Saturday, February 03, 2018
ရွှေတွက်နည်း…
ဥပမာ…
ရွှေဈေးတစ်ကျပ်သား = ၇၀၀၀၀၀ိ နှုန်းနဲ့ ၁ ကျပ် – ၈ ပဲ – ၄ ရွေး ကို ဘယ်လောက်ပေးရမလဲသိချင်ရင် ။
(၁) ၁ိ အတွက် = ၇၀၀၀၀၀
(၂) ၈ ပဲ အတွက်
(၈ ÷ ၁၆) × ၇၀၀၀၀၀ = ၃၅၀၀၀၀ ကျပ်
(၃) ၄ ရွေး အတွက်
(၄ ÷ ၈ ÷ ၁၆) × ၇၀၀၀၀၀ =၂၁၈၇၅ ကျပ်
(၁)+(၂)+(၃) =
ဥပမာ…
ဒေါ်လာပေါက်ဈေး = ၁၂၈၃ိ ဈေ့း ဆိုပါစို့
ဥပမာ…..
ဒေါ်လာဈေး = 1283 k
စိန်တွက်နည်း…
၁ ရတီ = ၂၀ ဘီ
၁ ဘီ = ၈ ပိုင်း ပါ ။
ဥပမာ…
စိန် ၁ ရတီကို ၅၀၀၀၀၀ိ နှုန်းနဲ့
(Unicode)
ရွှေတွက်နည်း နဲ့ စိန်တွက်နည်း
ဆိုင်ကပြောတာကိုပဲ အမှန်မထင်နဲ့ ကိုယ်တိုင်တွက်တတ်ဖို့ လေ့လာထားသင့်တယ်နော်..။
ရွှေတွက်နည်း…
ဥပမာ…
ရွှေဈေးတစ်ကျပ်သား = ၇၀၀၀၀ဝိ နှှုန်းနဲ့ ၁ ကျပ် – ၈ ပဲ – ၄ ရွေး ကို ဘယ်လောက်ပေးရမလဲသိချင်ရင် ။
[ (၄÷၈) + (၈÷၁၆) + ၁ ] × ၇၀၀၀၀ဝိ = ၁၀၇၁၈၇၅ ကျပ်ပါ။
[(ရွေး ÷ ၈)+(ပဲ ÷ ၁၆)+ ကျပ်]×ရွှေပေါက်ဈေး ဖြစ်ပါတယ်။
၁ိ မှာ ၁၆ ပဲ ။ ၁ပဲ မှာ ၈ရွေး ရှိတာကြောင့် အားလုံးကိုကျပ်ဖွဲ့ပြီး တစ်ကျပ်သား ပေါက်ဈေးနဲ့ မြှောက်လိုက်တာပါ။
တစ်ခုချင်းစီတွက်ကြည့်ရအောင်…
(၁) ၁ိ အတွက် = ၇၀၀၀၀၀
(၂) ၈ ပဲ အတွက်
(၈ ÷ ၁၆) × ၇၀၀၀၀၀ = ၃၅၀၀၀၀ ကျပ်
(၃) ၄ ရွေး အတွက်
(၄ ÷ ၈ ÷ ၁၆) × ၇၀၀၀၀၀ =၂၁၈၇၅ ကျပ်
(၁)+(၂)+(၃) =
၇၀၀၀၀၀+၃၅၀၀၀၀+၂၁၈၇၅ = ၁၀၇၁၈၇၅ ကျပ်။
၈ ပဲ ၄ ရွေး အတွက်ပဲ သိချင်ရင်
(၄ ÷ ၈) + (၈ ÷ ၁၆) × ၇၀၀၀၀၀ = ၃၇၁၈၇၅ ကျပ်။
ရွှေအရည်အလိုက်ပေါက်ဈေးသိချင်ရင်…
၁၆ ပဲ ရွှေရည်ဈေး = ၇၀၀၀၀ဝိ
၁၅ ပဲ ရွှေရည်ဈေး = (၁၅÷၁၆)×၇၀၀၀၀၀ = ၆၅၆၂၅ဝိ
၁၄ ပဲ ရွှေရည်ဈေး = (၁၄÷၁၆)×၇၀၀၀၀၀ = ၆၁၂၅၀ဝိ
၁၃ ပဲ ရွှေရည်ဈေး = (၁၃÷၁၆)×၇၀၀၀၀၀ = ၅၆၈၇၅ဝိ
၁၂ ပဲ ရွှေရည်ဈေး = (၁၂÷၁၆)×၇၀၀၀၀၀ = ၅၂၅၀၀ဝိ
ကမ္ဘာ့ရွှေဈေး + ဒေါ်လာပေါက်ဈေးနဲ့ ယှဉ်ပြီး မြန်မာရွှေပေါက်ဈေးကို မှန်းကြည့်ချင်ရင်
ဥပမာ…
ကမ္ဘာ့ရွှေဈေး ၁အောင်စ = ၁၁၀၈ $
ဒေါ်လာပေါက်ဈေး = ၁၂၈၃ိ ဈေး့ ဆိုပါစို့
မြန်မာ့ရွှေဈေး = ၁၁၀၈ ÷ ၁•၈၇၅ × ၁၂၈၃ိ = ၇၅၈ ၁၆၇ + လမ်းစားရိတ် ၅၀၀ဝိ = ၇၆၃ ၁၆၇ ကျပ် ရပါတယ်။
ဥပမာ…..
ဒေါ်လာဈေး = 1283 k
ကမ္ဘာ့ရွှေပေါက်ဈေး = 1108.7 $
မြန်မာရွှေဈေး = 763400 k )
ကမ္ဘာ့ ရွှေဈေး နဲ့ မြန်မာ့ရွှေဈေး က အမြဲတမ်းတော့ ကွက်တိမဖြစ်တတ်ပေမယ့် အများကြီးတော့ ကွာဟ သွားလေ့မရှိပါ။
စိန်တွက်နည်း…
စိန်ကို (ရတီ), (ဘီ) , (အပိုင်း) တို့နဲ့ ချိန်ပါတယ်။
စံချိန်ခွင်မှာ ချိန်တဲ့အခါ
ရတီ = R , ဘီ = B , အပိုင်း = — လို့ ၈ ရေးပါတယ်။
၁ ရတီ = ၂၀ ဘီ
၁ ဘီ = ၈ ပိုင်း ပါ ။
(စိန်ကိုလဲရွှေတွက်သလိုဘဲတွက်လို့ရပါတယ်။)
ဥပမာ…
စိန် ၁ ရတီကို ၅၀၀၀၀ဝိ နှှုန်းနဲ့
၂ ရတီ ။ ၄ ဘီ ။ ၄ ပိုင်း အတွက် ဘယ်လောက်ပေးရမလဲတွက်ကြည့်ရအောင်။
တစ်ခုချင်းစီ ခွဲတွက်ရင် ။
(1) ၂ ရတီဖိုး = ၂ ရတီ × ၅၀၀၀၀ဝိ = ၁၀၀၀၀၀ဝိ
(2) ၄ ဘီဖိုး = (၄ ဘီ ÷ ၂၀) = ဝ.၂ ရတီ × ၅၀၀၀၀ဝိ= ၁၀၀၀၀ဝိ
(3) ၄ ပိုင်းဖိုး = (၄÷၈)÷၂၀ = ဝ.၀၂၅ ရတီ × ၅၀၀၀၀ဝိ = ၁၂၅၀ဝိ
1+2+3 = ၁၀၀၀၀၀ဝိ+၁၀၀၀၀ဝိ+၁၂၅၀ဝိ = ၁၁၁၂၅၀ဝိ ရပါတယ်။
ဈေးကွက်ထဲမှာသုံးတဲ့တွက်နည်းက…
[ ( ၄ ÷ ၈ )+( ၄ ÷ ၂၀) + ၂ ]× ၅၀၀၀၀ဝိ = ၁၁၁၂၅၀ဝိ ကျပ်ပါ။
Friends တို့လည်း စိတ်ဝင်စားရင် တွက်ကြည့်နိုင်ပါတယ်။
Special Thanks to Sayer Saw Lwin who wrote this articles and posts.
( ရွှေတွက်နည်း Post မှာနိုင်ငံတကာ ပေါက်ဈေး နဲ့ ယှဉ်ပြီး မြန်မာ့ ရွှေပေါက်ဈေးကို တွက်ကြည့်ချင်ရင်
မြန်မာ့ရွှေဈေး = နိုင်ငံတကာပေါက်ဈေး ÷ 1.875 × ဒေါ်လာပေါက်ဈေး + လမ်းစားရိတ် ၅၀၀ဝိ လို့ရေးတော့ 1.875 က ဘယ်က ရောက်လာတာလဲ လို့ မေးကြတယ်။
အဲဒီဂဏန်းက Troy အောင်စ ကနေ ကျပ် ပြောင်းဖွဲ့လို့ ရလာတာပါ။
ကမ္ဘာ့ရွှေဈေးကို Troy ounce အပေါ် အခြေခံပြီး သတ်မှတ်ပါတယ်။
(ရိုးရိုး အောင်စ မဟုတ်ပါ)
1troy ounce မှာ 31.1034768 ဂရမ် ရှိပါတယ်။
၁ ကျပ်သားမှာ 16.606 gm နဲ့တွက်မှာမို့
အဲဒါကို ကျပ်ပြန်ဖွဲ့ ဖို့ 16.606 နဲ့စားရင် 31.1034768 ÷ 16.606 = 1.873 ရပါတယ်။
အဲဒါကို ဒသမကိန်း 1.875 ယူပြီးတွက်ကြတာပါ။
1.875ကဘယ်ကရောက်လာတာလဲ လို့မေးကြတဲ့ Friends တွေ နားလည်နိုင်ကြပါစေ။)
Credit to ဗဟုသုတပြတိုက်
,
Download blog apk
အဆင်ပြေပါစေမိတ်ဆွေ မင်္ဂလာပါ မိတ်ဆွေများကိုကြိုဆိုပါတယ်ခင်ဗျာ
သုတရသနည်းပညာဆော့ဝဲအားဒေါင်းယူရန်-download Apk-ဆိုတဲ့ပုံလေးကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် -၀ါသနာတူဘော်ဒါများကိုကြိုဆိုပါတယ်
ကျွန်တော့်APKလေးကိုဒေါင်းလော့လုပ်ပြီးအားပေးကြပါဦးနော်
iOS
data lable="ios"
Business
လည်ပတ်ရန်နေရာလေး
နည်းပညာနှင့်ပတ်သက်သောစာအုပ်များကိုဒေါင်းယူနိုင်ပါသည်
Sponsor
Contact Form
Name
Email *
Message *
Facebook ဆိုင်ရာနည်းလမ်းများ
အသစ်တင်သမျှမေလ်းကရစေရန်မေလ်းလိပ်စာချန်ခဲ့ပေးပါ
,
မူပိုင်-စိုးမိုးအောင် (၂၀၁၄ ခုနှစ်မှစတင်၍ဝါသနာအရရေးသားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်ပြန်လည်ရေးသားခဲ့ပါသည် . Powered by Blogger.
,
Ads
,
Ads
Total Pageviews
Post Top Ad
Post Top Ad
ကြော်ငြာလေးတချက်ကလစ်ပေးပါနော်
Breaking
Technology
3/Tech/feat-grid
Facebook မှလည်းဖတ်ရှု့နိုင်ပါတယ်
Random Posts
Recent Posts
ယနေ့ငွေကြေးဈေးကွက်
Extra Ads
ကြော်ငြာထည့်သွင်းရန်
Followers
,
လာရောက်လည်ပတ်သူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ
ဘလော့နည်းပညာများလေ့လာရန်
Create your own banner at mybannermaker.com!
Follow Me
မိတ်ဆွေတို့ရဲ့စကားသံများ
အားပေးမှုကိုမှတ်တမ်းတင်ထားပါတယ်ခင်ဗျာ
Sports
3/Sports/col-left
Recent Comments
Technology
3/Technology/col-right
Box
နေ့တိုင်းလာလည်ဖို့ဖိတ်ခေါ်ပါတယ် ရှာဖွေတွေ့ရှိသမျှလေးတွေ, သတင်း, သုတ, ရသ, နည်းပညာများကိုတင်ဆက်ပေးသွားပါ့မယ် အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်
Popular Posts
slider