Thursday, February 01, 2018

စ်ာပနပြဲမွာ ေသသူက အေခါင္းဖုံး ကိုဖြင့္ၿပီးစကားထေျပာတာေၾကာင့္ လူအမ်ားထိတ္လန္႔ခဲ့ရတဲ့ျဖစ္ရပ္

Filled under:

စ်ာပနပြဲမွာ ေသသူက အေခါင္းဖုံး ကိုဖြင့္ၿပီးစကားထေျပာတာေၾကာင့္ လူအမ်ားထိတ္လန္႔ခဲ့ရတဲ့ျဖစ္ရပ္




အသက္ 75 ႏွစ္အရြယ္ တ႐ုတ္ အဖုိးအုိႀကီး Huang Mingquan ဟာ ပင္စင္စားတစ္ေယာက္ျဖစ္ၿပီး၊ အသက္႐ွဴရပ္တန္႔သြားသလုိ၊ ေျခဖ်ားလက္ဖ်ားေတြကလည္း ေအးစက္ေနလုိ႔ သားျဖစ္သူနဲ႔ ေဆြမ်ိဳးသားခ်င္း ေတြက ေသၿပီလုိ႔ ယူဆ၏ခဲ့ၾကပါတယ္။
အသုဘ၀န္ေဆာင္မႈအသင္းကေန အေခါင္းလွလွတစ္လုံးငွားၿပီး ဖခင္ ရဲ႕ စ်ာပန ကုိ ျပင္ဆင္ခဲ့ပါတယ္။
ရပ္နီးရပ္ေ၀းမွာရွိၾကတဲ့ Huang ရဲ႕ ေဆြးမ်ိဳးေတြနဲ႔ ရင္းနီးတဲ့သူေတြဟာ ေနာက္ႏွစ္ရက္အေရာက္မွာ ေသသူ ရဲ႕႐ုပ္အေလာင္းကို သခ်ႋဳင္းကိုလုိက္လံပုိ႔ေဆာင္ဖုိ႔ အသုဘတည္ရွိရာအိမ္ကို ေရာက္လာခဲ့ၾကပါတယ္။
ရွစ္နာရီၾကာ အခ်ိန္ယူရတဲ့ အသုဘ လွည့္လည္ပြဲမွာ လူေတြကလည္း စည္ကားလွသလုိ၊ အငိုအဖြဲ႕ကလည္း ေတာ္ေတာ္ အရွိန္ေကာင္းေနပါၿပီ။
တစ္ခုေသာ လမ္းခုလတ္အေရာက္မွာ အေခါင္းကို ထမ္းပုိးထားတဲ့ ေဆြမ်ိဳးသားခ်င္းေတြ မ်က္လုံးေတြ ျပဴးကုန္ၾကပါေတာ့တယ္။
အေၾကာင္းကေတာ့ အေခါင္းက တဒုန္းဒုန္းအသံေပးကာ လႈပ္ေနလုိ႔ပါ။ ေနာက္ေတာ့ အေခါင္းအဖုံးဟာ ပြင့္သြားခဲ့ပါတယ္။
ေသဆုံးၿပီလုိ႔ ယူဆရတဲ့ Huang ဟာ အံ့ၾသတဲ့မ်က္လုံးနဲ႔ ေၾကာင္စီစီေလးေတြေငးေနတဲ့ ေဆြမ်ိဴးသားခ်င္းေတြကို ” ဘာလုပ္ေနၾကတာလဲ … ငါ့ စ်ာပနအတြက္ ျပင္ဆင္ေနတာလား “လုိ႔ ေမးခဲ့ပါတယ္။
လူေတြလည္း မ်က္လုံးအျပဴးသားနဲ႔ ေသရြာျပန္ အဖုိးႀကီး ကို ဘာမွမေျဖႏုိင္ဘဲ ေငးေနၾကပါတယ္။
ေနာက္မွ သူတုိ႔အဖုိးဟာ မေသေသးေၾကာင္း သိသြားၿပီး၊ အိမ္ကုိ ျပန္သယ္သြားရပါတယ္။
Huang ဟာ လြန္ခဲ့တဲ့ လေလာက္ကတည္းက အစာမ၀င္ေတာ့ဘဲ ဆန္ျပဳတ္သာ စားနုိ္င္ပါေတာ့တယ္။
ေနာက္ေတာ့ အသက္႐ႈရပ္တန္႔ၿပီး ေျခဖ်ားလက္ဖ်ားေတြကလည္း ေအးစက္သြားပါတယ္။
ေခၚေတာ့လည္း မထူးနုိ္င္ေတာ့ပါဘူး။ ေမ့ေမ်ာသြားတာ ျဖစ္ပုံရပါတယ္။
ႏွစ္ရက္ၾကာမွ သၿဂႋဳဟ္ျခင္းလုပ္ငန္းကို လုပ္ရတာပါ။
ေသရြာက ျပန္လာတဲ့အခါ နေမာ္နမဲ့ ျဖစ္ရေကာင္းလားဆုိၿပီး သားျဖစ္သူနဲ႔ ေဆြမ်ိဳးေတြကို ဆဲေနခဲ့လုိ႔ ေတာင္းေတာင္းပန္ပန္ သူ႕အိပ္ယာ မွာ ထားေပးခဲ့ရပါတယ္။
အိပ္ယာ ထဲ ျပန္ေရာက္ေတာ့ ဆန္ျပဳတ္တစ္ပန္းကန္စားခဲ့ေသးတယ္လုိ႔ ဆုိပါတယ္။
တစ္ခါတေလ ဒီလိုလည္း ျဖစ္တတ္ပါေသးတယ္။
Credit : (Shwemom)
(Unicode)

ဈာပနပွဲမှာ သေသူက အခေါင်းဖုံး ကိုဖွင့်ပြီးစကားထပြောတာကြောင့် လူအများထိတ်လန့်ခဲ့ရတဲ့ဖြစ်ရပ်

အသက် 75 နှစ်အရွယ် တရုတ် အဖိုးအိုကြီး Huang Mingquan ဟာ ပင်စင်စားတစ်ယောက်ဖြစ်ပြီး၊ အသက်ရှူရပ်တန့်သွားသလို၊ ခြေဖျားလက်ဖျားတွေကလည်း အေးစက်နေလို့ သားဖြစ်သူနဲ့ ဆွေမျိုးသားချင်း တွေက သေပြီလို့ ယူဆ၏ခဲ့ကြပါတယ်။
အသုဘဝန်ဆောင်မှုအသင်းကနေ အခေါင်းလှလှတစ်လုံးငှားပြီး ဖခင် ရဲ့ ဈာပန ကို ပြင်ဆင်ခဲ့ပါတယ်။
ရပ်နီးရပ်ဝေးမှာရှိကြတဲ့ Huang ရဲ့ ဆွေးမျိုးတွေနဲ့ ရင်းနီးတဲ့သူတွေဟာ နောက်နှစ်ရက်အရောက်မှာ သေသူ ရဲ့ရုပ်အလောင်းကို သချႋုင်းကိုလိုက်လံပို့ဆောင်ဖို့ အသုဘတည်ရှိရာအိမ်ကို ရောက်လာခဲ့ကြပါတယ်။
ရှစ်နာရီကြာ အချိန်ယူရတဲ့ အသုဘ လှည့်လည်ပွဲမှာ လူတွေကလည်း စည်ကားလှသလို၊ အငိုအဖွဲ့ကလည်း တော်တော် အရှိန်ကောင်းနေပါပြီ။
တစ်ခုသော လမ်းခုလတ်အရောက်မှာ အခေါင်းကို ထမ်းပိုးထားတဲ့ ဆွေမျိုးသားချင်းတွေ မျက်လုံးတွေ ပြူးကုန်ကြပါတော့တယ်။
အကြောင်းကတော့ အခေါင်းက တဒုန်းဒုန်းအသံပေးကာ လှုပ်နေလို့ပါ။ နောက်တော့ အခေါင်းအဖုံးဟာ ပွင့်သွားခဲ့ပါတယ်။
သေဆုံးပြီလို့ ယူဆရတဲ့ Huang ဟာ အံ့သြတဲ့မျက်လုံးနဲ့ ကြောင်စီစီလေးတွေငေးနေတဲ့ ဆွေမျိူးသားချင်းတွေကို ” ဘာလုပ်နေကြတာလဲ … ငါ့ ဈာပနအတွက် ပြင်ဆင်နေတာလား “လို့ မေးခဲ့ပါတယ်။
လူတွေလည်း မျက်လုံးအပြူးသားနဲ့ သေရွာပြန် အဖိုးကြီး ကို ဘာမှမဖြေနိုင်ဘဲ ငေးနေကြပါတယ်။
နောက်မှ သူတို့အဖိုးဟာ မသေသေးကြောင်း သိသွားပြီး၊ အိမ်ကို ပြန်သယ်သွားရပါတယ်။
Huang ဟာ လွန်ခဲ့တဲ့ လလောက်ကတည်းက အစာမဝင်တော့ဘဲ ဆန်ပြုတ်သာ စားနိုင်ပါတော့တယ်။
နောက်တော့ အသက်ရှုရပ်တန့်ပြီး ခြေဖျားလက်ဖျားတွေကလည်း အေးစက်သွားပါတယ်။
ခေါ်တော့လည်း မထူးနိုင်တော့ပါဘူး။ မေ့မျောသွားတာ ဖြစ်ပုံရပါတယ်။
နှစ်ရက်ကြာမှ သင်္ဂြိုဟ်ခြင်းလုပ်ငန်းကို လုပ်ရတာပါ။
သေရွာက ပြန်လာတဲ့အခါ နမော်နမဲ့ ဖြစ်ရကောင်းလားဆိုပြီး သားဖြစ်သူနဲ့ ဆွေမျိုးတွေကို ဆဲနေခဲ့လို့ တောင်းတောင်းပန်ပန် သူ့အိပ်ယာ မှာ ထားပေးခဲ့ရပါတယ်။
အိပ်ယာ ထဲ ပြန်ရောက်တော့ ဆန်ပြုတ်တစ်ပန်းကန်စားခဲ့သေးတယ်လို့ ဆိုပါတယ်။
တစ်ခါတလေ ဒီလိုလည်း ဖြစ်တတ်ပါသေးတယ်။

Credit : (Shwemom)