Monday, February 05, 2018

  • Monday, February 05, 2018
  • ခ်စ္ေသာေမာင္

ျမစ္ႀကီးနားႏွင့္ မိုးေကာင္းရွိ တပ္စခန္းမ်ားႏွင့္ တပ္ရင္းဌာနခ်ဳပ္ တိုက္ခိုက္ခံရ


ကခ်င္ျပည္နယ္ ျမစ္ႀကီးနားႏွင့္ မိုးေကာင္းၿမိဳ႕နယ္ရွိ တပ္မေတာ္စခန္း ၃ ခုႏွင့္ တပ္ရင္းဌာနခ်ဳပ္ကို ကခ်င္ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ KIA က ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ နံနက္ အေစာပိုင္း ၃ နာရီခန္႔က လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္တိုက္ခိုက္ခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္သည္။
မိုးေကာင္းၿမိဳ႕ရွိ ခလရ ၇၄ တပ္ရင္း ဌာနခ်ဳပ္ကို KIA အဖြဲ႔မွ အင္အား ၁၅ ဦးခန္႔က တပ္ရင္းဌာနခ်ဳပ္၏ အေရွ႕ေျမာက္ဘက္ မီတာ ၅၀၀၀ အကြာမွ လက္နက္ႀကီးမ်ားျဖင့္ လာေရာက္ပစ္ခတ္ခဲ့ရာ တပ္ရင္း ဌာနခ်ဳပ္၏ ေတာင္ဘက္ မီတာ ၁၀၀၀ ခန္႔အကြာေနရာ၌ က်ည္က်ေရာက္ ေပါက္ကြဲခဲ့ေၾကာင္း ပစ္ခတ္မႈေၾကာင့္ လူႏွင့္ အေဆာက္အအံုမ်ား ထိခိုက္ပ်က္စီးမႈ မရွိခဲ့ေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
“ဒီမနက္အေစာႀကီး အသံၾကားတယ္။ မိုးေကာင္းမွာရွိတဲ့ ခလရ ၇၄ ကို ပစ္တာ။ တပ္ရဲ႕အဝန္းမွာေတာ့ မထိပါဘူး။ က်န္တာေတာ့ ဘာမွမျဖစ္ဘူး”ဟု မိုးေကာင္းၿမိဳ႕တြင္း ေနထိုင္သူတစ္ဦးက ေျပာသည္။
ထို႔ျပင္ မိုးေကာင္းၿမိဳ႕နယ္၊ လြယ္လိ ယန္ေက်း႐ြာ အုပ္စု၊ မရန္ကေထာင္ေက်း႐ြာရွိ နယ္ေျမလံုၿခံဳေရး ေဆာင္႐ြက္ေနသည့္ တပ္စခန္းအား KIA အဖြဲ႔မွ အင္အား ၆၀ ဦးခန္႔က စခန္း၏ အေရွ႕ဘက္မီတာ ၁၀၀ ခန္႔အကြာမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္လည္းေကာင္း၊ ျမစ္ႀကီးနားၿမိဳ႕နယ္၊ နန္က်င္ေက်း႐ြာရွိ တပ္စခန္းအားလည္း KIA အဖြဲ႔မွ အင္အား ၅၀ ဦးခန္႔က စခန္း၏ အေနာက္ဘက္၊ အေနာက္ေျမာက္ဘက္ႏွင့္ အေရွ႕ေျမာက္ဘက္တို႔မွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုက္ခိုက္ခဲေၾကာင္း တပ္ခ်ဴပ္႐ံုးက သတင္းထုတ္ျပန္သည္။
“အခုျဖစ္တဲ့ေနရာက ကခ်င္ရပ္ကြက္မွာလို႔ သိရတယ္။ ရဲေမအခ်ိဳ႕ ထိခိုက္မႈရွိတယ္လို႔လည္း ကၽြန္ေတာ္တို႔ ၾကားေနရတယ္။ အလစ္ ဝင္တိုက္သြားတဲ့သေဘာပါ”ဟု ကခ်င္ျပည္နယ္တြင္ တာဝန္က်ေနသည့္ တပ္မေတာ္အရာရွိတစ္ဦးကဆိုသည္။
ျမစ္ႀကီးနားၿမိဳ႕အဝင္ မႏၲေလး-ျမစ္ႀကီးနား ကားလမ္းအနီးတြင္ တိုက္ပြဲျပင္းထန္ခဲ့ၿပီး တပ္မေတာ္ဘက္မွ ထိခိုက္ဒဏ္ရာရရွိမႈ ရွိခဲ့ၿပီး အက်အဆံုးရွိသည္ဟုလည္း ၾကားသိရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယင္းကိစၥႏွင့္ပတ္သတ္၍ KIA သတင္းႏွင့္ ျပန္ၾကားေရးဌာနထံ ဆက္သြယ္ေမးျမန္းရာ တိုက္ပြဲျဖစ္ပြားေနသည္ဟု ၾကားသိရေသာ္လည္း သတင္းအတည္ မျပဳႏိုင္ေသးဟု ျပန္လည္ ေျဖၾကားသည္။
လက္ရွိ ကခ်င္ျပည္နယ္ တႏိုင္းၿမိဳ႕နယ္အတြင္းတြင္လည္း တပ္မေတာ္ႏွင့္ ကခ်င္လက္နက္ကိုင္ တပ္ဖြဲ႔တို႔ၾကား တိုက္ပြဲျဖစ္ေနမႈေၾကာင့္ ေမွာ္လုပ္သား တစ္ေထာင္ေက်ာ္မွာလည္း ေနရပ္ျပန္မရဘဲ ပိတ္မိလ်က္ရွိသည္။
(Unicode)

မြစ်ကြီးနားနှင့် မိုးကောင်းရှိ တပ်စခန်းများနှင့် တပ်ရင်းဌာနချုပ် တိုက်ခိုက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ်ရှိ တပ်မတော်စခန်း ၃ ခုနှင့် တပ်ရင်းဌာနချုပ်ကို ကချင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KIA က ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
မိုးကောင်းမြို့ရှိ ခလရ ၇၄ တပ်ရင်း ဌာနချုပ်ကို KIA အဖွဲ့မှ အင်အား ၁၅ ဦးခန့်က တပ်ရင်းဌာနချုပ်၏ အရှေ့မြောက်ဘက် မီတာ ၅၀၀၀ အကွာမှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ တပ်ရင်း ဌာနချုပ်၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ ကျည်ကျရောက် ပေါက်ကွဲခဲ့ကြောင်း ပစ်ခတ်မှုကြောင့် လူနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဒီမနက်အစောကြီး အသံကြားတယ်။ မိုးကောင်းမှာရှိတဲ့ ခလရ ၇၄ ကို ပစ်တာ။ တပ်ရဲ့အဝန်းမှာတော့ မထိပါဘူး။ ကျန်တာတော့ ဘာမှမဖြစ်ဘူး”ဟု မိုးကောင်းမြို့တွင်း နေထိုင်သူတစ်ဦးက ပြောသည်။
ထို့ပြင် မိုးကောင်းမြို့နယ်၊ လွယ်လိ ယန်ကျေးရွာ အုပ်စု၊ မရန်ကထောင်ကျေးရွာရှိ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းအား KIA အဖွဲ့မှ အင်အား ၆၀ ဦးခန့်က စခန်း၏ အရှေ့ဘက်မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာရှိ တပ်စခန်းအားလည်း KIA အဖွဲ့မှ အင်အား ၅၀ ဦးခန့်က စခန်း၏ အနောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲကြောင်း တပ်ချူပ်ရုံးက သတင်းထုတ်ပြန်သည်။
“အခုဖြစ်တဲ့နေရာက ကချင်ရပ်ကွက်မှာလို့ သိရတယ်။ ရဲမေအချို့ ထိခိုက်မှုရှိတယ်လို့လည်း ကျွန်တော်တို့ ကြားနေရတယ်။ အလစ် ဝင်တိုက်သွားတဲ့သဘောပါ”ဟု ကချင်ပြည်နယ်တွင် တာဝန်ကျနေသည့် တပ်မတော်အရာရှိတစ်ဦးကဆိုသည်။
မြစ်ကြီးနားမြို့အဝင် မန္တလေး-မြစ်ကြီးနား ကားလမ်းအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ပြီး အကျအဆုံးရှိသည်ဟုလည်း ကြားသိရကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းကိစ္စနှင့်ပတ်သတ်၍ KIA သတင်းနှင့် ပြန်ကြားရေးဌာနထံ ဆက်သွယ်မေးမြန်းရာ တိုက်ပွဲဖြစ်ပွားနေသည်ဟု ကြားသိရသော်လည်း သတင်းအတည် မပြုနိုင်သေးဟု ပြန်လည် ဖြေကြားသည်။
လက်ရှိ ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းတွင်လည်း တပ်မတော်နှင့် ကချင်လက်နက်ကိုင် တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်နေမှုကြောင့် မှော်လုပ်သား တစ်ထောင်ကျော်မှာလည်း နေရပ်ပြန်မရဘဲ ပိတ်မိလျက်ရှိသည်။

,

Download blog apk


အဆင္ေျပပါေစမိတ္ေဆြ မဂၤလာပါ မိတ္ေဆြမ်ားကိုႀကိဳဆိုပါတယ္ခင္ဗ်ာ

သုတရသနည္းပညာေဆာ့၀ဲအားေဒါင္းယူရန္-download Apk-ဆိုတဲ့ပံုေလးကိုႏိွပ္ၿပီးေဒါင္းႏိူင္ပါတယ္ -၀ါသနာတူေဘာ္ဒါမ်ားကိုႀကိဳဆိုပါတယ္

က်ြန္ေတာ့္APKေလးကိုေဒါင္းေလာ့လုပ္ၿပီးအားေပးၾကပါဦးေနာ္

iOS

data lable="ios"

Business

လည္ပတ္ရန္ေနရာေလး

နည္းပညာႏွင့္ပတ္သက္ေသာစာအုပ္မ်ားကိုေဒါင္းယူႏိူင္ပါသည္

Sponsor

Contact Form

Name

Email *

Message *

Facebook ဆိုင္ရာနည္းလမ္းမ်ား

အသစ္တင္သမွ်ေမလ္းကရေစရန္ေမလ္းလိပ္စာခ်န္ခဲ့ေပးပါ

,

မူပိုင္-စိုးမိုးေအာင္ (၂၀၁၄ ခုႏွစ္မွစတင္၍ဝါသနာအရေရးသားခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ျပန္လည္ေရးသားခဲ့ပါသည္ . Powered by Blogger.

,

Ads

,

Ads

Total Pageviews

Post Top Ad

Post Top Ad

ေၾကာ္ျငာေလးတခ်က္ကလစ္ေပးပါေနာ္

Breaking

Technology

3/Tech/feat-grid

Facebook မွလည္းဖတ္႐ႈ႕ႏိူင္ပါတယ္

Random Posts

Recent Posts

ယေန႔ေငြေေျကးေဈးကြက္

Extra Ads

ေျကာ္ျငာထည့္သြင္းရန္

Followers

,


လာေရာက္လည္ပတ္သူအေပါင္းစိတ္ခ်မ္းသာကိုယ္က်န္းမာရွိၾကပါေစ

ဘေလာ့နည္းပညာမ်ားေလ့လာရန္

Create your own banner at mybannermaker.com!

Follow Me

မိတ္ေဆြတို႔ရဲ႕စကားသံမ်ား

အားေပးမႈကိုမွတ္တမ္းတင္ထားပါတယ္ခင္ဗ်ာ

Sports

3/Sports/col-left

Recent Comments

Technology

3/Technology/col-right

Box

ေန႔တိုင္းလာလည္ဖို႔ဖိတ္ေခၚပါတယ္ ရွာေဖြေတြ႕ရိွသမွ်ေလးေတြ, သတင္း, သုတ, ရသ, နည္းပညာမ်ားကိုတင္ဆက္ေပးသြားပါ့မယ္ အားေပးမႈကိုအထူးပင္ေက်းဇူးတင္ရိွပါတယ္

Popular Posts

slider