Monday, February 05, 2018

  • Monday, February 05, 2018
  • ခ်စ္ေသာေမာင္

ေသနတ္သမားၾကည္လင္း ကို ခ်စ္သည့္စိတ္ျဖင့္ လာေရာက္၀န္းရံသည္ဟု ဆို



ဦးကိုနီအား လုႀကံသတ္ျဖတ္ခဲ့သည့္ ေသနတ္သမား ၾကည္လင္းကို ေလးစားခ်စ္ခင္သည္ဟု ဆိုကာ လူအခ်ိဳ႕က ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးတြင္ ၾကားနာစစ္ေဆးေနေသာ ဦးကုိနီ လုပ္ႀကံသတ္ျဖတ္ခံရမႈ ၄၂ ႀကိမ္ေျမာက္႐ံုးခ်ိန္းတြင္ လာေရာက္၀န္းရံ အားေပးခဲ့ၾကသည္။

အဆိုပါလူမ်ားထဲမွ တခ်ိဳ႕သည္ မင္းတို႔ ထမင္း၀ေအာင္စားထား စာသားအား ႐ိုက္နွိပ္ထားသည့္ တီရွပ္ကိုလည္း ၀တ္ဆင္ထားၾကျပီး အားေပး၀န္းရံသည့္ အေနျဖင့္ ယင္းတီရွပ္ကို ၾကည္လင္းအား ေပးအပ္ခဲ့သည္။ ၄င္းတို႔ကို သတင္းမီဒီယာမ်ားက ဘာေၾကာင့္ ယခုလို လာေရာက္၀န္းရံ ရတာလဲဆိုသည္ကို ေမးျမန္းသည့္အခါက ၾကည္လင္းအား ေလးစားေထာက္ခံေသာေၾကာင့္ဟု ျပန္လည္ေျဖၾကားသည္။

`ရည္ရြယ္ခ်က္ကေတာ့ သူ႕ဘက္မွာ ကၽြန္ေတာ္တို႔တစ္ေတြ ရပ္တည္တယ္ဆိုတဲ့ အေၾကာင္းေပါ့ေနာ္။ ဒါက တျခားဘာမွမဟုတ္ဘူး၊ ပုဂၢိဳလ္ေရးဆိုင္ရာ ေလးစားမႈနဲ႔လာတာ။ လူတိုင္းကေတာ့ အျမင္က ဘယ္တူမလဲဗ်ာ။ ကၽြန္ေတာ္တို႔အျမင္မွာ သူက လုပ္သင့္လုပ္ထိုက္တာကို လုပ္သြားတဲ့အတြက္ သူ႕ကို အားေပးေထာက္ခံတယ္ ဆိုတဲ့ ပံုစံမ်ိဳးနဲ႔လာတာ။ တျခားရည္ရြယ္ခ်က္မ်ိဳး မရွိပါဘူး´ ဟု ၾကည္လင္းအား အားေပးေထာက္ခံသူ ကုိျမတ္ဘုန္းမိုရ္က ေျပာၾကားသည္။

သတင္ေထာက္တစ္းဦးက ေလးစားမႈႏွင့္ အားေပးေထာက္ခံသည္ဆိုမွာ ဘယ္လိုပံုစံကို ဆိုလိုပါလဲဟု ေမးျမန္းသည့္အခါက ကိုတင္ေဌးေအာင္ (ေခၚ) အႀကီးေကာင္က ယခုလိုလာေရာက္ အားေပးျခင္းသည္ ရင္ထဲက ခ်စ္သည့္စိတ္ျဖင့္ လာေရာက္အားေပးသည္ဟု ဆိုသည္။

`ကၽြန္ေတာ္တို႔ကေနျပီး ဦးၾကည္လင္းဆီကို လာျပီးေတာ့ အားေပးတယ္။ ဦးၾကည္လင္းကို အားေပးစကား Facebook မွာ ေရးေပးထားတဲ့ Comment ေတြရွိတယ္။ အဲဒီ Comment ေတြကို ကၽြန္ေတာ္တို႔ Colour Print ထုတ္တယ္၊ ၿပီးေတာ့ ဦးၾကည္လင္းကို သူ႕ကို အားေပးစကားေျပာတဲ့သူေတြရဲ႕ စကားသံေတြကို ၾကားပါေစေတာ့ဆိုၿပီး လာေပးတယ္။ အက်ၤ ီကလည္း လက္ေဆာင္လာေပးတာ။ ဒါပါပဲ ကၽြန္ေတာ္တို႔မွာ က်န္တဲ့ ရည္ရြက္ခ်က္ ဘာမွမရွိဘူး။ ကၽြန္ေတာ္တို႔ အခုလာတဲ့အထဲမွာလည္း အသင္းအဖြဲ႕နဲ႔လည္း မဆိုင္ဘူး။ ကၽြန္ေတာ္တို႔ တစ္ဦးတစ္ေယာက္ခ်င္းဆီရဲ႕ ရင္ထဲကခံစားခ်က္နဲ႔ သူ႕အေပၚကို ခ်စ္တဲ့စိတ္နဲ႔ လာျပီးအားေပးတဲ့ သေဘာပဲ ရွိပါတယ္´ ဟု ကိုတင္ေဌးေအာင္ (ေခၚ) အႀကီးေကာင္က ေျပာၾကားသည္။

မင္းတို႔ ထမင္း၀ေအာင္ စား … ဆိုသည့္ စာသားသည္ အမႈစစ္ေနသည့္ တရားသူႀကီးမ်ားကို ဖိအားေပးေနတာလားဟု တရားလိုေရွ႕ေနတစ္ဦး ျဖစ္သည့္ ဦးခင္ေမာင္ေဌးက ေမးခြန္ထုတ္ကာ ေ၀ဖန္သံုးသပ္ခဲ့သည္။

ၿပီးခဲ့သည့္လပိုင္းက သတင္းေထာက္မ်ားႏွင့္ ေရွ႕ေနမ်ားကို ထမင္း ၀ေအာင္စားထားဟု ၾကည္လင္း၊ ေအာင္၀င္းေဇာ္ႏွင့္ ေဇယ်ာၿဖိဳးက ေျပာၾကားခဲ့ေၾကာင္း ေရွ႕ေနဦးေရာဘတ္ဆန္းေအာင္က ျမန္မာသံေတာ္ဆင့္ သတင္းစားသို႔ ေျပာၾကားထားသည္။ ယင္းကိစၥႏွင့္ ပတ္သက္ျပီး ေအာင္၀င္းေဇာ္က ၄င္းတို႔ ဤသို႔ မေျပာၾကားခဲ့သည့္ အတြက္ တရားစြဲမည္ဟု ဇန္န၀ါရီလ ၁၉ ရက္က သတင္းေထာက္မ်ားကို ေျပာၾကားခဲ့သည္။

ေအာင္ရဲေနာင္
(Unicode)

သေနတ်သမားကြည်လင်း ကို ချစ်သည့်စိတ်ဖြင့် လာရောက်ဝန်းရံသည်ဟု ဆို


ဦးကိုနီအား လုကြံသတ်ဖြတ်ခဲ့သည့် သေနတ်သမား ကြည်လင်းကို လေးစားချစ်ခင်သည်ဟု ဆိုကာ လူအချို့က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာစစ်ဆေးနေသော ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ၄၂ ကြိမ်မြောက်ရုံးချိန်းတွင် လာရောက်ဝန်းရံ အားပေးခဲ့ကြသည်။

အဆိုပါလူများထဲမှ တချို့သည် မင်းတို့ ထမင်းဝအောင်စားထား စာသားအား ရိုက်နှိပ်ထားသည့် တီရှပ်ကိုလည်း ဝတ်ဆင်ထားကြပြီး အားပေးဝန်းရံသည့် အနေဖြင့် ယင်းတီရှပ်ကို ကြည်လင်းအား ပေးအပ်ခဲ့သည်။ ၎င်းတို့ကို သတင်းမီဒီယာများက ဘာကြောင့် ယခုလို လာရောက်ဝန်းရံ ရတာလဲဆိုသည်ကို မေးမြန်းသည့်အခါက ကြည်လင်းအား လေးစားထောက်ခံသောကြောင့်ဟု ပြန်လည်ဖြေကြားသည်။

`ရည်ရွယ်ချက်ကတော့ သူ့ဘက်မှာ ကျွန်တော်တို့တစ်တွေ ရပ်တည်တယ်ဆိုတဲ့ အကြောင်းပေါ့နော်။ ဒါက တခြားဘာမှမဟုတ်ဘူး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လေးစားမှုနဲ့လာတာ။ လူတိုင်းကတော့ အမြင်က ဘယ်တူမလဲဗျာ။ ကျွန်တော်တို့အမြင်မှာ သူက လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားတဲ့အတွက် သူ့ကို အားပေးထောက်ခံတယ် ဆိုတဲ့ ပုံစံမျိုးနဲ့လာတာ။ တခြားရည်ရွယ်ချက်မျိုး မရှိပါဘူး´ ဟု ကြည်လင်းအား အားပေးထောက်ခံသူ ကိုမြတ်ဘုန်းမိုရ်က ပြောကြားသည်။

သတင်ထောက်တစ်းဦးက လေးစားမှုနှင့် အားပေးထောက်ခံသည်ဆိုမှာ ဘယ်လိုပုံစံကို ဆိုလိုပါလဲဟု မေးမြန်းသည့်အခါက ကိုတင်ဌေးအောင် (ခေါ်) အကြီးကောင်က ယခုလိုလာရောက် အားပေးခြင်းသည် ရင်ထဲက ချစ်သည့်စိတ်ဖြင့် လာရောက်အားပေးသည်ဟု ဆိုသည်။

`ကျွန်တော်တို့ကနေပြီး ဦးကြည်လင်းဆီကို လာပြီးတော့ အားပေးတယ်။ ဦးကြည်လင်းကို အားပေးစကား Facebook မှာ ရေးပေးထားတဲ့ Comment တွေရှိတယ်။ အဲဒီ Comment တွေကို ကျွန်တော်တို့ Colour Print ထုတ်တယ်၊ ပြီးတော့ ဦးကြည်လင်းကို သူ့ကို အားပေးစကားပြောတဲ့သူတွေရဲ့ စကားသံတွေကို ကြားပါစေတော့ဆိုပြီး လာပေးတယ်။ အင်္ကျ ီကလည်း လက်ဆောင်လာပေးတာ။ ဒါပါပဲ ကျွန်တော်တို့မှာ ကျန်တဲ့ ရည်ရွက်ချက် ဘာမှမရှိဘူး။ ကျွန်တော်တို့ အခုလာတဲ့အထဲမှာလည်း အသင်းအဖွဲ့နဲ့လည်း မဆိုင်ဘူး။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းဆီရဲ့ ရင်ထဲကခံစားချက်နဲ့ သူ့အပေါ်ကို ချစ်တဲ့စိတ်နဲ့ လာပြီးအားပေးတဲ့ သဘောပဲ ရှိပါတယ်´ ဟု ကိုတင်ဌေးအောင် (ခေါ်) အကြီးကောင်က ပြောကြားသည်။

မင်းတို့ ထမင်းဝအောင် စား … ဆိုသည့် စာသားသည် အမှုစစ်နေသည့် တရားသူကြီးများကို ဖိအားပေးနေတာလားဟု တရားလိုရှေ့နေတစ်ဦး ဖြစ်သည့် ဦးခင်မောင်ဌေးက မေးခွန်ထုတ်ကာ ဝေဖန်သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့်လပိုင်းက သတင်းထောက်များနှင့် ရှေ့နေများကို ထမင်း ဝအောင်စားထားဟု ကြည်လင်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးက ပြောကြားခဲ့ကြောင်း ရှေ့နေဦးရောဘတ်ဆန်းအောင်က မြန်မာသံတော်ဆင့် သတင်းစားသို့ ပြောကြားထားသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး အောင်ဝင်းဇော်က ၎င်းတို့ ဤသို့ မပြောကြားခဲ့သည့် အတွက် တရားစွဲမည်ဟု ဇန်နဝါရီလ ၁၉ ရက်က သတင်းထောက်များကို ပြောကြားခဲ့သည်။
အောင်ရဲနောင်
The Ladies News

,

Download blog apk


အဆင္ေျပပါေစမိတ္ေဆြ မဂၤလာပါ မိတ္ေဆြမ်ားကိုႀကိဳဆိုပါတယ္ခင္ဗ်ာ

သုတရသနည္းပညာေဆာ့၀ဲအားေဒါင္းယူရန္-download Apk-ဆိုတဲ့ပံုေလးကိုႏိွပ္ၿပီးေဒါင္းႏိူင္ပါတယ္ -၀ါသနာတူေဘာ္ဒါမ်ားကိုႀကိဳဆိုပါတယ္

က်ြန္ေတာ့္APKေလးကိုေဒါင္းေလာ့လုပ္ၿပီးအားေပးၾကပါဦးေနာ္

iOS

data lable="ios"

Business

လည္ပတ္ရန္ေနရာေလး

Featured

နည္းပညာႏွင့္ပတ္သက္ေသာစာအုပ္မ်ားကိုေဒါင္းယူႏိူင္ပါသည္

Sponsor

Android

5/Tech/feat-tab

Fashion

5/Cars/feat-tab

Contact Form

Name

Email *

Message *

Facebook ဆိုင္ရာနည္းလမ္းမ်ား

အသစ္တင္သမွ်ေမလ္းကရေစရန္ေမလ္းလိပ္စာခ်န္ခဲ့ေပးပါ

ေၾကာ္ျငာထည့္သြင္းလိုပါက

မူပိုင္-စိုးမိုးေအာင္ (၂၀၁၄ ခုႏွစ္မွစတင္၍ဝါသနာအရေရးသားခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ျပန္လည္ေရးသားခဲ့ပါသည္ . Powered by Blogger.

,

Ads

,

Ads

Total Pageviews

Post Top Ad

Post Top Ad

ေၾကာ္ျငာေလးတခ်က္ကလစ္ေပးပါေနာ္

ႏိုင္ငံတကာသတင္း

Breaking

Technology

3/Tech/feat-grid

Facebook မွလည္းဖတ္႐ႈ႕ႏိူင္ပါတယ္

Random Posts

Recent Posts

ယေန႔ေငြေေျကးေဈးကြက္

Breaking News

Extra Ads

ေျကာ္ျငာထည့္သြင္းရန္

Followers

,


လာေရာက္လည္ပတ္သူအေပါင္းစိတ္ခ်မ္းသာကိုယ္က်န္းမာရွိၾကပါေစ

ဘေလာ့နည္းပညာမ်ားေလ့လာရန္

Create your own banner at mybannermaker.com!

Follow Me

မိတ္ေဆြတို႔ရဲ႕စကားသံမ်ား

အားေပးမႈကိုမွတ္တမ္းတင္ထားပါတယ္ခင္ဗ်ာ

Sports

3/Sports/col-left

Recent Comments

Technology

3/Technology/col-right

Box

ေန႔တိုင္းလာလည္ဖို႔ဖိတ္ေခၚပါတယ္ ရွာေဖြေတြ႕ရိွသမွ်ေလးေတြ, သတင္း, သုတ, ရသ, နည္းပညာမ်ားကိုတင္ဆက္ေပးသြားပါ့မယ္ အားေပးမႈကိုအထူးပင္ေက်းဇူးတင္ရိွပါတယ္

Popular Posts

slider