Tuesday, September 11, 2018


လူတွေ ခဏခဏ ပြောကြတာက သူများထက် ခေါင်းတလုံးသာချင်တယ်ဆိုတဲ့ အကြောင်းပါ။ သူများထက် လုပ်ချင်တယ်၊ ကိုင်ချင်တယ်၊ ပိုတော်ချင်တယ်၊ ပိုအောင်မြင်ချင်တယ် ပေါ့ဗျာ။ အခြားလူတွေထက် ပိုတော်အောင်၊ ပိုထက်အောင် လုပ်ချင်ရင်တော့ သူများတွေ မလုပ်တဲ့ နည်းလမ်းတွေကို ကျင့်သုံးတတ်ဖို့ လိုပါတယ်။ ကျွန်တော် ဖတ်မှတ်လို့ရသမျှ နည်းလမ်းလေးတွေ မျှဝေလိုက်ပါတယ်။

၁။ လက်ရှိအခြေအနေကို သိပါ။

ကိုယ့်ဘဝဟာ ပကတိဘယ်လိုအခြေအနေမှာ ရောက်နေတယ်၊ ကိုယ့်စိတ်ဟာ လက်ရှိ ဘယ်လို အခြေအနေ ရှိတယ်၊ ကိုယ့်ဘဝမှာ ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။ ကိုယ် ဘယ်လိုအခြေအနေရောက်နေတယ်ဆိုတာ မသိခဲ့ဘူးဆိုရင် ဘယ်အခြေအနေထိ ရောက်အောင် ဆက်သွားရမယ်၊ ဘယ်လောက်ကြိုးစား အားထုတ်ရမယ်ဆိုတာလည်း သိမှာမဟုတ်ပါဘူး။ ဘယ်လောက် ဆက်သွားရမယ်ဆိုတာ မသိရင် အခြားသူတွေထက် ကိုယ်သာမသာဆိုတာလည်း တိုင်းတာလို့မရတော့ပါဘူး။ ခေါင်းတလုံးသာဖို့ မဆိုနဲ့ဦး၊ ကိုယ်တောင်မှ ဘယ်ရောက်မှန်းမသိ ဖြစ်နေမှာပါ။ ဒီတော့ ကိုယ် ဘယ်အခြေအနေ၊ ဘယ်အဆင့်အတန်း၊ ဘယ်ရာထူး၊ ဘယ်လောက်လစာ၊ ဘယ်လောက်သုံးငွေ၊ ဘယ်လောက်စုငွေ စတာတွေကို သိထားဖို့လိုပါတယ်။ ဒါတွေသိထားရင် ဘယ်လောက်ဆက်သွားရမယ်ဆိုတာ ပေါ်လာပါပြီ။  နောက်တခုက လက်ရှိ စိတ်အခြေအနေပါ။ ကိုယ့်ရဲ့ စိတ်အခြေအနေက အတိတ်(သို့) အနာဂတ်မှာ ပဲရှိပြီး လက်ရှိအချိန်ကို စိတ်မကပ်နိုင်ရင်တော့ အာရုံစူးစိုက်ဖို့ ခက်ပါလိမ့်မယ်။ အာရုံမှ မစူးစိုက်နိုင်ရင် အောင်မြင်အောင် ကြိုးစားဖို့ဆို ပိုခက်ပါလိမ့်မယ်။ သူတပါးထက် သာချင်ရင် လက်ရှိ စိတ်အခြေအနေကို လက်ရှိအနေအထားနဲ့ ကိုက်ညီအောင် ထားတတ်ဖို့ လိုပါတယ်။

နောက် အရေးကြီးတာကတော့ အိပ်မက်ပန်းတိုင်ပါ။ ကိုယ်ဘဝမှာ ဘာလိုချင်တယ် ဘာဖြစ်ချင်တယ်ဆိုတာ သေသေချာချာ မသိထားရင် ကိုယ်သူများထက် ခေါင်းတလုံးသာအောင် ကြိုးစားလည်း အချည်းနှီးပါပဲ။ မလိုအပ်တဲ့ နေရာမှာ ခေါင်းတလုံးသွားသာသလို ဖြစ်နေမှာပါ။ ကိုယ်က Engineer ဖြစ်ချင်ပြီး ဆေးပညာမှာ သူတပါးထက် တော်အောင်လုပ်နေရင် အချိန်ကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကိုယ်တကယ် ဘာဖြစ်ချင်တယ်ဆိုတာ သိအောင်လုပ်ပါ။ အချို့က ဝန်ထမ်းဘဝမှာ လစာနဲ့ ရာထူးတက်ဖို့အတွက်ပဲ ဦးစားပေးနေကြပါတယ်။ အချိန်နှောင်းတော့မှ ကိုယ်လုပ်ချင်တာ မလုပ်ဖြစ်ခဲ့လို့ နောင်တရတတ်ကြပါတယ်။ ကျွန်တော့်ကို စာဖတ်မိတ်ဆွေတွေက ဘဝ အခက်အခဲတွေ မေးကြရင် အများဆုံး မေးတာတခုက “ဆရာ၊ ကျွန်တော် ဘယ်အလုပ် လျှောက်ရမလဲ။ ဆရာ၊ ကျွန်မ ဘယ်သင်တန်း တက်ရမလဲ” စသဖြင့် မေးတတ်ပါတယ်။ ဒီလို မေးတိုင်း ကျွန်တော်ကတော့ ကိုယ်ဘာဖြစ်ချင်သလဲ အရင်ပြန်မေးပါတယ်။ ပြီးမှ တက်သင့်တဲ့ သင်တန်းတွေ၊ အလုပ်တွေ အကြံပေးဖြစ်ပါတယ်။ လူတော်တော်များများ ကိုယ်တကယ် ဘာဖြစ်ချင်တယ်ဆိုတာ အမှန်တကယ် ရှင်းရှင်းလင်းလင်း မသိတာ များပါတယ်။ တခါတလေကျတော့လည်း သိပေမယ့် ထုတ်မပြောတာကြာတော့ ပြောထွက်ဖို့ ဆွံ့အနေတတ်ပါတယ်။ ဒီတော့ သူတပါးထက် သာချင်ရင် ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ အရင်ရှင်းရှင်းလင်းလင်း သိပြီးမှ သာဖို့ ဆက်ကြိုးစားပါ။

၂။ သင်ယူလေ့လာပါ။

လေ့လာခြင်း၊ သင်ယူခြင်းဟာ သူတပါးထက် သာဖို့ အရေးကြီးတဲ့ အချက်ပါ။ ကိုယ်မလေ့လာ မသင်ယူပဲနဲ့ အခြားသူထက် သာမသွားပါဘူး။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိပြီဆိုရင် ဘယ်ဟာကို လေ့လာရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လာပါလိမ့်မယ်။ ဒီအရာတွေကို အချိန်ပိုပေးပြီး လေ့လာလိုက်ပါ။ စမ်းစစ် လေ့လာသူတွေကတော့ ပညာရပ်တခုခုကို နာရီ ၁ သောင်းကျော် လေ့လာရင် ကမ္ဘာ့အဆင့်မှီ ပုဂ္ဂိုလ်တစ်ယောက် (သို့) ဒီပညာရပ်မှာ တဖက်ကမ်းခတ် ကျွမ်းကျင်တဲ့သူတစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်ပါ။ ကိုယ်သင်ယူရမယ့် အရာတွေကို တကယ်အချိန်ပေးပြီး သင်နေရဲ့လား။
သူများထက် မသာသေးဘူးလို့ထင်နေရင် ကိုယ်သင်ယူတာ နာရီ ၁ထောင်တောင် ရှိရဲ့လား ပြန်မေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ရဲ့ တိုးတက်မှုကို ပံ့ပိုးနိုင်တဲ့ စာအုပ်တွေ ၁ပတ်ကို ၁အုပ်နှုန်းဖတ်ပါ။ အနည်းဆုံး ၁လကို ၁အုပ်တော့ ရအောင်ဖတ်ပါ။ ကိုယ်ဘာတွေကို လေ့လာရမလဲ ဆုံးဖြတ်ပါ။ ပြီးရင် တကယ်လေ့လာပါ။ အခြားသူတွေဆီက သင်ယူစရာရှိရင် သင်ယူပါ။

လူအတော်များများက ဒီလို ရှင်းရှင်းလင်းလင်း မသတ်မှတ်ဘဲ သူများဖတ်တာလိုက်ဖတ်၊ သူများသင်တာလိုက်သင် လုပ်တတ်ကြပါတယ်။ တောထဲကို မြေပုံမပါဘဲ အတင်းရောက်ချင်ဇောနဲ့ ဇွတ်တိုးဝင်နေသလိုပါပဲ။ အခြားလူတွေက မြေပုံအသီးသီးနဲ့ ရှေ့ဆက်သွားလို့ တောနက်လာတဲ့အခါ၊ ကိုယ်က တောထဲမှာပဲ တဝဲလည်လည် ကျန်ခဲ့ပြီး၊ ဘာလုပ်ရမှန်းမသိ၊ ဘာသင်ရမှန်းမသိ၊ ဘယ်သွားရမှန်းမသိ ဖြစ်ကျန်ခဲ့ပါလိမ့်မယ်။ ဒီတော့ ကိုယ်သူပါးထက်သာဖို့ဆို သေသေချာချာ သင်ယူ လေ့လာဖို့ လိုအပ်ပါတယ်။

၃။ ခွန်အားစိုက်ထုတ်ပါ။

ကိုယ်က အခြားလူထက်သာချင်ရင် အခြားလူထက်သာတဲ့ ခွန်အားစိုက်ထုတ်မှုမျိုးရှိရပါမယ်။ ကိုယ်က ဆယ်ဆသာချင်နေရင် ဆယ်ဆခွန်အားစိုက်ထုတ်မှုမျိုးရှိနိုင်ရပါမယ်။ ဆယ်ဆတော့ အောင်မြင်ချင်ပြီး နဂိုအတိုင်းလေးပဲ လုပ်နေရင်တော့ လိုချင်တဲ့ ပန်းတိုင်က ဟိုးအဝေးကြီးမှာပဲ ရှိပါသေးတယ်။ ပန်းတိုင်က ရွေ့သွားတာတော့ မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင်က မရွေ့သေးတာပါ။ တကယ်လုပ်တယ်ဆိုတာ မလိုအပ်တဲ့ အခြား အနှောက်အယှက်တွေကို ဖယ်ရှားတာကိုလည်း ဆိုလိုပါတယ်။ ကိုယ့်အိပ်မက်နဲ့ မဆိုင်တဲ့ အလုပ်တွေလုပ်ခြင်း၊ ပျော်ပါးနေခြင်းတွေဟာလည်း တိုးတက်ဖို့အတွက် အနှောင့်အယှက်တွေပါပဲ။ ဒီနှောင့်ယှက်မှုတွေကို ဂရုတစိုက် ဖယ်ရှားနိုင်ရပါမယ်။ ကိုယ်က သူများအတင်းတွေ၊ သတင်းတွေကို ရှာဖွေ ဖတ်ရှုနေပြီး တိုးတက်အောင်မြင်နေချင်ရင်တော့ ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်က ဒီလို အတင်းတွေ၊ သတင်းတွေ ရှာဖွေ ဖော်ပြဖို့ အတွက်က ဘဝရဲ့ ရည်မှန်းချက်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။



၎။ အကူအညီယူပါ။

ကိုယ်လေ့လာမယ်ဆိုရင် တကယ်လေ့လာလိုက်ပါ။ တကယ်ခွန်အားစိုက်ထုတ်လိုက်ပါ။ ဖြစ်နိုင်ရင် ကိုယ့်ကို သင်ပေးနိုင်တဲ့ ဆရာတွေဆီ ချည်းကပ်ပါ။ နည်းယူပါ။ လေ့ကျင့်ပါ။ ကျွန်တော်တို့မှာ ကိုယ်ဖာသာကိုယ်သင်ယူနိုင်တဲ့ အကန့်အသတ်ဆိုတာ ရှိကြပါတယ်။ ဒီအကန့်အသတ်ရောက်လာရင် ကိုယ့်ဖာသာကိုယ် သင်နေလို့ ဆက်မတိုးတက်နိုင်တော့ပါဘူး။ အခြား သိသူ၊တတ်သူ တွေဆီက အကြံဥာဏ်တောင်းရင်တောင်း၊ တပည့်ခံရင်ခံ လုပ်ရပါမယ်။ ဒီလိုမှ ကျွန်တော်တို့ ဘဝတွေ ခွန်အား စိုက်ထုတ်သလောက် အကျိုးများပြီး သူများတွေထက် သာလွန်မှာပါ။

၅။ ပြောတဲ့အတိုင်း လုပ်ပါ။

ကိုယ် အောင်မြင်အောင် လုပ်မယ်ဆိုရင် အောင်မြင်အောင် တကယ်လုပ်ပါ။ ကိုယ်ဒီစာအုပ်ကို ဖတ်မယ်ဆိုရင် တကယ်ပြီးအောင်ဖတ်ပါ။ ကိုယ်ဒီအလုပ်ကို လုပ်မယ်ဆိုရင် တကယ်ထိထိမိမိဖြစ်အောင် လုပ်ပါ။ ကိုယ်ပြောလိုက်တဲ့ စကားနဲ့ ကိုယ်လုပ်တဲ့ အလုပ်ကို ထပ်တူကျပါစေ။ ဒီလို လုပ်နိုင်ရင် ကိုယ်လည်း ကိုယ့်ကိုယ်ကို အားရကျေနပ်ပြီး စိတ်ပျော်ရွှင်လာပါလိမ့်မယ်။ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ တခုပြီးတခုလုပ်နိုင်ရင် သူတပါးထက် သာလွန်လာပါလိမ့်မယ်။

တခုမှတ်ထားရမှာ ကိုယ့်ရဲ့ အရည်အချင်းနဲ့ အကန့်အသတ်ကို အတိတ်ပေါ်မူတည်ပြီး ပုံမချထားပါနဲ့။ အရင်က မလုပ်ဖူးလို့ မလုပ်တတ်ဘူးဆို အခုလုပ်ကြည့်ပါ။ အရင်က မသင်ဖူးလို့ မသိဘူးဆို အခုသင်ကြည့်ပါ။ ကိုယ်က ဒီ့ထက် ဆက်လက် ဖွံ့ဖြိုးနိုင်ပါတယ်။ ဒါကို မမေ့ပါနဲ့။ ဒီလိုလေး အတွေးထဲရှိထားရင် ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးအောင် ကြံစည်ပါလိမ့်မယ်။ ကြံစည်တဲ့အတိုင်း လိုက်လုပ်နိုင်ရင် တကယ်ဖွံ့ဖြိုးလာပါလိမ့်မယ်၊ တိုးတက်လာပါလိမ့်မယ်။ သူများထက်သာလွန်လာပါလိမ့်မယ်။

ကဲ…ဒီ အချက်လေးတွေ မှတ်သားပြီး ဒီနေ့ပဲ သူတပါးထက် သာလွန်အောင် ကျင့်ပြီး၊ သူတပါးထက် အမြဲခေါင်းတလုံးသာတဲ့သူအဖြစ် ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါတော့ဗျာ။…


Success Upsize




Welcome{ ​HERE } ​GO




Welcome{ ​HERE } ​GO

0 Comments:

Download blog apk


အဆင်ပြေပါစေမိတ်ဆွေ မင်္ဂလာပါ မိတ်ဆွေများကိုကြိုဆိုပါတယ်ခင်ဗျာ

သုတရသနည်းပညာဆော့ဝဲအားဒေါင်းယူရန်-download Apk-ဆိုတဲ့ပုံလေးကိုနှိပ်ပြီးဒေါင်းနိုင်ပါတယ် -၀ါသနာတူဘော်ဒါများကိုကြိုဆိုပါတယ်

ကျွန်တော့်APKလေးကိုဒေါင်းလော့လုပ်ပြီးအားပေးကြပါဦးနော်

ခေါင်းစဉ်ဖြင့်ရှာရန်

"မန်​ကျည်းသီးမှည့်​ပုစွန်​​ခြောက်​​ကြော်​ (1) ၀န်ကြီးဌာနများစုစည်းမှုapk (1) 18 Plus Game (1) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ် (1) ၂၄ပစ္စည်းပဌာန်းအသံထွက်ဆော့ဝဲ (1) ၅၅၀ဇာတ် ၀တ္တုတိုများPDF (1) All Language Translator (1) Amazing (10) Android TV Apk (1) App (47) applaction (31) Article (7) Astrology (1) Aung mobile (1) Blogနည်းပညာ (14) Buddha (99) Cele (6) Cele News (10) Clash of Clan update version (1) Computer (4) Cooking (1) crime (8) Crime News (13) Extras (341) facebook (19) Facebook ဆိုင်ရာနည်းလမ်းများ (2) Fmm broswer (1) Frozen Keyboard Version 3.3 (1) Funny (23) God (439) Google Play store သွင်းရန် (1) Googleအကြောင်းသိကောင်းစရာ (1) Hackingအခြေခံနည်းများစာအုပ် (1) Health (4) html နေ့စွဲထည့်ရန် (1) International News (29) internet download mannanger v6.31 (1) IPhoneအသုံးပြုနည်း (1) Joke (10) Knoledge (9) Knowledge (40) Life Style (11) Local News (113) medical (2) Messenger v-190 (1) MI tta mm font (1) Music (1) Myanmar Fb Guide ဗီဒီယိုဆော့ဝဲTechnology (1) Online ငွေရှာနည်း (5) Oppo MTK Network Unlock Tool (Free) (1) Phone (4) Phone Apk (2) Phonespyapk (1) Play Store App အကောင်းစားတွေကို Download ဆွဲလို့ရတဲ့ Website Apk (1) Recovrey Video Apk (1) Sex Education (3) Sport (4) Tamplate ပြောင်းနည်း (1) Technology (223) telenor call blocker apk (1) Tiktokကိုသုံးပြီးအလန်းစားVideoလေးတွေဖန်းတီးချင်သူတွေအတွက်(9.11.18)ရက်နေ့ထွက် (1) video (5) window 10အသုံးပြုနည်း (1) YouTube အကြောင်းသိကောင်းစရာ (1) Zapya Update (1) Zawgyi Wikipedia apk (1) Zawgyi-Unicode Converter (1) ကဗျာ (1) ကာလာကုတ်ထည့်နည်း (1) ကျန်းမာ​ရေးဗဟုသုတ (6) ကျန်းမာ​ရေး​ဆေးဗဟုသုတ (2) ချက်​နည်းပြုတ်​နည်း (5) ချစ်မှုရေးရာ (2) ငတ်ကြီးကျသူများ (နတ်ရွာမိုး) (1) စာ​ပေဆိုင်​ရာ (3) စိတ်အားငယ်သူဖတ်ဖို့ (1) စိုက်​ပျိုး​ရေး (1) ထူးခြားသတင်း (1) နည်းပညာစာအုပ် ၂၀၁ အုပ် (1) ဗဟုသုတ (12) ဗုဒ္ဓစာ​ပေ (4) ဘာသာပြန်​​ဆောင်းပါး (4) ဘလော့တစ်ခုစတင်ရေးသားနည်း (1) မှတ်သားဖွယ်စာစု (1) မိမိဘလော့ကိုအလွယ်ဆုံးပြုပြင်နည်း (1) မီးမှိတ်ခရာ (1) မြနမာမာဘလော့ကာသမိုင်း (1) မြန်မာစာတန်းထိုး (1) မြန်မာဆေးမြီးတိုများ (1) ရသစာအုပ်များ (1) လင့်ယူနည်းလင့်ချနည်း (1) သမ္ဗုဒေ(၅) မျိုး (1) သီချင်း (1) ဟာသ (1) ဟာသစာအုပ်​များ (1) အခန်းဆက်ဆောင်းပါး (1) အွန်လိုင်းငွေရှာနည်း (1) အားကစားသတင်း (1) အာသောက Apk (1) အိုင်ဒီတင်နည်း (1) ဂေါတမမြတ်စွာဘုရားလက်ထပ်ပုဂ္ဂိုလ်ထူးများ (1) ​ဆောင်းပါး (7) ဘောင်ခတ်ပြီးစာရေးကြမယ် (1) သေနတ်ပစ်ဂိမ်း (1) ဘောလုံး ဆော့ဝဲ (1)

iOS

IPhone

Business

5/Cars/feat-tab

လည်ပတ်ရန်နေရာလေး

Featured

နည်းပညာနှင့်ပတ်သက်သောစာအုပ်များကိုဒေါင်းယူနိုင်ပါသည်

Sponsor

Android

5/Tech/feat-tab

Sample Text

Fashion

5/Cars/feat-tab

Contact Form

Name

Email *

Message *

Footer Widget 2

အသစ်တင်သမျှမေလ်းကရစေရန်မေလ်းလိပ်စာချန်ခဲ့ပေးပါ

ကြော်ငြာထည့်သွင်းလိုပါက

Tags

"မန်​ကျည်းသီးမှည့်​ပုစွန်​​ခြောက်​​ကြော်​ ၀န်ကြီးဌာနများစုစည်းမှုapk 18 Plus Game ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ် ၂၄ပစ္စည်းပဌာန်းအသံထွက်ဆော့ဝဲ ၅၅၀ဇာတ် ၀တ္တုတိုများPDF All Language Translator Amazing Android TV Apk App applaction Article Astrology Aung mobile Blogနည်းပညာ Buddha Cele Cele News Clash of Clan update version Computer Cooking crime Crime News Extras facebook Facebook ဆိုင်ရာနည်းလမ်းများ Fmm broswer Frozen Keyboard Version 3.3 Funny God Google Play store သွင်းရန် Googleအကြောင်းသိကောင်းစရာ Hackingအခြေခံနည်းများစာအုပ် Health html နေ့စွဲထည့်ရန် International News internet download mannanger v6.31 IPhoneအသုံးပြုနည်း Joke Knoledge Knowledge Life Style Local News medical Messenger v-190 MI tta mm font Music Myanmar Fb Guide ဗီဒီယိုဆော့ဝဲTechnology Online ငွေရှာနည်း Oppo MTK Network Unlock Tool (Free) Phone Phone Apk Phonespyapk Play Store App အကောင်းစားတွေကို Download ဆွဲလို့ရတဲ့ Website Apk Recovrey Video Apk Sex Education Sport Tamplate ပြောင်းနည်း Technology telenor call blocker apk Tiktokကိုသုံးပြီးအလန်းစားVideoလေးတွေဖန်းတီးချင်သူတွေအတွက်(9.11.18)ရက်နေ့ထွက် video window 10အသုံးပြုနည်း YouTube အကြောင်းသိကောင်းစရာ Zapya Update Zawgyi Wikipedia apk Zawgyi-Unicode Converter ကဗျာ ကာလာကုတ်ထည့်နည်း ကျန်းမာ​ရေးဗဟုသုတ ကျန်းမာ​ရေး​ဆေးဗဟုသုတ ချက်​နည်းပြုတ်​နည်း ချစ်မှုရေးရာ ငတ်ကြီးကျသူများ (နတ်ရွာမိုး) စာ​ပေဆိုင်​ရာ စိတ်အားငယ်သူဖတ်ဖို့ စိုက်​ပျိုး​ရေး ထူးခြားသတင်း နည်းပညာစာအုပ် ၂၀၁ အုပ် ဗဟုသုတ ဗုဒ္ဓစာ​ပေ ဘာသာပြန်​​ဆောင်းပါး ဘလော့တစ်ခုစတင်ရေးသားနည်း မှတ်သားဖွယ်စာစု မိမိဘလော့ကိုအလွယ်ဆုံးပြုပြင်နည်း မီးမှိတ်ခရာ မြနမာမာဘလော့ကာသမိုင်း မြန်မာစာတန်းထိုး မြန်မာဆေးမြီးတိုများ ရသစာအုပ်များ လင့်ယူနည်းလင့်ချနည်း သမ္ဗုဒေ(၅) မျိုး သီချင်း ဟာသ ဟာသစာအုပ်​များ အခန်းဆက်ဆောင်းပါး အွန်လိုင်းငွေရှာနည်း အားကစားသတင်း အာသောက Apk အိုင်ဒီတင်နည်း ဂေါတမမြတ်စွာဘုရားလက်ထပ်ပုဂ္ဂိုလ်ထူးများ ​ဆောင်းပါး ဘောင်ခတ်ပြီးစာရေးကြမယ် သေနတ်ပစ်ဂိမ်း ဘောလုံး ဆော့ဝဲ
မူပိုင်-စိုးမိုးအောင် (၂၀၁၄ ခုနှစ်မှစတင်၍ဝါသနာအရရေးသားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်ပြန်လည်ရေးသားခဲ့ပါသည် . Powered by Blogger.

slider

Sma

Ads

,

Ads

Total Pageviews

Post Top Ad

LightBlog

Blog Archive

Post Top Ad

ကြော်ငြာလေးတချက်ကလစ်ပေးပါနော်

Music

2/Music/grid-big

နိုင်ငံတကာသတင်း

Breaking

Technology

3/Tech/feat-grid

Facebook မှလည်းဖတ်ရှု့နိုင်ပါတယ်

Random Posts

Recent Posts

ယနေ့ငွေကြေးဈေးကွက်

Breaking News

Extra Ads

AD BANNER

Followers

,


လာရောက်လည်ပတ်သူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ

ဘလော့နည်းပညာများလေ့လာရန်

Create your own banner at mybannermaker.com!

Sma

Labels

God (439) Extras (341) Technology (223) Local News (113) Buddha (99) App (47) Knowledge (40) applaction (31) International News (29) Funny (23) facebook (19) Blogနည်းပညာ (14) Crime News (13) ဗဟုသုတ (12) Life Style (11) Amazing (10) Cele News (10) Joke (10) Knoledge (9) crime (8) Article (7) ​ဆောင်းပါး (7) Cele (6) ကျန်းမာ​ရေးဗဟုသုတ (6) Online ငွေရှာနည်း (5) video (5) ချက်​နည်းပြုတ်​နည်း (5) Computer (4) Health (4) Phone (4) Sport (4) ဗုဒ္ဓစာ​ပေ (4) ဘာသာပြန်​​ဆောင်းပါး (4) Sex Education (3) စာ​ပေဆိုင်​ရာ (3) Facebook ဆိုင်ရာနည်းလမ်းများ (2) Phone Apk (2) medical (2) ကျန်းမာ​ရေး​ဆေးဗဟုသုတ (2) ချစ်မှုရေးရာ (2) "မန်​ကျည်းသီးမှည့်​ပုစွန်​​ခြောက်​​ကြော်​ (1) 18 Plus Game (1) All Language Translator (1) Android TV Apk (1) Astrology (1) Aung mobile (1) Clash of Clan update version (1) Cooking (1) Fmm broswer (1) Frozen Keyboard Version 3.3 (1) Google Play store သွင်းရန် (1) Googleအကြောင်းသိကောင်းစရာ (1) Hackingအခြေခံနည်းများစာအုပ် (1) IPhoneအသုံးပြုနည်း (1) MI tta mm font (1) Messenger v-190 (1) Music (1) Myanmar Fb Guide ဗီဒီယိုဆော့ဝဲTechnology (1) Oppo MTK Network Unlock Tool (Free) (1) Phonespyapk (1) Play Store App အကောင်းစားတွေကို Download ဆွဲလို့ရတဲ့ Website Apk (1) Recovrey Video Apk (1) Tamplate ပြောင်းနည်း (1) Tiktokကိုသုံးပြီးအလန်းစားVideoလေးတွေဖန်းတီးချင်သူတွေအတွက်(9.11.18)ရက်နေ့ထွက် (1) YouTube အကြောင်းသိကောင်းစရာ (1) Zapya Update (1) Zawgyi Wikipedia apk (1) Zawgyi-Unicode Converter (1) html နေ့စွဲထည့်ရန် (1) internet download mannanger v6.31 (1) telenor call blocker apk (1) window 10အသုံးပြုနည်း (1) ကဗျာ (1) ကာလာကုတ်ထည့်နည်း (1) ငတ်ကြီးကျသူများ (နတ်ရွာမိုး) (1) စိတ်အားငယ်သူဖတ်ဖို့ (1) စိုက်​ပျိုး​ရေး (1) ထူးခြားသတင်း (1) နည်းပညာစာအုပ် ၂၀၁ အုပ် (1) ဘလော့တစ်ခုစတင်ရေးသားနည်း (1) မိမိဘလော့ကိုအလွယ်ဆုံးပြုပြင်နည်း (1) မီးမှိတ်ခရာ (1) မှတ်သားဖွယ်စာစု (1) ရသစာအုပ်များ (1) လင့်ယူနည်းလင့်ချနည်း (1) သမ္ဗုဒေ(၅) မျိုး (1) သီချင်း (1) ဟာသ (1) ဟာသစာအုပ်​များ (1) အခန်းဆက်ဆောင်းပါး (1) အာသောက Apk (1) အားကစားသတင်း (1) အိုင်ဒီတင်နည်း (1) အွန်လိုင်းငွေရှာနည်း (1) ဂေါတမမြတ်စွာဘုရားလက်ထပ်ပုဂ္ဂိုလ်ထူးများ (1) ဘောင်ခတ်ပြီးစာရေးကြမယ် (1) သေနတ်ပစ်ဂိမ်း (1) ဘောလုံး ဆော့ဝဲ (1) မြနမာမာဘလော့ကာသမိုင်း (1) မြန်မာစာတန်းထိုး (1) မြန်မာဆေးမြီးတိုများ (1) ၀န်ကြီးဌာနများစုစည်းမှုapk (1) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ် (1) ၂၄ပစ္စည်းပဌာန်းအသံထွက်ဆော့ဝဲ (1) ၅၅၀ဇာတ် ၀တ္တုတိုများPDF (1)

မိတ်ဆွေတို့ရဲ့စကားသံများ

အားပေးမှုကိုမှတ်တမ်းတင်ထားပါတယ်ခင်ဗျာ

Sports

3/Sports/col-left

Recent Comments

Technology

3/Technology/col-right

Box

နေ့တိုင်းလာလည်ဖို့ဖိတ်ခေါ်ပါတယ် ရှာဖွေတွေ့ရှိသမျှလေးတွေ, သတင်း, သုတ, ရသ, နည်းပညာများကိုတင်ဆက်ပေးသွားပါ့မယ် အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်

Popular Posts

slider