Monday, February 05, 2018

မုဒိမ္းက်င့္ လူသတ္ ပစၥည္းလုယက္မႈေတြအတြက္ ျပစ္ဒဏ္က ဘာျဖစ္ႏိုင္မလဲ



ယခုလပိုင္းအတြင္း မုဒိမ္းက်င့္ လူသတ္၊ ပစၥည္းလုယက္မႈမ်ား ျဖစ္ပြားခဲ့ျခင္းႏွင့္အတူ ျပည္သူအမ်ားကလည္း ထိုအမႈမ်ားႏွင့္ ပတ္သက္ၿပီး ထိေရာက္သည့္ျပစ္ဒဏ္မ်ား ျပင္ဆင္သတ္မွတ္ကာ ထိုအမႈမ်ား ေလ်ာ့နည္းပေပ်ာက္ေစေရး ေဆာင္႐ြက္ေပးသင့္ေၾကာင္း ေျပာဆိုေနၾကသည္။
ထိုမုဒိမ္းက်င့္ လူသတ္ပစၥည္းလုယူအမႈအတြက္ ေပးသင့္သည့္ ေသဒဏ္ ျပစ္ဒဏ္ခ်မွတ္ၿပီးပါကလည္း အမွန္တကယ္ ေသဒဏ္ေပးေရး၊ မေ႐ႊရည္ဝင္းျဖစ္စဥ္ကို နမူနာထားၿပီး မုဒိမ္းမႈမ်ား ထပ္မံမေပၚေပါက္ေရး၊ အျခားမိန္းကေလးငယ္မ်ားလည္း ထိုကဲ့သို႔ အျဖစ္ဆိုးမ်ား ထပ္မံမႀကံဳေတြ႔ေစေရးအတြက္ အဆိုပါအမႈလိုအမႈမ်ား ေသဒဏ္ေပးေရးလႈပ္ရွားမႈကို ဇန္နဝါရီလ ၂၉ ရက္ေန႔က ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္ခဲ့ၾကသည္။
ထိုကဲ့သို႔ လူသတ္မုဒိမ္းက်င့္မႈ၊ ပစၥည္းလုယက္မႈမ်ားႏွင့္ ပတ္သက္ၿပီး တည္ဆဲဥပေဒပါ ျပ႒ာန္းခ်က္မ်ားကို ေလ့လာၾကည့္လွ်င္ လူသတ္မႈအခန္းပါ ရာဇသတ္ႀကီးပုဒ္မ (၃၀၂) (၁) ႏွင့္ မုဒိမ္းမႈ အခန္းပါ ပုဒ္မ (၃၇၅) ႏွင့္ ၎အတြက္ ျပစ္ဒဏ္ပါပုဒ္မ (၃၇၆) ပါ ျပ႒ာန္းခ်က္၊ ပုဒ္မ (၃၉၂) ပါ လုယက္မႈတို႔အရ ဆိုလွ်င္လည္း၊ တစ္သက္တစ္ကၽြန္းဒဏ္ႏွင့္ ေသဒဏ္မွတစ္ပါး အျခားမရွိႏိုင္ေပ။
ထိုအမႈမ်ားကို တရားစီရင္ခဲ့ဖူးသည့္ စီရင္ထံုးမ်ားလည္း တိတိက်က် ရွိၿပီးျဖစ္သည္။
ထိုစီရင္ထံုးမွာ ေမာင္စံၫြန္႔ႏွင့္ ႏိုင္ငံေတာ္ဥပေဒ စီရင္ထံုးျဖစ္ၿပီး ေသဒဏ္ေပးခဲ့ေသာ သာဓကမ်ားစြာလည္း ရွိခဲ့သည္။
အဆိုပါရာဇသတ္ႀကီးပုဒ္မ (၃၇၆) တြင္ “မုဒိမ္းမႈက်ဴးလြန္သူကို တစ္သက္တစ္ကၽြန္းဒဏ္ ျဖစ္ေစ၊ ဆယ္ႏွစ္ထိ ေထာင္ဒဏ္တစ္မ်ိဳးမ်ိဳး ျဖစ္ေစခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္။
မုဒိမ္းက်င့္ခံရေသာ မိန္းမသည္ မိမိ၏မယားျဖစ္၍ အသက္တစ္ဆယ့္ႏွစ္ႏွစ္ေအာက္ မဟုတ္လွ်င္မူကား မုဒိမ္းက်င့္ေသာ ထိုလင္ကို ႏွစ္ႏွစ္ထိ ေထာင္ဒဏ္တစ္ မ်ိဳးမ်ိဳးျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးခ်မွတ္ရမည္”ဟု ပါရွိၿပီး ျဖစ္ေလသည္။
ထို႔အျပင္ လူသတ္မႈပုဒ္မ (၃၀၂) (၁) တြင္လည္း “တစ္သက္တစ္ကၽြန္းဒဏ္ ျဖစ္ေစ၊ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ဆယ္ႏွစ္ျဖစ္ေစ” ခ်မွတ္ရမည္ဟု ပါရွိထားသည္။
၎အျပင္ ရာဇသတ္ႀကီး ပုဒ္မ ၃၉၂ အရ လုယက္မႈကိုက်ဴးလြန္လွ်င္ ေထာင္ဒဏ္ ၁၀ ႏွစ္ က်ခံၾကရမည္ဟု ပါရွိထားရာ ထိုသံုးမ်ိဳးစလံုး ေပါင္းလိုက္ပါက ရာဇသတ္ႀကီးပုဒ္မ ၃၉၆ အရ ေသဒဏ္ ခ်မွတ္ရမည္ျဖစ္သည္။
ပုဒ္မ (၃၉၆) တြင္ “ပစၥည္းလုယက္ ဓားျပမႈကို က်ဴးလြန္ရာတြင္ လူသတ္မႈကိုပါ က်ဴးလြန္ပါက ထိုသူကို ေသဒဏ္ျဖစ္ေစ၊ တစ္သက္တစ္ကၽြန္းဒဏ္ ျဖစ္ေစ၊ အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္ထိျဖစ္ေစ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္”ဟု ပါရွိထားသည္ကို ေတြ႔ၾကရမည္ျဖစ္သည္။
ဆိုလိုရင္းမွာ ထိုသို႔ေသာ ပစၥည္းလုယက္ လူသတ္ မုဒိမ္းမႈက်ဴးလြန္မႈမ်ားကို ေပါင္းၿပီးက်ဴးလြန္မည္ဆိုပါက ယခုအာဏာတည္ေနဆဲ တည္ဆဲရာဇသတ္ႀကီးဥပေဒပါ အထက္ပါျပ႒ာန္းခ်က္မ်ားအရပင္လွ်င္ ေသဒဏ္ခ်မွတ္၍ ရႏိုင္သည္ဟု ေျပာလိုရင္းျဖစ္သည္။
ဥပေဒမ်ားကို ျပင္ရန္မလိုအပ္သလို ထိုအမႈမ်ားအတြက္ အထူးဥပေဒတစ္ရပ္ (Special Law) ထပ္မံ ေရးဆြဲ ျပ႒ာန္းရန္ မလိုေပ။
ထိုအမႈမ်ားအေပၚ စစ္ေဆးစီရင္ၾကသည့္ ကနဦးရဲထံစစ္ေဆးခ်က္ (Police Statement) ယူၾကသည့္ ျပည္ထဲေရးဝန္ထမ္းမ်ားျဖစ္သည့္ ရဲတပ္ဖြဲ႔ဝင္မ်ား၊ ေသမႈေသခင္းပါ ဒဏ္ရာဒဏ္ခ်က္မ်ား စစ္ေဆးအစီရင္ခံၾကမည့္ က်န္းမာေရးဝန္ထမ္း မႈခင္းဆရာဝန္မ်ား၊ အမႈကိုပုဒ္မတပ္ကာ စြဲဆိုတင္ပို႔ၾကမည့္ ေရွ႕ေနခ်ဳပ္႐ံုးေအာက္မွ ေရွ႕ေနမ်ား၊ ဆင္ျခင္တံုတရားျဖင့္ စီရင္ဆံုးျဖတ္ၾကမည့္ တရားေရးဝန္ထမ္းမ်ားအေနႏွင့္သာ ထိုသို႔ရွိၿပီးသား ဥပေဒပါျပ႒ာန္းခ်က္မ်ားကို မ်က္ကြယ္ျပဳၿပီး ဥပေဒကို လက္တစ္လံုးျခားလုပ္ကာ စစ္ေဆးစီရင္ျခင္းမျပဳရန္ အလြန္အေရးႀကီးေနသည့္ အခ်ိန္ကာလ ျဖစ္သည္။
ထိုႏိုင္ငံ့ဝန္ထမ္းမ်ားျဖစ္သည့္ ရဲတပ္ဖြဲ႔ဝင္မ်ား၊ ေဆးဆရာဝန္မ်ား၊ အစိုးရေရွ႕ေနမ်ား၊ တရားသူႀကီးမ်ားအတြက္
“တရားသူႀကီးေကာင္းဟူသည္ တရားမွ်တမႈကို ေဆာင္ၾကဥ္းေပးရမည္ It’s the role of a good judge to enlarge or extend justice” ႏွင့္ ျပစ္မႈက်ဴးလြန္သူတရားခံအတြက္
“ဥပေဒကို ေဖာက္ဖ်က္က်ဴးလြန္သူအေနႏွင့္ ဥပေဒ၏အကာအကြယ္ကို ရယူမည္ဆိုပါက အခ်ည္းႏွီးပင္ျဖစ္လိမ့္မည္ (Law Breaker cannot ask for help of the law)”ဟူသည့္
တရားေရးေဆာင္ပုဒ္လည္း ရွိေနသည္ကို အားလံုးသတိခ်ပ္ၾကရမည္ ျဖစ္သည္။
တရားဥပေဒမ်ားႏွင့္ ပတ္သက္လာလွ်င္ ဖြဲ႔စည္းပံုအေျခခံဥပေဒ၏ အခန္း (၈)၊ ႏိုင္ငံသား၊ ႏိုင္ငံသားမ်ား၏ မူလအခြင့္အေရးႏွင့္ တာဝန္မ်ားအခန္းပါ ပုဒ္မ (၃၄၇) တြင္
“ႏိုင္ငံေတာ္သည္ မည္သူ႔ကိုမဆို ဥပေဒအရာတြင္ တန္းတူညီမွ် အခြင့္အေရး ရရွိေစရမည္၊ ထို႔ျပင္ ဥပေဒ၏အကာအကြယ္ကိုလည္း တန္းတူညီမွ်စြာ ရယူပိုင္ခြင့္ ေပးရမည္ဟုလည္းေကာင္း၊ ပုဒ္မ (၃၄၈) တြင္ ႏိုင္ငံေတာ္သည္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၏ မည္သည့္ႏိုင္ငံသားကိုမွ် လူမ်ိဳး၊ ဇာတိ၊ ကိုးကြယ္ရာဘာသာ၊ ရာထူးဌာနႏၲရ၊ အဆင့္အတန္း၊ ယဥ္ေက်းမႈ၊ အမ်ိဳးသား၊ အမ်ိဳးသမီး၊ ဆင္းရဲခ်မ္းသာတို႔ကို အေၾကာင္းျပဳ၍ ခြဲျခားမႈမရွိေစရဟုလည္းေကာင္း။ ပုဒ္မ (၃၅၁) တြင္ မိခင္မ်ား၊ ကေလးသူငယ္မ်ားႏွင့္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးမ်ားသည္ ဥပေဒအရ သတ္မွတ္ထားေသာ သက္ဆိုင္ရာအခြင့္အေရးမ်ားကို အညီအမွ် ခံစားခြင့္ရွိေစရမည္”ဟု လည္းေကာင္း ထည့္သြင္းျပ႒ာန္းထားသည္။
ထိုသို႔ဆိုလွ်င္ ဥပေဒပါျပ႒ာန္းခ်က္မ်ားကို အေကာင္အထည္ေဖာ္ စစ္ေဆးစီရင္ၾကရာတြင္ ဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားအတိုင္း တိတိက်က် ေဆာင္႐ြက္ၾကရမည္ျဖစ္သည္။
ယခုေနာက္ပိုင္း ကာလမ်ားတြင္လည္း ျပည္သူအမ်ားႏွင့္သက္ဆိုင္သည့္ ဥပေဒမ်ား ေရးဆြဲျပ႒ာန္းၾကေတာ့မည္ဆိုလွ်င္လည္း ျပည္သူမ်ား ဆႏၵသေဘာထားမ်ား ပါဝင္ထည့္သြင္းရန္ မ်ားစြာလိုအပ္ေလသည္။
ဥပေဒၾကမ္းအဆင့္ေရးဆြဲသည့္ျဖစ္စဥ္ (Law Drafting System) လုပ္ငန္းစဥ္မ်ားသည္ ဖြဲ႔စည္းပံုအေျခခံဥပေဒတြင္ မပါရွိသည့္အပိုင္းျဖစ္ေနၿပီး အေျခခံဥပေဒတြင္ပါဝင္သည့္ ဥပေဒျပဳေရးျဖစ္စဥ္ (Law Making Process) အရဆိုလွ်င္ ဥပေဒတစ္ခုကို အဓိကကိုင္တြယ္က်င့္သံုးမည့္ သက္ဆိုင္ရာဝန္ႀကီးက သူ႔ဘာသာ မူၾကမ္းေရးဆြဲၾက၊ ၎အေပၚ ေရွ႕ေနခ်ဳပ္႐ံုးက ဥပေဒေရးရာ အႀကံဉာဏ္မ်ားျဖစ္သည့္ ျပ႒ာန္းခ်က္မ်ား ေရွ႕ေနာက္ညီၫြတ္မႈ ရွိ မရွိ (Relevant)၊ ေရးထံုးမွန္မမွန္ (Law Drafting System)၊ သတ္ပံုသတ္ၫြန္း (Procedure) သာ စိစစ္ၿပီး ဒီအေပၚ အစိုးရအဖြဲ႔ကလည္း အတည္ျပဳလိုက္လွ်င္ပင္ ဥပေဒမူၾကမ္း အဆင့္ (Draft) ျဖစ္လာၿပီး ျပည္ေထာင္စုလႊတ္ေတာ္သို႔ ဥပေဒၾကမ္း (Bill) အျဖစ္ တင္ပို႔ၾကရေလ့ရွိေနေလသည္။
ဆိုလိုခ်င္သည္မွာ ထိုအဆင့္ထိ ျပည္သူ႔အသံမ်ား ပါဝင္ၾကရျခင္း၊ ပါဝင္ခြင့္ရျခင္း မရွိၾကေသးေပ။
သို႔ေသာ္လည္း သက္ဆိုင္ရာဝန္ႀကီးဌာနကမူ ထိုအခ်က္အေပၚ အေလးထားၿပီး ဥပေဒမူၾကမ္း (Draft) အဆင့္မွာကတည္းကပင္ အခ်ဳပ္အျခာအာဏာ၏ မူလပိုင္ရွင္မ်ားျဖစ္သည့္ ျပည္သူမ်ားအတြင္း ႀကိဳႀကိဳတင္တင္ အႀကံဉာဏ္မ်ား ရယူရန္ သတင္းစာရွင္းလင္းပြဲမ်ား ျပဳလုပ္ၿပီး မီဒီယာမ်ားမွတစ္ဆင့္ ျဖန္႔ျဖဴးေၾကညာၾကလွ်င္ ပို၍ပင္ အဆင္ေျပႏိုင္သည္။
ပို၍ပင္ ေကာင္းမြန္ျပည့္စံုသည့္ ဥပေဒေကာင္းတစ္ရပ္ ေပၚထြက္လာႏိုင္သည္။
ယခင္အစိုးရ လက္ထက္ျပ႒ာန္းခဲ့သည့္ ဥပေဒအခ်ိဳ႕တြင္ ထိုအျဖစ္မ်ိဳးမ်ားရွိခဲ့ဖူးသည္။
သို႔ေသာ္ ယင္းအခ်က္မွာမူ အေျခခံဥပေဒထဲတြင္ မပါဝင္သလို ဥပေဒျပဳေရး လုပ္ငန္းစဥ္အထဲတြင္လည္း ျပဳလုပ္ၾကရမည္ဟူသည့္ ျပ႒ာန္းခ်က္မ်ိဳးမ်ား မေတြ႔ရွိရေသးေခ်။
ယေန႔အခ်ိန္အထိ လုပ္ေလ့လုပ္ထရွိသည့္ ဥပေဒျပဳေရးျဖစ္စဥ္အရဆိုလွ်င္ ဥပေဒၾကမ္း (Bill) ကို ျပည္ေထာင္စုအစိုးရအဖြဲ႔မွတစ္ဆင့္ လႊတ္ေတာ္သို႔ ေပးပို႔ၿပီး လႊတ္ေတာ္သို႔ ေရာက္ရွိ စတင္ေဆြးေႏြးခ်ိန္ခါနီးမွသာ ႏိုင္ငံေတာ္ျပန္တမ္းတြင္ ထည့္သြင္းေၾကညာကာ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္သာ “ျပည္သူအမ်ား ေလ့လာအႀကံျပဳႏိုင္ရန္ ေဖာ္ျပျခင္းျဖစ္ပါသည္”ဟု အမည္တပ္ကာ ေဖာ္ျပၾကေလ့ရွိသည္။
ျပည္သူမ်ားက အႀကံဉာဏ္မ်ား ေပးပို႔ၾကရသည္ ဆိုေစကာမူ လႊတ္ေတာ္အတြင္း ထည့္သြင္းကာ ေဆြးေႏြးျပင္ဆင္ျပ႒ာန္းမႈမ်ား ရွိ မရွိ ဟူသည့္အခ်က္မွာလည္း မည္သူကမွ် မသိမျမင္ၾကရေပ။
အမွန္ဆိုရလွ်င္ ျပည္သူမ်ားအတြက္ က်င့္သံုးမည့္ဥပေဒမ်ားသည္ ျပည္သူမ်ား၏ ဆႏၵသေဘာထားမ်ား အမ်ားဆံုး ထင္ဟပ္ေနသင့္သည္။
ဥပေဒဆိုသည္မွာ အုပ္ခ်ဳပ္သူအစိုးရႏွင့္ အုပ္ခ်ဳပ္ခံျပည္သူမ်ားအၾကား အျပန္ျပန္ အလွန္လွန္ ကတိျပဳခ်ဳပ္ဆိုထားၾကသည့္ စာခ်ဳပ္ႀကီးတစ္ခု (Contract) သာလွ်င္ ျဖစ္သည္ဟု ဥပေဒပညာရွင္ႀကီးတစ္ဦးက ဆိုခဲ့ဖူးသည္။
ထိုသို႔ ျပည္သူမ်ား၏အသံ ဆႏၵအမ်ားအျပားပါဝင္သည့္ ဥပေဒေကာင္းတစ္ရပ္ ေပၚေပါက္လာၿပီး ေနာက္ပိုင္းက်ဴးလြန္လာသည့္ ျပစ္မႈမ်ားအေပၚတြင္လည္း တရားစီရင္ေရးမ႑ိဳင္အေနႏွင့္ ႏိုင္ငံေတာ္၏ အေျခခံမူမ်ားအခန္းပါ ပုဒ္မ (၁၉) (ခ) တြင္ ပါရွိသည့္
“ဥပေဒအရ ကန္႔သတ္ခ်က္မ်ားမွအပ ျပည္သူ႔ေရွ႕ေမွာက္တြင္ တရားစီရင္ေရး...”
ဟူသည့္ တရားစီရင္ေရးမူမ်ား ျပ႒ာန္းခ်က္ပါရွိသည္ႏွင့္အညီ တတ္ႏိုင္သမွ် ပြင့္လင္းျမင္သာမႈရွိစြာ၊ ဘက္လိုက္မႈကင္းစြာ၊ အဂတိတရားကင္းစြာ တရားစီရင္ၾကရမည္ျဖစ္သည္။
သို႔မွသာ တရားဥပေဒဆိုသည့္အရာကို ျပည္သူအမ်ားက ေလးစားလိုက္နာတတ္လာၿပီး ေၾကာက္ရြံ႕မႈတရား ကိန္းေအာင္းကာ ဥပေဒမ်ားအေပၚ ေလးစားလိုက္နာတတ္လာၿပီး ဥပေဒအကာအကြယ္ကိုလည္း ျပည္သူအမ်ားက ခံစားစံစားၾကရမည္သာ ျဖစ္သည္။
ထို႔အတြက္ အခ်ဳပ္အားျဖင့္ အထက္ပါအခ်က္မ်ားအေပၚ နိဂံုးခ်ဳပ္ ေကာက္ခ်က္ဆြဲရလွ်င္ ယေန႔အခ်ိန္တြင္ လက္ရဲဇက္ရဲက်ဴးလြန္လာၾကသည့္ မုဒိမ္းက်င့္ လူသတ္၊ ပစၥည္းလုယက္မႈမ်ားအတြက္ လာမည့္ကာလမ်ားတြင္ အမႈအခင္းမ်ား ေလ်ာ့ပါးေစေရး၊ ႏိုင္ငံသားတိုင္း အေျခခံဥပေဒပါ ႏိုင္ငံသားတစ္ဦး၏ အခြင့္အေရးအတိုင္း ဥပေဒ၏ အကာအကြယ္ရရွိေရးအတြက္ လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီစံႏႈန္းမ်ားကို ထည့္သြင္းတြက္ခ်က္ စဥ္းစားၿပီး ဥပေဒပါျပ႒ာန္းခ်က္မ်ားအတိုင္း တိတိပပ တရားစီရင္ေရး၊ ဥပေဒမ်ားသည္လည္း ေခတ္စနစ္ႏွင့္မညီပါက ျပည္သူမ်ား၏ဆႏၵကို ရႏိုင္သမွ်ရယူၿပီး ျပင္ဆင္ျပ႒ာန္းေပးေရးမ်ားကို ေျပာင္းလဲလာသည့္ ေခတ္စနစ္အခ်ိန္အခါႏွင့္ လိုက္ေလ်ာညီေထြက်စြာ လိုက္ပါေဆာင္႐ြက္ၾကေစလိုပါေၾကာင္း စိတ္ေကာင္းေစတနာျဖင့္ ေရးသားလိုက္ရပါသည္။
ေအာင္ေဇယ်
The Voice
(Unicode)

မုဒိမ်းကျင့် လူသတ် ပစ္စည်းလုယက်မှုတွေအတွက် ပြစ်ဒဏ်က ဘာဖြစ်နိုင်မလဲ

ယခုလပိုင်းအတွင်း မုဒိမ်းကျင့် လူသတ်၊ ပစ္စည်းလုယက်မှုများ ဖြစ်ပွားခဲ့ခြင်းနှင့်အတူ ပြည်သူအများကလည်း ထိုအမှုများနှင့် ပတ်သက်ပြီး ထိရောက်သည့်ပြစ်ဒဏ်များ ပြင်ဆင်သတ်မှတ်ကာ ထိုအမှုများ လျော့နည်းပပျောက်စေရေး ဆောင်ရွက်ပေးသင့်ကြောင်း ပြောဆိုနေကြသည်။
ထိုမုဒိမ်းကျင့် လူသတ်ပစ္စည်းလုယူအမှုအတွက် ပေးသင့်သည့် သေဒဏ် ပြစ်ဒဏ်ချမှတ်ပြီးပါကလည်း အမှန်တကယ် သေဒဏ်ပေးရေး၊ မရွှေရည်ဝင်းဖြစ်စဉ်ကို နမူနာထားပြီး မုဒိမ်းမှုများ ထပ်မံမပေါ်ပေါက်ရေး၊ အခြားမိန်းကလေးငယ်များလည်း ထိုကဲ့သို့ အဖြစ်ဆိုးများ ထပ်မံမကြုံတွေ့စေရေးအတွက် အဆိုပါအမှုလိုအမှုများ သေဒဏ်ပေးရေးလှုပ်ရှားမှုကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ကြသည်။
ထိုကဲ့သို့ လူသတ်မုဒိမ်းကျင့်မှု၊ ပစ္စည်းလုယက်မှုများနှင့် ပတ်သက်ပြီး တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို လေ့လာကြည့်လျှင် လူသတ်မှုအခန်းပါ ရာဇသတ်ကြီးပုဒ်မ (၃၀၂) (၁) နှင့် မုဒိမ်းမှု အခန်းပါ ပုဒ်မ (၃၇၅) နှင့် ၎င်းအတွက် ပြစ်ဒဏ်ပါပုဒ်မ (၃၇၆) ပါ ပြဋ္ဌာန်းချက်၊ ပုဒ်မ (၃၉၂) ပါ လုယက်မှုတို့အရ ဆိုလျှင်လည်း၊ တစ်သက်တစ်ကျွန်းဒဏ်နှင့် သေဒဏ်မှတစ်ပါး အခြားမရှိနိုင်ပေ။
ထိုအမှုများကို တရားစီရင်ခဲ့ဖူးသည့် စီရင်ထုံးများလည်း တိတိကျကျ ရှိပြီးဖြစ်သည်။
ထိုစီရင်ထုံးမှာ မောင်စံညွန့်နှင့် နိုင်ငံတော်ဥပဒေ စီရင်ထုံးဖြစ်ပြီး သေဒဏ်ပေးခဲ့သော သာဓကများစွာလည်း ရှိခဲ့သည်။
အဆိုပါရာဇသတ်ကြီးပုဒ်မ (၃၇၆) တွင် “မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
မုဒိမ်းကျင့်ခံရသော မိန်းမသည် မိမိ၏မယားဖြစ်၍ အသက်တစ်ဆယ့်နှစ်နှစ်အောက် မဟုတ်လျှင်မူကား မုဒိမ်းကျင့်သော ထိုလင်ကို နှစ်နှစ်ထိ ထောင်ဒဏ်တစ် မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးချမှတ်ရမည်”ဟု ပါရှိပြီး ဖြစ်လေသည်။
ထို့အပြင် လူသတ်မှုပုဒ်မ (၃၀၂) (၁) တွင်လည်း “တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဆယ်နှစ်ဖြစ်စေ” ချမှတ်ရမည်ဟု ပါရှိထားသည်။
၎င်းအပြင် ရာဇသတ်ကြီး ပုဒ်မ ၃၉၂ အရ လုယက်မှုကိုကျူးလွန်လျှင် ထောင်ဒဏ် ၁၀ နှစ် ကျခံကြရမည်ဟု ပါရှိထားရာ ထိုသုံးမျိုးစလုံး ပေါင်းလိုက်ပါက ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ သေဒဏ် ချမှတ်ရမည်ဖြစ်သည်။
ပုဒ်မ (၃၉၆) တွင် “ပစ္စည်းလုယက် ဓားပြမှုကို ကျူးလွန်ရာတွင် လူသတ်မှုကိုပါ ကျူးလွန်ပါက ထိုသူကို သေဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ထိဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်”ဟု ပါရှိထားသည်ကို တွေ့ကြရမည်ဖြစ်သည်။
ဆိုလိုရင်းမှာ ထိုသို့သော ပစ္စည်းလုယက် လူသတ် မုဒိမ်းမှုကျူးလွန်မှုများကို ပေါင်းပြီးကျူးလွန်မည်ဆိုပါက ယခုအာဏာတည်နေဆဲ တည်ဆဲရာဇသတ်ကြီးဥပဒေပါ အထက်ပါပြဋ္ဌာန်းချက်များအရပင်လျှင် သေဒဏ်ချမှတ်၍ ရနိုင်သည်ဟု ပြောလိုရင်းဖြစ်သည်။
ဥပဒေများကို ပြင်ရန်မလိုအပ်သလို ထိုအမှုများအတွက် အထူးဥပဒေတစ်ရပ် (Special Law) ထပ်မံ ရေးဆွဲ ပြဋ္ဌာန်းရန် မလိုပေ။
ထိုအမှုများအပေါ် စစ်ဆေးစီရင်ကြသည့် ကနဦးရဲထံစစ်ဆေးချက် (Police Statement) ယူကြသည့် ပြည်ထဲရေးဝန်ထမ်းများဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ၊ သေမှုသေခင်းပါ ဒဏ်ရာဒဏ်ချက်များ စစ်ဆေးအစီရင်ခံကြမည့် ကျန်းမာရေးဝန်ထမ်း မှုခင်းဆရာဝန်များ၊ အမှုကိုပုဒ်မတပ်ကာ စွဲဆိုတင်ပို့ကြမည့် ရှေ့နေချုပ်ရုံးအောက်မှ ရှေ့နေများ၊ ဆင်ခြင်တုံတရားဖြင့် စီရင်ဆုံးဖြတ်ကြမည့် တရားရေးဝန်ထမ်းများအနေနှင့်သာ ထိုသို့ရှိပြီးသား ဥပဒေပါပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြုပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ကာ စစ်ဆေးစီရင်ခြင်းမပြုရန် အလွန်အရေးကြီးနေသည့် အချိန်ကာလ ဖြစ်သည်။
ထိုနိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ရဲတပ်ဖွဲ့ဝင်များ၊ ဆေးဆရာဝန်များ၊ အစိုးရရှေ့နေများ၊ တရားသူကြီးများအတွက်
“တရားသူကြီးကောင်းဟူသည် တရားမျှတမှုကို ဆောင်ကြဉ်းပေးရမည် It’s the role of a good judge to enlarge or extend justice” နှင့် ပြစ်မှုကျူးလွန်သူတရားခံအတွက်
“ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူအနေနှင့် ဥပဒေ၏အကာအကွယ်ကို ရယူမည်ဆိုပါက အချည်းနှီးပင်ဖြစ်လိမ့်မည် (Law Breaker cannot ask for help of the law)”ဟူသည့်
တရားရေးဆောင်ပုဒ်လည်း ရှိနေသည်ကို အားလုံးသတိချပ်ကြရမည် ဖြစ်သည်။
တရားဥပဒေများနှင့် ပတ်သက်လာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်းပါ ပုဒ်မ (၃၄၇) တွင်
“နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်၊ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့် ပေးရမည်ဟုလည်းကောင်း၊ ပုဒ်မ (၃၄၈) တွင် နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟုလည်းကောင်း။ ပုဒ်မ (၃၅၁) တွင် မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရ သတ်မှတ်ထားသော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှ ခံစားခွင့်ရှိစေရမည်”ဟု လည်းကောင်း ထည့်သွင်းပြဋ္ဌာန်းထားသည်။
ထိုသို့ဆိုလျှင် ဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် စစ်ဆေးစီရင်ကြရာတွင် ဥပဒေများပါ ပြဋ္ဌာန်းချက်များအတိုင်း တိတိကျကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုနောက်ပိုင်း ကာလများတွင်လည်း ပြည်သူအများနှင့်သက်ဆိုင်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းကြတော့မည်ဆိုလျှင်လည်း ပြည်သူများ ဆန္ဒသဘောထားများ ပါဝင်ထည့်သွင်းရန် များစွာလိုအပ်လေသည်။
ဥပဒေကြမ်းအဆင့်ရေးဆွဲသည့်ဖြစ်စဉ် (Law Drafting System) လုပ်ငန်းစဉ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါရှိသည့်အပိုင်းဖြစ်နေပြီး အခြေခံဥပဒေတွင်ပါဝင်သည့် ဥပဒေပြုရေးဖြစ်စဉ် (Law Making Process) အရဆိုလျှင် ဥပဒေတစ်ခုကို အဓိကကိုင်တွယ်ကျင့်သုံးမည့် သက်ဆိုင်ရာဝန်ကြီးက သူ့ဘာသာ မူကြမ်းရေးဆွဲကြ၊ ၎င်းအပေါ် ရှေ့နေချုပ်ရုံးက ဥပဒေရေးရာ အကြံဉာဏ်များဖြစ်သည့် ပြဋ္ဌာန်းချက်များ ရှေ့နောက်ညီညွတ်မှု ရှိ မရှိ (Relevant)၊ ရေးထုံးမှန်မမှန် (Law Drafting System)၊ သတ်ပုံသတ်ညွန်း (Procedure) သာ စိစစ်ပြီး ဒီအပေါ် အစိုးရအဖွဲ့ကလည်း အတည်ပြုလိုက်လျှင်ပင် ဥပဒေမူကြမ်း အဆင့် (Draft) ဖြစ်လာပြီး ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်း (Bill) အဖြစ် တင်ပို့ကြရလေ့ရှိနေလေသည်။
ဆိုလိုချင်သည်မှာ ထိုအဆင့်ထိ ပြည်သူ့အသံများ ပါဝင်ကြရခြင်း၊ ပါဝင်ခွင့်ရခြင်း မရှိကြသေးပေ။
သို့သော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနကမူ ထိုအချက်အပေါ် အလေးထားပြီး ဥပဒေမူကြမ်း (Draft) အဆင့်မှာကတည်းကပင် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များဖြစ်သည့် ပြည်သူများအတွင်း ကြိုကြိုတင်တင် အကြံဉာဏ်များ ရယူရန် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး မီဒီယာများမှတစ်ဆင့် ဖြန့်ဖြူးကြေညာကြလျှင် ပို၍ပင် အဆင်ပြေနိုင်သည်။
ပို၍ပင် ကောင်းမွန်ပြည့်စုံသည့် ဥပဒေကောင်းတစ်ရပ် ပေါ်ထွက်လာနိုင်သည်။
ယခင်အစိုးရ လက်ထက်ပြဋ္ဌာန်းခဲ့သည့် ဥပဒေအချို့တွင် ထိုအဖြစ်မျိုးများရှိခဲ့ဖူးသည်။
သို့သော် ယင်းအချက်မှာမူ အခြေခံဥပဒေထဲတွင် မပါဝင်သလို ဥပဒေပြုရေး လုပ်ငန်းစဉ်အထဲတွင်လည်း ပြုလုပ်ကြရမည်ဟူသည့် ပြဋ္ဌာန်းချက်မျိုးများ မတွေ့ရှိရသေးချေ။
ယနေ့အချိန်အထိ လုပ်လေ့လုပ်ထရှိသည့် ဥပဒေပြုရေးဖြစ်စဉ်အရဆိုလျှင် ဥပဒေကြမ်း (Bill) ကို ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် လွှတ်တော်သို့ ပေးပို့ပြီး လွှတ်တော်သို့ ရောက်ရှိ စတင်ဆွေးနွေးချိန်ခါနီးမှသာ နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာကာ နိုင်ငံပိုင်သတင်းစာများတွင်သာ “ပြည်သူအများ လေ့လာအကြံပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်”ဟု အမည်တပ်ကာ ဖော်ပြကြလေ့ရှိသည်။
ပြည်သူများက အကြံဉာဏ်များ ပေးပို့ကြရသည် ဆိုစေကာမူ လွှတ်တော်အတွင်း ထည့်သွင်းကာ ဆွေးနွေးပြင်ဆင်ပြဋ္ဌာန်းမှုများ ရှိ မရှိ ဟူသည့်အချက်မှာလည်း မည်သူကမျှ မသိမမြင်ကြရပေ။
အမှန်ဆိုရလျှင် ပြည်သူများအတွက် ကျင့်သုံးမည့်ဥပဒေများသည် ပြည်သူများ၏ ဆန္ဒသဘောထားများ အများဆုံး ထင်ဟပ်နေသင့်သည်။
ဥပဒေဆိုသည်မှာ အုပ်ချုပ်သူအစိုးရနှင့် အုပ်ချုပ်ခံပြည်သူများအကြား အပြန်ပြန် အလှန်လှန် ကတိပြုချုပ်ဆိုထားကြသည့် စာချုပ်ကြီးတစ်ခု (Contract) သာလျှင် ဖြစ်သည်ဟု ဥပဒေပညာရှင်ကြီးတစ်ဦးက ဆိုခဲ့ဖူးသည်။
ထိုသို့ ပြည်သူများ၏အသံ ဆန္ဒအများအပြားပါဝင်သည့် ဥပဒေကောင်းတစ်ရပ် ပေါ်ပေါက်လာပြီး နောက်ပိုင်းကျူးလွန်လာသည့် ပြစ်မှုများအပေါ်တွင်လည်း တရားစီရင်ရေးမဏ္ဍိုင်အနေနှင့် နိုင်ငံတော်၏ အခြေခံမူများအခန်းပါ ပုဒ်မ (၁၉) (ခ) တွင် ပါရှိသည့်
“ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး...”
ဟူသည့် တရားစီရင်ရေးမူများ ပြဋ္ဌာန်းချက်ပါရှိသည်နှင့်အညီ တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိစွာ၊ ဘက်လိုက်မှုကင်းစွာ၊ အဂတိတရားကင်းစွာ တရားစီရင်ကြရမည်ဖြစ်သည်။
သို့မှသာ တရားဥပဒေဆိုသည့်အရာကို ပြည်သူအများက လေးစားလိုက်နာတတ်လာပြီး ကြောက်ရွံ့မှုတရား ကိန်းအောင်းကာ ဥပဒေများအပေါ် လေးစားလိုက်နာတတ်လာပြီး ဥပဒေအကာအကွယ်ကိုလည်း ပြည်သူအများက ခံစားစံစားကြရမည်သာ ဖြစ်သည်။
ထို့အတွက် အချုပ်အားဖြင့် အထက်ပါအချက်များအပေါ် နိဂုံးချုပ် ကောက်ချက်ဆွဲရလျှင် ယနေ့အချိန်တွင် လက်ရဲဇက်ရဲကျူးလွန်လာကြသည့် မုဒိမ်းကျင့် လူသတ်၊ ပစ္စည်းလုယက်မှုများအတွက် လာမည့်ကာလများတွင် အမှုအခင်းများ လျော့ပါးစေရေး၊ နိုင်ငံသားတိုင်း အခြေခံဥပဒေပါ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးအတိုင်း ဥပဒေ၏ အကာအကွယ်ရရှိရေးအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို ထည့်သွင်းတွက်ချက် စဉ်းစားပြီး ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း တိတိပပ တရားစီရင်ရေး၊ ဥပဒေများသည်လည်း ခေတ်စနစ်နှင့်မညီပါက ပြည်သူများ၏ဆန္ဒကို ရနိုင်သမျှရယူပြီး ပြင်ဆင်ပြဋ္ဌာန်းပေးရေးများကို ပြောင်းလဲလာသည့် ခေတ်စနစ်အချိန်အခါနှင့် လိုက်လျောညီထွေကျစွာ လိုက်ပါဆောင်ရွက်ကြစေလိုပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားလိုက်ရပါသည်။
အောင်ဇေယျ
The Voice

,

Download blog apk


အဆင္ေျပပါေစမိတ္ေဆြ မဂၤလာပါ မိတ္ေဆြမ်ားကိုႀကိဳဆိုပါတယ္ခင္ဗ်ာ

သုတရသနည္းပညာေဆာ့၀ဲအားေဒါင္းယူရန္-download Apk-ဆိုတဲ့ပံုေလးကိုႏိွပ္ၿပီးေဒါင္းႏိူင္ပါတယ္ -၀ါသနာတူေဘာ္ဒါမ်ားကိုႀကိဳဆိုပါတယ္

က်ြန္ေတာ့္APKေလးကိုေဒါင္းေလာ့လုပ္ၿပီးအားေပးၾကပါဦးေနာ္

iOS

data lable="ios"

Business

လည္ပတ္ရန္ေနရာေလး

နည္းပညာႏွင့္ပတ္သက္ေသာစာအုပ္မ်ားကိုေဒါင္းယူႏိူင္ပါသည္

Sponsor

Contact Form

Name

Email *

Message *

Facebook ဆိုင္ရာနည္းလမ္းမ်ား

အသစ္တင္သမွ်ေမလ္းကရေစရန္ေမလ္းလိပ္စာခ်န္ခဲ့ေပးပါ

,

မူပိုင္-စိုးမိုးေအာင္ (၂၀၁၄ ခုႏွစ္မွစတင္၍ဝါသနာအရေရးသားခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ျပန္လည္ေရးသားခဲ့ပါသည္ . Powered by Blogger.

,

Ads

,

Ads

Total Pageviews

Post Top Ad

Post Top Ad

ေၾကာ္ျငာေလးတခ်က္ကလစ္ေပးပါေနာ္

Breaking

Technology

3/Tech/feat-grid

Facebook မွလည္းဖတ္႐ႈ႕ႏိူင္ပါတယ္

Random Posts

Recent Posts

ယေန႔ေငြေေျကးေဈးကြက္

Extra Ads

ေျကာ္ျငာထည့္သြင္းရန္

Followers

,


လာေရာက္လည္ပတ္သူအေပါင္းစိတ္ခ်မ္းသာကိုယ္က်န္းမာရွိၾကပါေစ

ဘေလာ့နည္းပညာမ်ားေလ့လာရန္

Create your own banner at mybannermaker.com!

Follow Me

မိတ္ေဆြတို႔ရဲ႕စကားသံမ်ား

အားေပးမႈကိုမွတ္တမ္းတင္ထားပါတယ္ခင္ဗ်ာ

Sports

3/Sports/col-left

Recent Comments

Technology

3/Technology/col-right

Box

ေန႔တိုင္းလာလည္ဖို႔ဖိတ္ေခၚပါတယ္ ရွာေဖြေတြ႕ရိွသမွ်ေလးေတြ, သတင္း, သုတ, ရသ, နည္းပညာမ်ားကိုတင္ဆက္ေပးသြားပါ့မယ္ အားေပးမႈကိုအထူးပင္ေက်းဇူးတင္ရိွပါတယ္

Popular Posts

slider