်ခုမျှဝေပေးလိုက်ပါတယ် အလှအပကြိုက်သူများLogo လှလှလေးလုပ်ချင်ရင်တော့ 🇲🇲ဒီနေရာလေးကနေ 🇲🇲၀င်ရောက်လုပ်နိုင်ပါတယ်နော် အလှအပကြိုက်သူများအဆင်ပြေကြပါစေ



Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်




Online မှာ ငွေရှာကြမယ့် လူသစ်တွေအတွက် PM account ဖွင့်နည်းလေး ထပ်မံမျှဝေ ချင်ပါတယ် ။ PM ဆိုတာလဲ ရှေ့ယခင် post မှာ တင်ထားခဲ့တဲ့ Bitcoin လိုမျိုး online currency wallet  တစ်ခုပါပဲ ။ online digital currency ဆိုပေမယ့် သူက USDollar ကို အဓိကထားသုံးတာပါ ။ အပြင်က ဒေါ်လာပေါက်ဈေးလိုပဲ အတက်အကျရှိပါတယ် ။

Online ပေါ်က PM 1$ က အပြင်က USD 1$ နဲ့ အတူတူပါပဲ ။ Online သုံး digital ငွေကြေး ဖြစ်သွားတဲ့ အတွက် နည်းနည်းလေးပို ဈေးကြီးတာ တစ်ခုပါပဲ ။ ဘာအသုံးဝင်လဲဆိုတော့ online ငွေရှာ site တွေ ၊ online shopping တွေထဲက PM ကိုလက်ခံတဲ့ ဘယ်ဆိုဒ်က မဆို အလွယ်တကူ ငွေထုတ်ယူလို့ ၊ ငွေပေးချေလို့ရပါတယ် ။

ဒါဆို အကောင့်ဖွင့်ဖို့ စကြည့်ရအောင် -

အရင်ဆုံး ဒီ Link မှသွားပါ >
အကောင့်ဖွင့်ရန်ဒီကိုနှိပ်ပါ<<  ဆိုဒ်ထဲရောက်သွားရင် Account ဖွင့်ဖို့ Sign Up ကိုနှိပ်ပါ ။

လိုအပ်တဲ့အချက် အလက်တွေဖြည့်ပေးပါ 
Register လုပ်ပြီးတာနဲ့ ကိုယ် အကောင့်ဖွင့်ထားတဲ့ email ကို perfect money ကနေစာတစ်စောင် ပို့ပေးပလိမ့်မယ် ။ Email ထဲသွားကြည့်ပါ Your Personal Member ID ဆိုပြီး ID နံပါတ်တစ်ခုပေးထားပါလိမ့်မယ် ။ အဲဒီ နံပါတ်ကို လုံခြုံတဲ့ တစ်နေရာမှာ ကူးရေးထားလိုက်ပါ ။ အကောင့်ထဲ Login ၀င်တိုင်း ဒီ နံပါတ်ဖြည့်ပြီး ၀င်ရမှာပါ ။ 

ဒါဆိုရင် အကောင့်ထဲ Login ၀င်ကြည့်ရအောင် ၊ အောက်ကပုံထဲကလို Member ID ဖြည့် ၊ Password ဖြည့် ၊ ပေးထားတဲ့ စာလိမ်တွေ တွေမှန်အောင်ဖြည့် ပြီး Authorize ကိုနှိပ်ပါ ။

 တစ်ခါတစ်လေ အကောင့်ထဲတန်း မ၀င်ပဲ PIN code တောင်းပါလိမ့်မယ် ။ ကိုယ့်အကောင့် ဖွင့်ထားတဲ့ email ထဲသွားကြည့်ပါ ၊ PIN code ပို့ထားပါလိမ့်မယ် ။ ကူးယူပြီးဖြည့်ပေးလိုက်

ပါ ။ အကောင့်ထဲဝင်သွားပါလိမ့်မယ် ။

စစချင်းတွေ့ ရမှာ Member Area ရယ် ၊ My Account ရယ်ပါပဲ ။ Member area ကို အရင်ကြည့်ရအောင်

My account ထဲမှာတော့ ကိုယ့် ငွေစာရင်း အကောင့်တွေ တွေ့ပါလိမ့်မယ် ။ အဲဒီထဲကမှ U နဲ့ စတဲ့နံပါတ်ကိုကူးယူထားလိုက်ပါ (ဥပမာ - U1234567) ။ ကိုယ့်ရဲ့ USD အကောင့် ငွေလွှဲနံပါတ်ဖြစ်တဲ့အတွက် သေသေချာချာမှတ်သားထားပါ ။ သူများဆီကငွေလက်ခံ ဖို့ ငွေလွှဲအကောင့် နံပါတ်ပေးတာ နံပါတ်တစ်လုံးလောက် မှားပေးမိရင်တောင် ကိုယ့်အကောင့်ထဲငွေ မရောက်ပဲ သူများဆီရောက်သွားမှာပါ ။

ငွေလက်ခံတာပြီးတော့ ငွေလွှဲပေးဖို့ထပ်ပြပါမယ် ။ အောက်ကပုံကိုကြည့်ပါ။


 ဒီပုံအတိုင်းပေါ်လာပါလိမ့်မယ် ။ တစ်ခုသတိထားရမှာက ကိုယ့်အကောင့်ထဲကနေ ငွေပို့ပေးမယ် ဆိုရင် ကိုယ်ပို့ပေးတဲ့ငွေရဲ့ ၂% ကို ကိုယ့်အကောင့်ထဲက ထပ်ဆောင်းပြီးဖြတ်ပါလိမ့်မယ် ။ ဥပမာ - 100$ လွှဲလိုက်တယ် ဆိုရင် ငွေလွှဲခ ပေးရတာနဲ့ ပေါင်းပြီး အကောင့်ထဲက 102$ ဖြတ်သွားပါလိမ့်မယ် ။ လက်ခံမယ့်သူဆီကိုတော့ 100$ အတိအကျရောက်သွားပါလိမ့်မယ် ။

ဒီလောက်ဆိုရင် Online Payment System တစ်ခုဖြစ်တဲ့ Perfectmoney (PM) အကောင့်ဖွင့်နည်း ၊ အသုံးပြုနည်းတွေကို အကြမ်းဖျင်းလောက်နားလည် လိမ့်မယ်လို့ ထင်ပါတယ် ။ ဒီထက်ပို အသေးစိတ်သိချင်ရင်တော့ account ဖွင့်ပြီး ဆက်လက်လေ့လာကြည့်ကြပါ ခင်ဗျာ ။ 

လာလည်ပေးတဲ့အတွက် ကျေးဇူးပါ ၊ နောက်လည်း အားရင် လာလည်ကြပါဦး ခင်ဗျာ 

#crd ko kaung king postကိုပြန်copyထားပါတယ်
အားလုံးအဆင်ပြေကြပါစေ
Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO
လာရောက်အားပေးသူအပေါင်းမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါသည်

လာပြီဗျာ
Mi myanmar font or mi font
Mi phone ကိုင်ဆောင်သူတိုင်း...
ကြုံတွေ့ နေရတဲ့...
Reboot ချရင် မြန်မာဖောင့် ပြန်ချိန်ရတာ
Power ပိတ်ရင် မြန်မာဖောင့် ပြန်လည်ထည့်သွင်းရတာ...
အတော် စိတ်ညစ်ဖို့ ကောင်းသဗျာ...
ခုတော့..အားလုံးကို...ဒီ app လေးက..
ဖြေရှင်း..နိုင်လိုက်ပါပြီ...
အသုံးပြုချင်တယ်..
စမ်းသပ်ချင်တယ်..
ဆိုရင်တော့ဖြင့်....
ဒီမှာ..Down ဗျာ...
Link 1
https://www.mediafire.com/download/db7fy6zbodg847x

Link 2
https://my.pcloud.com/publink/show?code=XZFwo27ZSoPGanopXNHI4vWdYmQFjuLmDOKy

Zawgyi@unicode
နှစ်မျိုးသုံးနိုင်သည်

မှတ်ချက်..font download လုပ်တဲ့အခါ
Internet ရရှိရမည်......

အားလုံး..အဆင်ပြေကြပါစေ...
App ပြုလုပ်သူကိုတော့..ခရက်ဒစ်ပေးပါတယ်
Credit Aung Chan Myac

Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO
🇲🇲
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲


 🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲
facebook movie တွေကိုအချိန်​ကုန်​ခံပြီးလိုက်​ရှာမနေနဲ့အောက်ကပေးထားတဲ့ဆော့ဝဲလေးနဲ့သာဒေါင်းလိုက်အလုံးအိုကေပဲ
အဆင်ပြေကြပါ😜😜😜😜

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

                     ဒီမှာဒေါင်းပါ



Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

Wednesday, September 12, 2018





ONE Championship မှ ကြီးမှူးကျင်းပလျက်ရှိသည့် MMA ပြိုင်ပွဲ၏ ၀ိတ်တန်းနှစ်ခုချန်ပီယံ မြန်မာနိုင်ငံသား အောင်လအန်ဆန်သည် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကာရာကီနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ရရှိခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ရယူပြီးနောက်ပိုင်း ယခုနှစ် ဖေဖော်ဝါရီတွင် လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုကို ထပ်မံရယူနိုင်ခဲ့ပြီး ONE ၏ ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဆုရ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။ 

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲကို ဇွန်လကုန်က ထိုးသတ်ခဲ့ပြီး ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို အကြိတ်အနယ်ထိုးသတ်ပြီး နောက်ဆုံးအချီကျမှ အနိုင်ရခဲ့သည်။ အောင်လအန်ဆန်သည် လေးလအကြာတွင် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထပ်မံထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ကာရာကီသည် ၂၀၁၂ ခုနှစ်တွင်MMA ပြိုင်ပွဲများ စတင်ထိုးသတ်ခဲ့ပြီး ကိုးပွဲထိုးသတ်ရာတွင် ကိုးပွဲစလုံး အနိုင်ရထားသူဖြစ်သည်။ ထို့ကြောင့် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲမှာ အကြိတ်အနယ်ထိုးသတ် ရဖွယ်ရှိနေသည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း သုံးပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ပွဲစလုံး အနိုင်ရထားကာ ယခုပွဲကိုလည်း ရန်ကုန်မြို့၌ ထိုးသတ်ရမည်ဖြစ်သောကြောင့် မြန်မာပရိသတ်များ၏ တစ်ခဲနက်အားပေးမှုရဖွယ်ရှိနေသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်
Credit 
Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO

Tuesday, September 11, 2018





✔ မြန်မာတစ်နို်င်ငံလုံးရှိကားရဲ့ နံပါတ်ကိုသိတာနဲ့ အသေးစိတ်အချက်အလက်များကိုသိရှိနိုင်မယ့် ဆော့ဝဲကောင်းလေးပါ။ လိုအပ်သူများ ဒေါင်းယူသွားပါ။

↪ဒီမှာဒေါင်းပါ - ဒီမှာဒေါင်းပါ


✔သင့်မိတ်ဆွေသူငယ်ချင်းများအတွက် ရှဲပေးလိုက်ပါဦး၊၊ ✅


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO




အောက်​မယ်​အရင်​​ဒေါင်းယူလိုက်​ပါ

 App ကိုဖွင့်​ပါ။
Add song ​နေရာကိုကလစ်​ပြီး ကြိုက်​ရာသီချင်းကို ကြိုက်​သ​လောက်​ထည့်​ပါ။
Art ​နောကလည်းထည့်​​ပေါ့။
အ​ပေါ်မယ်​က သီချင်းapk ရဲ့ ​နောက်​ခံပုံထည့်
Icon ​လေး၂ခုပါမယ်​။ ဘယ်​ဖက်​က icon မိမိစိတ်​ကြိုက်​ပုံထည့်​။
အာ့​လေးက app logo အ​နေနဲ့​ပေါ်မှာပါ။ညာဖက်​ icon ​လေးက
Gif or image ကြိုက်​ရာထည့်​ပါ။
သီချင်း ပုံ အားလုံးစိတ်​တိုင်းကျထည့်​ပြီးရင်
ဖုန်းရဲ့ ဘယ်​ ဒါမှမဟုက်​ညာဖက်​ကီး တချို့ဘယ်​ညာမတူလို့ပါ။
Run app ဆိုတာကိုနိပ်​လိုက်​ပါ။
Creating app ဆိုပြီး လုပ်​​နေပါမယ်​။
ပြီးရင်​​တော့ သင့်​ဖုန်းရဲ့ SD card or enternal store မယ်
Present app or song apk ဆိုပြီး icon အလန်း​လေးနဲ့ မြင်​ရပါလိမ့်​မယ်​။
Install လုပ်​ပါ။
သင်​နား​ထောင်​လို့ရသလို့ ချစ်​သူ သူငယ်​ချင်းလက်​​ဆောင်​​ပေးလို့ရပြီ​ပေါ့။

အဆင်​​ပြေပါ​စေ ။
Credit


ဒီမှာဒေါင်းပါ


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

လူတွေ ခဏခဏ ပြောကြတာက သူများထက် ခေါင်းတလုံးသာချင်တယ်ဆိုတဲ့ အကြောင်းပါ။ သူများထက် လုပ်ချင်တယ်၊ ကိုင်ချင်တယ်၊ ပိုတော်ချင်တယ်၊ ပိုအောင်မြင်ချင်တယ် ပေါ့ဗျာ။ အခြားလူတွေထက် ပိုတော်အောင်၊ ပိုထက်အောင် လုပ်ချင်ရင်တော့ သူများတွေ မလုပ်တဲ့ နည်းလမ်းတွေကို ကျင့်သုံးတတ်ဖို့ လိုပါတယ်။ ကျွန်တော် ဖတ်မှတ်လို့ရသမျှ နည်းလမ်းလေးတွေ မျှဝေလိုက်ပါတယ်။

၁။ လက်ရှိအခြေအနေကို သိပါ။

ကိုယ့်ဘဝဟာ ပကတိဘယ်လိုအခြေအနေမှာ ရောက်နေတယ်၊ ကိုယ့်စိတ်ဟာ လက်ရှိ ဘယ်လို အခြေအနေ ရှိတယ်၊ ကိုယ့်ဘဝမှာ ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ ကိုယ် ဘယ်လိုအခြေအနေရောက်နေတယ်ဆိုတာ မသိခဲ့ဘူးဆိုရင် ဘယ်အခြေအနေထိ ရောက်အောင် ဆက်သွားရမယ်၊ ဘယ်လောက်ကြိုးစား အားထုတ်ရမယ်ဆိုတာလည်း သိမှာမဟုတ်ပါဘူး။ ဘယ်လောက် ဆက်သွားရမယ်ဆိုတာ မသိရင် အခြားသူတွေထက် ကိုယ်သာမသာဆိုတာလည်း တိုင်းတာလို့မရတော့ပါဘူး။ ခေါင်းတလုံးသာဖို့ မဆိုနဲ့ဦး၊ ကိုယ်တောင်မှ ဘယ်ရောက်မှန်းမသိ ဖြစ်နေမှာပါ။ ဒီတော့ ကိုယ် ဘယ်အခြေအနေ၊ ဘယ်အဆင့်အတန်း၊ ဘယ်ရာထူး၊ ဘယ်လောက်လစာ၊ ဘယ်လောက်သုံးငွေ၊ ဘယ်လောက်စုငွေ စတာတွေကို သိထားဖို့လိုပါတယ်။ ဒါတွေသိထားရင် ဘယ်လောက်ဆက်သွားရမယ်ဆိုတာ ပေါ်လာပါပြီ။  နောက်တခုက လက်ရှိ စိတ်အခြေအနေပါ။ ကိုယ့်ရဲ့ စိတ်အခြေအနေက အတိတ်(သို့) အနာဂတ်မှာ ပဲရှိပြီး လက်ရှိအချိန်ကို စိတ်မကပ်နိုင်ရင်တော့ အာရုံစူးစိုက်ဖို့ ခက်ပါလိမ့်မယ်။ အာရုံမှ မစူးစိုက်နိုင်ရင် အောင်မြင်အောင် ကြိုးစားဖို့ဆို ပိုခက်ပါလိမ့်မယ်။ သူတပါးထက် သာချင်ရင် လက်ရှိ စိတ်အခြေအနေကို လက်ရှိအနေအထားနဲ့ ကိုက်ညီအောင် ထားတတ်ဖို့ လိုပါတယ်။

နောက် အရေးကြီးတာကတော့ အိပ်မက်ပန်းတိုင်ပါ။ ကိုယ်ဘဝမှာ ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ သေသေချာချာ မသိထားရင် ကိုယ်သူများထက် ခေါင်းတလုံးသာအောင် ကြိုးစားလည်း အချည်းနှီးပါပဲ။ မလိုအပ်တဲ့ နေရာမှာ ခေါင်းတလုံးသွားသာသလို ဖြစ်နေမှာပါ။ ကိုယ်က Engineer ဖြစ်ချင်ပြီး ဆေးပညာမှာ သူတပါးထက် တော်အောင်လုပ်နေရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကိုယ်တကယ် ဘာဖြစ်ချင်တယ်ဆိုတာ သိအောင်လုပ်ပါ။ အချို့က ဝန်ထမ်းဘဝမှာ လစာနဲ့ ရာထူးတက်ဖို့အတွက်ပဲ ဦးစားပေးနေကြပါတယ်။ အချိန်နှောင်းတော့မှ ကိုယ်လုပ်ချင်တာ မလုပ်ဖြစ်ခဲ့လို့ နောင်တရတတ်ကြပါတယ်။ ကျွန်တော့်ကို စာဖတ်မိတ်ဆွေတွေက ဘဝ အခက်အခဲတွေ မေးကြရင် အများဆုံး မေးတာတခုက “ဆရာ၊ ကျွန်တော် ဘယ်အလုပ် လျှောက်ရမလဲ။ ဆရာ၊ ကျွန်မ ဘယ်သင်တန်း တက်ရမလဲ” စသဖြင့် မေးတတ်ပါတယ်။ ဒီလို မေးတိုင်း ကျွန်တော်ကတော့ ကိုယ်ဘာဖြစ်ချင်သလဲ အရင်ပြန်မေးပါတယ်။ ပြီးမှ တက်သင့်တဲ့ သင်တန်းတွေ၊ အလုပ်တွေ အကြံပေးဖြစ်ပါတယ်။ လူတော်တော်များများ ကိုယ်တကယ် ဘာဖြစ်ချင်တယ်ဆိုတာ အမှန်တကယ် ရှင်းရှင်းလင်းလင်း မသိတာ များပါတယ်။ တခါတလေကျတော့လည်း သိပေမယ့် ထုတ်မပြောတာကြာတော့ ပြောထွက်ဖို့ ဆွံ့အနေတတ်ပါတယ်။ ဒီတော့ သူတပါးထက် သာချင်ရင် ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ အရင်ရှင်းရှင်းလင်းလင်း သိပြီးမှ သာဖို့ ဆက်ကြိုးစားပါ။

၂။ သင်ယူလေ့လာပါ။

လေ့လာခြင်း၊ သင်ယူခြင်းဟာ သူတပါးထက် သာဖို့ အရေးကြီးတဲ့ အချက်ပါ။ ကိုယ်မလေ့လာ မသင်ယူပဲနဲ့ အခြားသူထက် သာမသွားပါဘူး။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိပြီဆိုရင် ဘယ်ဟာကို လေ့လာရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လာပါလိမ့်မယ်။ ဒီအရာတွေကို အချိန်ပိုပေးပြီး လေ့လာလိုက်ပါ။ စမ်းစစ် လေ့လာသူတွေကတော့ ပညာရပ်တခုခုကို နာရီ ၁ သောင်းကျော် လေ့လာရင် ကမ္ဘာ့အဆင့်မှီ ပုဂ္ဂိုလ်တစ်ယောက် (သို့) ဒီပညာရပ်မှာ တဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်ပါ။ ကိုယ်သင်ယူရမယ့် အရာတွေကို တကယ်အချိန်ပေးပြီး သင်နေရဲ့လား။
သူများထက် မသာသေးဘူးလို့ထင်နေရင် ကိုယ်သင်ယူတာ နာရီ ၁ထောင်တောင် ရှိရဲ့လား ပြန်မေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ တိုးတက်မှုကို ပံ့ပိုးနိုင်တဲ့ စာအုပ်တွေ ၁ပတ်ကို ၁အုပ်နှုန်းဖတ်ပါ။ အနည်းဆုံး ၁လကို ၁အုပ်တော့ ရအောင်ဖတ်ပါ။ ကိုယ်ဘာတွေကို လေ့လာရမလဲ ဆုံးဖြတ်ပါ။ ပြီးရင် တကယ်လေ့လာပါ။ အခြားသူတွေဆီက သင်ယူစရာရှိရင် သင်ယူပါ။

လူအတော်များများက ဒီလို ရှင်းရှင်းလင်းလင်း မသတ်မှတ်ဘဲ သူများဖတ်တာလိုက်ဖတ်၊ သူများသင်တာလိုက်သင် လုပ်တတ်ကြပါတယ်။ တောထဲကို မြေပုံမပါဘဲ အတင်းရောက်ချင်ဇောနဲ့ ဇွတ်တိုးဝင်နေသလိုပါပဲ။ အခြားလူတွေက မြေပုံအသီးသီးနဲ့ ရှေ့ဆက်သွားလို့ တောနက်လာတဲ့အခါ၊ ကိုယ်က တောထဲမှာပဲ တဝဲလည်လည် ကျန်ခဲ့ပြီး၊ ဘာလုပ်ရမှန်းမသိ၊ ဘာသင်ရမှန်းမသိ၊ ဘယ်သွားရမှန်းမသိ ဖြစ်ကျန်ခဲ့ပါလိမ့်မယ်။ ဒီတော့ ကိုယ်သူပါးထက်သာဖို့ဆို သေသေချာချာ သင်ယူ လေ့လာဖို့ လိုအပ်ပါတယ်။

၃။ ခွန်အားစိုက်ထုတ်ပါ။

ကိုယ်က အခြားလူထက်သာချင်ရင် အခြားလူထက်သာတဲ့ ခွန်အားစိုက်ထုတ်မှုမျိုးရှိရပါမယ်။ ကိုယ်က ဆယ်ဆသာချင်နေရင် ဆယ်ဆခွန်အားစိုက်ထုတ်မှုမျိုးရှိနိုင်ရပါမယ်။ ဆယ်ဆတော့ အောင်မြင်ချင်ပြီး နဂိုအတိုင်းလေးပဲ လုပ်နေရင်တော့ လိုချင်တဲ့ ပန်းတိုင်က ဟိုးအဝေးကြီးမှာပဲ ရှိပါသေးတယ်။ ပန်းတိုင်က ရွေ့သွားတာတော့ မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင်က မရွေ့သေးတာပါ။ တကယ်လုပ်တယ်ဆိုတာ မလိုအပ်တဲ့ အခြား အနှောက်အယှက်တွေကို ဖယ်ရှားတာကိုလည်း ဆိုလိုပါတယ်။ ကိုယ့်အိပ်မက်နဲ့ မဆိုင်တဲ့ အလုပ်တွေလုပ်ခြင်း၊ ပျော်ပါးနေခြင်းတွေဟာလည်း တိုးတက်ဖို့အတွက် အနှောင့်အယှက်တွေပါပဲ။ ဒီနှောင့်ယှက်မှုတွေကို ဂရုတစိုက် ဖယ်ရှားနိုင်ရပါမယ်။ ကိုယ်က သူများအတင်းတွေ၊ သတင်းတွေကို ရှာဖွေ ဖတ်ရှုနေပြီး တိုးတက်အောင်မြင်နေချင်ရင်တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်က ဒီလို အတင်းတွေ၊ သတင်းတွေ ရှာဖွေ ဖော်ပြဖို့ အတွက်က ဘဝရဲ့ ရည်မှန်းချက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။



၎။ အကူအညီယူပါ။

ကိုယ်လေ့လာမယ်ဆိုရင် တကယ်လေ့လာလိုက်ပါ။ တကယ်ခွန်အားစိုက်ထုတ်လိုက်ပါ။ ဖြစ်နိုင်ရင် ကိုယ့်ကို သင်ပေးနိုင်တဲ့ ဆရာတွေဆီ ချည်းကပ်ပါ။ နည်းယူပါ။ လေ့ကျင့်ပါ။ ကျွန်တော်တို့မှာ ကိုယ်ဖာသာကိုယ်သင်ယူနိုင်တဲ့ အကန့်အသတ်ဆိုတာ ရှိကြပါတယ်။ ဒီအကန့်အသတ်ရောက်လာရင် ကိုယ့်ဖာသာကိုယ် သင်နေလို့ ဆက်မတိုးတက်နိုင်တော့ပါဘူး။ အခြား သိသူ၊တတ်သူ တွေဆီက အကြံဥာဏ်တောင်းရင်တောင်း၊ တပည့်ခံရင်ခံ လုပ်ရပါမယ်။ ဒီလိုမှ ကျွန်တော်တို့ ဘဝတွေ ခွန်အား စိုက်ထုတ်သလောက် အကျိုးများပြီး သူများတွေထက် သာလွန်မှာပါ။

၅။ ပြောတဲ့အတိုင်း လုပ်ပါ။

ကိုယ် အောင်မြင်အောင် လုပ်မယ်ဆိုရင် အောင်မြင်အောင် တကယ်လုပ်ပါ။ ကိုယ်ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် တကယ်ပြီးအောင်ဖတ်ပါ။ ကိုယ်ဒီအလုပ်ကို လုပ်မယ်ဆိုရင် တကယ်ထိထိမိမိဖြစ်အောင် လုပ်ပါ။ ကိုယ်ပြောလိုက်တဲ့ စကားနဲ့ ကိုယ်လုပ်တဲ့ အလုပ်ကို ထပ်တူကျပါစေ။ ဒီလို လုပ်နိုင်ရင် ကိုယ်လည်း ကိုယ့်ကိုယ်ကို အားရကျေနပ်ပြီး စိတ်ပျော်ရွှင်လာပါလိမ့်မယ်။ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ တခုပြီးတခုလုပ်နိုင်ရင် သူတပါးထက် သာလွန်လာပါလိမ့်မယ်။

တခုမှတ်ထားရမှာ ကိုယ့်ရဲ့ အရည်အချင်းနဲ့ အကန့်အသတ်ကို အတိတ်ပေါ်မူတည်ပြီး ပုံမချထားပါနဲ့။ အရင်က မလုပ်ဖူးလို့ မလုပ်တတ်ဘူးဆို အခုလုပ်ကြည့်ပါ။ အရင်က မသင်ဖူးလို့ မသိဘူးဆို အခုသင်ကြည့်ပါ။ ကိုယ်က ဒီ့ထက် ဆက်လက် ဖွံ့ဖြိုးနိုင်ပါတယ်။ ဒါကို မမေ့ပါနဲ့။ ဒီလိုလေး အတွေးထဲရှိထားရင် ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးအောင် ကြံစည်ပါလိမ့်မယ်။ ကြံစည်တဲ့အတိုင်း လိုက်လုပ်နိုင်ရင် တကယ်ဖွံ့ဖြိုးလာပါလိမ့်မယ်၊ တိုးတက်လာပါလိမ့်မယ်။ သူများထက်သာလွန်လာပါလိမ့်မယ်။

ကဲ…ဒီ အချက်လေးတွေ မှတ်သားပြီး ဒီနေ့ပဲ သူတပါးထက် သာလွန်အောင် ကျင့်ပြီး၊ သူတပါးထက် အမြဲခေါင်းတလုံးသာတဲ့သူအဖြစ် ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါတော့ဗျာ။…


Success Upsize




Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO
we heart bitcoin


4K Video Downloaded 64bit ပါရုပ်ထွက်အရမ်းကောင်းတဲ့မူဗီတွေကိုရရှိနိုင်မှာဖြစ်ပါတယ်လိုအပ်သူများအောက်မှာဒေါင်းယူပါ

ဒေါင်းရန်. ဒီကိုနှိပ်ပါ -


Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

ဒီ​ကောင်​လည်းအ​တော်​​ကောင်းတယ်​ စက်​​လေး​နေလျှင်​ ​ပေါ့သွားတာပဲ အပ်​ဒိတ်​​တော့မလုပ်​နဲ့​ပေါ့ အက်​တစ်​ဗစ်​တာနဲ့တင်​ထားတာရှိတယ်​ မီးလျှံကလက်​မခံဘူး ဒါကိုသုံးကြည့်​​ပေါ့။😄😃😊
ဒီမှာဒေါင်းပါ

နောက်​ဆုံးအပ်​ဒိတ်​လိုချင်​လျှင်​​တော့ အက်​တစ်​ဗစ်​တာကလိုအပ်​လျှင်​ Windows Defender ပိတ်​ထားဖို့လိုမယ်​။
ကွန်​ပျူ တာ​ပေါ့ပါးသွက်​လက်​​စေရန်​ ​ဆောင်​ထားသင့်​တယ်​။
မှတ်ချက်~ဖျက်မဲ့ဟာတွေအရမ်းမဖျက်ပါနဲ့ Recovery လုပ်ထားပါ မှားသွားလျှင် Driver တွေပျောက်ပြီး အသံပျောက် ဝိုင်ဖိုင်ပျောက် တတ်ပါသည်။

အင်စတောလုပ်တဲ့အခါ အင်တာနက်ပိတ်ထားရန်
အင်​စ​တောပြီးတဲ့အခါ အမှန်​ခြစ်​ ၂ခုကိုဖြုတ်​ပြီး အက်​တစ်​ဗစ်​လုပ်​ပါ။
ဆော့ဝဲ
https://www.wisecleaner.com/wise-care-365.html

အက်​တစ်​ဗစ်​တာဆော့ဝဲ
ဒီမှာဒေါင်းပါ

Credit -SawElLor




Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO




Tuesday, September 11 , 2018

နိုင်ငံတော်သမ္မတ သည် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို ရဲချုပ်အဖြစ် အတည်ပြု ခန့်အပ်ကြောင်းယနေ့တွင် ကြေညာသည်။

ကြေညာစာထဲတွင် အစမ်းခန့်ကာလ ၁နှစ်ပြည့်မြောက်သည့်နေ့မှ စ၍ အတည်ပြု ခန့်အပ်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၁၇ စက်တင်ဘာလက နိုင်ငံတွင် လစ်လပ်နေသည့် ရဲချုပ်နေရာ ၌ ထိုစဉ်က ယာယီ ရဲချုပ် ဖြစ်သော ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်ဝင်းဦးကို ရဲချုပ် အဖြစ် နိုင်ငံတော်သမ္မတ က အစမ်းခန့်အပ်ခဲ့သည်။

ယခုမှ သမ္မတက အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။

ရဲချုပ်အဖြစ် ယနေ့မှစကာအတည်ပြုခန့်အပ်တာဝန်ပေးခြင်း ခံလိုက်ရသော ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးသည် ၂၀၁၇ မေလ ၁ရက်နေ့မှစတင်ကာ ၂၀၁၇ စက်တင်ဘာလအထိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၏ တာဝန်ပေးချက်အရ ယာယီရဲချုပ်အဖြစ် ရဲတပ်ဖွဲ့ဌာနချုပ်ကို တာဝန်ယူခဲ့ရသူဖြစ်သည်။

နိုင်ငံဝန်ထမ်းစည်းမျဉ်းအရ ယာယီရဲချုပ် သည် ရဲချုပ်အဖြစ် အစမ်းခန့်တစ်နှစ်တာဝန်ယူရမည်ဖြစ်ပြီး၊တစ်နှစ်ပြည့်မြောက်ပြီးမှသာ နိုင်ငံတော်သမ္မတက ၎င်း ကို ရဲချုပ်အဖြစ် ခန့်အပ်သင့်သည်ဟု မှတ်ယူပြီး အတည်ပြုခန့်အပ်လိုက်ခြင်းဖြစ်သည်။

ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးသည် စစ်တက္က သိုလ် အမှတ်စဉ် (၂၆)ဆင်းဖြစ်ပြီး တပ်မတော်မှနေ၍ ရဲတပ်ဖွဲ့သို့ကူးပြောင်းခဲ့ကာCID တပ်ဖွဲ့မှူး၊ ဒုတိယရဲချုပ်၊ယာယီရဲချုပ်အစရှိသည့်တာဝန်များကိုထမ်းဆောင်ခဲ့သူဖြစ်သည်။

Credit -Popular
Welcome{ ​HERE } ​GO



Welcome{ ​HERE } ​GO

,

Download blog apk


အဆင်ပြေပါစေမိတ်ဆွေ မင်္ဂလာပါ မိတ်ဆွေများကိုကြိုဆိုပါတယ်ခင်ဗျာ

သုတရသနည်းပညာဆော့ဝဲအားဒေါင်းယူရန်-download Apk-ဆိုတဲ့ပုံလေးကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် -၀ါသနာတူဘော်ဒါများကိုကြိုဆိုပါတယ်

ကျွန်တော့်APKလေးကိုဒေါင်းလော့လုပ်ပြီးအားပေးကြပါဦးနော်

iOS

data lable="ios"

Business

လည်ပတ်ရန်နေရာလေး

နည်းပညာနှင့်ပတ်သက်သောစာအုပ်များကိုဒေါင်းယူနိုင်ပါသည်

Sponsor

Contact Form

Name

Email *

Message *

Facebook ဆိုင်ရာနည်းလမ်းများ

အသစ်တင်သမျှမေလ်းကရစေရန်မေလ်းလိပ်စာချန်ခဲ့ပေးပါ

,

မူပိုင်-စိုးမိုးအောင် (၂၀၁၄ ခုနှစ်မှစတင်၍ဝါသနာအရရေးသားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်ပြန်လည်ရေးသားခဲ့ပါသည် . Powered by Blogger.

,

Ads

,

Ads

Total Pageviews

Post Top Ad

Post Top Ad

ကြော်ငြာလေးတချက်ကလစ်ပေးပါနော်

Breaking

Technology

3/Tech/feat-grid

Facebook မှလည်းဖတ်ရှု့နိုင်ပါတယ်

Random Posts

Recent Posts

ယနေ့ငွေကြေးဈေးကွက်

Extra Ads

ကြော်ငြာထည့်သွင်းရန်

Followers

,


လာရောက်လည်ပတ်သူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

ဘလော့နည်းပညာများလေ့လာရန်

Create your own banner at mybannermaker.com!

Follow Me

မိတ်ဆွေတို့ရဲ့စကားသံများ

အားပေးမှုကိုမှတ်တမ်းတင်ထားပါတယ်ခင်ဗျာ

Sports

3/Sports/col-left

Recent Comments

Technology

3/Technology/col-right

Box

နေ့တိုင်းလာလည်ဖို့ဖိတ်ခေါ်ပါတယ် ရှာဖွေတွေ့ရှိသမျှလေးတွေ, သတင်း, သုတ, ရသ, နည်းပညာများကိုတင်ဆက်ပေးသွားပါ့မယ် အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်

Popular Posts

slider